သူမကိုတောထဲမှာဘဝပျက်နေပြီလို့သတင်းမှားတွေဖြန့်ကာဝေဖန်နေကြတဲ့အပေါ် ပြတ်ပြတ်သားသားတုန့်ပြန်လိုက်တဲ့ထားထက်ထက်
ပရိတ်သတ်ကြီးရေမော်ဒယ်သရုပ်ဆောင်မင်းသမီးချောလေးထားထက်ထက်ဟာဆိုရင်ပရိတ်သတ်ရဲ့ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့အနုပညာရှင်မင်းသမီချောလေးတစ်ယောက်ပဲဖြဟ်ပါတယ်နော်။ထားထက်ထက်ဟာဆိုရင်ယခုလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီးဖေဖော်ဝါရီလ အစပိုင်းမှစတင်ပြီးလှုထုလှုပ်ရှားမှုမှာပါဝင်လာတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။အခုလိုပါဝင်ခဲ့တဲ့အတွက်လည်းပုဒ်မ၅၀၅(က)ဖြင့်တရားစွဲဆိုအရေးယူခံထားရတာဖြစ်ပါတယ်။ဒါ့ကြောင့်ဘေးကင်းရာသို့တိမ်းရှောင်ရင်းပြည်သူတွေရဲ့အန္တရာယ်တွေကိုရှေ့ဆုံးကနေကာကွယ်ရန် တတ်နိုင်သလောက်ကြိုးစားနေသူဖြစ်ပါတယ်။
လက်ရှိမှာတော့လွတ်မြောက်နယ်မြေတစ်နေရာတွင်တော်လှန်ရေးအတွက်စစ်သင်တန်းတက်ရောက်သင်ကြားနေတာဖြစ်ပါတယ်။သူမရောက်ရှိနေသောနေရာတွင်စားနပ်ရိက္ခာလိုအပ်မှုများရှိနေတာကြောင့်တတ်နိုင်သမျှပါဝင်လှူဒါန်းပေးကြဖို့ကိုလည်းအမြဲတိုက်တွန်းနေတာလည်းဖြစ်ပါတယ်။အခုရက်ပိုင်းတွေမှာထားထက်ထက်ဟာနိူင်ငံခြားကအင်တာဗျူးတစ်ခုကိုဖြေဆိုခဲ့ပြီး၊ထိုအင်တင်ဗျူးနဲ့ပတ်သတ်ပြီးမလိုလားသူတွေကမဟုတ်မမှန်ရေးသားပြောဆိုနေကြတာကိုတွေ့လာရပါတယ်။ထိုသိုရေးသားခဲ့အကြောင်းအရာအပေါ်မှာထားထက်ထက်ဟာပြန်လည်ဖြေရှင်းခဲ့ဖြစ်ပါတယ်နော်။
ထားထက်ထက်ကကျွန်မထားထက်ထက် ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါလုံခြုံစွာရှိနေပါတယ်ရှင်ကျွန်မရဲ့သတင်းတခုခုတက်လာတဲဲ့အခါတိုင်းတဖက်ကရည်ရွယ်ချက်ရှိရှိနဲ့ သတင်းအမှားဖြန့်ပြီးကျွန်မရဲ့သိက္ခာနဲ့အများရဲ့သိက္ခာကိုတိုက်ခိုက်နေကြတာမြင်တွေ့ရပါတယ်ကျွန်မရဲ့နိုင်ငံတကာကအင်တာဗျူးထဲမှပုံအချို့ကို SS ရိုက်၊ English လို video နဲ့ဖြေထားတာကိုနားမလည်ကိုယ်နဲ့ခိုင်းနှိုင်းပြီးရိုင်းစိုင်းစွာသတင်းပုံဖျက်တိုက်ခိုက်မှုတွေကိုဒီရက်ပိုင်းတွေမှာတော်တော်များများတွေ့လာရတဲ့အခါစိတ်ဓါတ်အလွန်ယုတ်ညံ့တဲ့လူတွေနဲ့ကျွန်မတို့တွေရင်ဆိုင်နေရပါလားလို့ပိုပြီးသတိထားမိပါတယ်ရှင်တိုင်းရင်းသားတွေရဲ့ရိုးဖြောင့်မှုသစ္စာရှိမှု မိသားစုစိတ်ရှိမှုတွေကိုပုံဖျက်ဖို့ကြိုးစားနေတာကိုရပ်တန့်ဖို့သင့်ပြီလို့ထင်ပါတယ်။
ကျွန်မဒီဒေသမှာနေထိုင်လာခဲ့တာလအတော်ကြာလာတဲ့အချိန်အထိစော်ကားခံရဖို့မဆိုထားနဲ့ ထိကပါးရိကပါးပြောဆိုခံရမှုတောင်မရှိပါဘူးရှင်တချို့ဆိုကျွန်မအကိုကြီးအရွယ်တချို့ဆိုကျွန်မရဲ့မောင်ငယ်တွေအရွယ်တွေပါသူတို့အားလုံးရဲ့ ဖြူစင်တဲ့မေတ္တာစစ်စစ်ကိုခံစားရပါတယ်ရှင် သူတို့မှာတင်းကျပ်တဲ့စစ်စည်းကမ်းတွေရှိတာကြောင့်လဲဖြစ်နိုင်ပါတယ်သူတို့မှာသူတို့ရဲ့အမျိုးဂုဏ်ကိုထိန်းသိမ်းနေတာကြောင့်လဲဖြစ်နိုင်ပါတယ်သူတို့ဟာလူယောက်ျားတယောက်ရဲ့ကိုယ်ကျင့်သိက္ခာကိုထိန်းသိမ်းကြတာလဲဖြစ်နိုင်ပါတယ်။သေချာတာကတော့တဖက်ကကိုယ့်စိတ်နဲ့နှိုင်းပြီးသတင်းမှားဖော်ပြနေကြတဲ့လူတွေပြောသလိုမဟုတ်ကြတာတော့အမှန်ပါပဲရှင်ကျွန်မသည်အမှန်တရားအပေါ် မြတ်နိုးမှုရှိလို့ကျွန်မယုံကြည်မှုနဲ့တော်လှန်ရေးလမ်းကိုလျှောက်ခဲ့ပါတယ်။
ယနေ့အထိကျွန်မအပေါ် စခန်းမှတိုင်းရင်းသား ရဲဘော်ရဲဘက်များသည်နှုတ်အားဖြင့်တောင် အိန္ဒြေပျက်အောင်စနောက်ခဲ့ခြင်းများမရှိခဲ့သည်ကို တောစောင့်နတ်၊တောင်စောင့်နတ်များသက်သေထား၍ကျွန်မသစ္စာဆိုပါတယ်ရှင်ကျွန်မနှင့်တိုင်းရင်းသားရဲဘော်ရဲဘက်များ၏ဖြူစင်သောညီအကိုမောင်နှမစိတ်သစ္စာမှန်ကန်ပါကဤတောဤတောင်ဤရေမြေတွင်ကျွန်မတို့အားစွပ်စွဲသိက္ခာချသူအပေါင်းတို့စစ်ရှုံးပါစေသား။
တောစောင့်တောင်စောင့်နတ်အပေါင်းတို့၏ပြစ်ဒါဏ်ခတ်မှုကြောင့်ဤမြေဤရေဤတောတောင်တို့တွင်မမှန်မကန်စွပ်စွဲသိက္ခာချခဲ့သည့် တပ်ဖွဲ့ဝင်များအားလုံးဘေးဆိုးအမျိုးမျိုးယသင့်ပါစေသားထားထက်ထက်June 5 2021 ဆိုပြီးသူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်။
Credit