Cele News

ရုပ်ရှင်အစည်းအရုံး ယာယီဥက္ကဌ တာဝန်မှ နှုတ်ထွက်ခွင့်ပြုရန် ခန့်စည်သူ တောင်းဆို

ရုပ်ရှင်အစည်းအရုံးယာယီဥက္ကဌတာဝန်မှနှုတ်ထွက်ခွင့်ပြုရန်ခန့်စည်သူတောင်းဆို

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏အမှုဆောင်သစ်များရွေးချယ်တင်မြှောက်ရန်အတွက်ရွေးကောက်ပွဲကော်မရှင်ကိုနာယကကြီးများဖြင့် ဖွဲ့စည်းခဲ့ပြီး၊လက်ရှိအမှုဆောင်အဖွဲ့တွင် လစ်လပ်နေသောဥက္ကဋ္ဌတာဝန်ကိုနာယကကြီးများ၏ကွပ်ကဲမှုဖြင့်ရွေးချယ်ခဲ့ရာသရုပ်ဆောင် ခန့်စည်သူအားဥက္ကဋ္ဌအဖြစ်ရွေးချယ် တင်မြှောက်ခဲ့ကြတယ်လို့သိရပါတယ်။

သရုပ်ဆောင်ခန့်စည်သူရုပ်ရှင်အစည်းအရုံးဥက္ကဌဖြင့်တာဝန်ယူပြီးနောက်ပိုင်းအစည်းအရုံးအဖွဲ့ဝင်အဖြစ်မှ ဒါရိုတ်တာ၊သရုပ်​ဆောင်ပေါင်းများစွာနှုတ်ထွက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒီကနေ့မှာတော့သရုပ်ဆောင်ခန့်စည်သူကရုပ်ရှင်အစည်းအရုံးယာယီဥက္ကဌတာဝန်မှနှုတ်ထွက်ခွင့်ပြုရန်တောင်းဆိုလိုက်တာဘဲဖြစ်ပါတယ်။

Zawgyi Version




Credit