Cele News

ဦးဇင်ဝိုင်းပြောပြတဲ့ အင်းစိန်ထောင်အတွင်းမှ အနုပညာရှင်များရဲ့ နောက်ဆုံးအခြေအနေ

ဦးဇင်ဝိုင်းပြောပြတဲ့အင်းစိန်ထောင်အတွင်းမှအနုပညာရှင်များရဲ့နောက်ဆုံးအခြေအနေ

မနေ့ကဦးဇင်ဝိုင်းပြန်လည်လွတ်မြောက်ပြီဖြစ်ကြောင်းအိမ်ပြန်ရောက်ကြောင်းသိရပါတယ်။ဦးဇင်ဝိုင်းရဲ့ဖေ့ဘွတ်စ်အကောင့်ဖြစ်တဲ့ Htay Lwin အကောင့်မှာလည်းကျနော်အိမ်ပြန်ရောက်ပါပြီလို့ရေးသားထားတာတွေ့ ရပါတယ်။သားဖြစ်သူမင်းမော်ကွန်းရဲ့အကောင့်မှာလည်းယနေ့ဇွန်လ၇ရက်မနက်ပိုင်းမှာအင်းစိန်ထောင်မှ ဖခင်ဖြစ်သူဦးဇင်ဝိုင်းပြန်လည်လွတ်မြောက်လာကြောင်းဝမ်းသာအားရနဲ့ပြောပြလာပါတယ်။

ထိုနောက်ဦးဇင်ဝိုင်းနဲ့အတူဖမ်းစီးခံထားရသည့် သရုပ်ဆောင်ပြေတီဦးဟာအင်းစိန်သီးသန့်ထောင်အဆောင်၂အခန်း၆ မှာရောက်ရှိနေပြီးသုံးရက်လောက်ရှိပြီဖြစ်တယ်လို့ဆိုပါတယ်။သရုပ်ဆောင်ရဲတိုက်တို့ပိုင်တံခွန်တို့နဲ့အတူတူထားရှိထားတာလို့သိရပါတယ်။သရုပ်ဆောင်လူမင်းကိုတော့အင်းစိန်ထောင်မကြီးရဲ့အဆောင်၂မှာထားထားတယ်လို့ဆိုပါတယ်။သရုပ်ဆောင်အိန္ဒြာကျော်ဇင်၊မေတိုးခိုင်၊အဆိုတော်ပိုပို၊ beau ty blogger ဝင်းမင်းသန်းတို့ကိုတော့ အမျိုးသမီးစာသင်ဆောင်မှာထားရှိထားတယ်လို့ ထောင်တာဝန်ရှိသူတွေဆီကနေသိရှိရပါတယ်။သရုပ်ဆောင်ပြေတီဦး၊အိန္ဒြာကျော်ဇင်၊မေတိုးခိုင်တို့ ၃ ဦးအားပုဒ်မ၅၀၅(က)ဖြင့်တရားစွဲဆိုဖမ်းဆီးထားသောအမှုအားသက်ဆိုင်ရာရဲစခန်းမှတရားရုံးသို့ယနေ့တွင်အမှုစွဲတင်ခဲ့ကြောင်းသိရသည်။

ပိုင်တံခွန်၏ရှေ့နေဖြစ်သူဥပဒေအကြံပေးဦးခင်မောင်မြင့်ကဒီနေ့ရုံးတင်တရားစွဲတာပါ။ပြေတီဦး၊အိန္ဒြာကျော်ဇင်၊မေတိုးခိုင်အမှုက သက်ဆိုင်ရာရဲစခန်းကနေဒီနေ့မှအမှုကိုစွဲတင် တာပေါ့ဟုပြောသည်။ထို့ပြင် ၅၀၅ (က)ဖြင့် တရားစွဲဆိုဖမ်းဆီးခံထားရသည့်မော်ဒယ် သရုပ်ဆောင်ပိုင်တံခွန်၏အမှုအားတရားရုံးစွဲတင်ခဲ့သည့်မေလ၄ရက်မှစတင်ကာရက်ပေါင်း ၁၈၀အတွင်းအပြီးလုပ်ဆောင်သွားမည်ဟုမေလ၂၆ရက်တွင်ပြုလုပ်ခဲ့သည့်မှုခင်းစီမံခန့်ခွဲမှုအပြီးအစည်းအဝေး၌ဆုံးဖြစ်ခဲ့ကြကြောင်းပြောသည်။ဦးခင်မောင်မြင့်ကတဖက်ကစစ် ဆေးမယ့်ဥပဒေအရာရှိရယ်တရားသူကြီးရယ်ကျနော်တို့ရယ်ပေါ့။

အဲဒီတော့ကျနော်တို့ကအဲဒီအမှုကိုရိုးရှင်းတဲ့အမှုလို့သတ်မှတ်ပြီးတော့တရားရုံးစွဲတင်တဲ့နေ့ မေလ ၄ ရက်ကနေရက်ပိုင်း၁၈၀အတွင်းအပြီးစစ်ဆေးဖို့ဆုံးဖြတ်ပြီးဖြစ်ပါတယ်။လာမယ့်ဇွန်လ၉ရက်မှာတရားလိုဒုရဲမှူးမျိုးမြင့်အောင်ကို ကိုင်တွယ်မှာဖြစ်ပါတယ်။ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တရားရုံးမှာပဲစစ်မှာပါဟုပြောသည်။ပရိတ်သတ်ကြီးလည်းဦးဇင်ဝိုင်းလိုကျန်ရှိနေတဲ့ သရုပ်ဆောင်တွေအမြန်လွှတ်မြောက်ကြပါစေလို့ ဆုတောင်းမေတ္တာပို့ပေးပါအုန်းနော်။

Zawgyi Version

ဦးဇင္ဝိုင္းရဲ႕ေဖ့ဘြတ္စ္အေကာင့္ျဖစ္တဲ့ Htay Lwin အေကာင့္မွာလည္းက်ေနာ္အိမ္ျပန္ေရာက္ပါၿပီလို႔ေရးသားထားတာေတြ႕ ရပါတယ္။သားျဖစ္သူမင္းေမာ္ကြန္းရဲ႕အေကာင့္မွာလည္း ယေန႕ဇြန္လ၇ရက္မနက္ပိုင္းမွာအင္းစိန္ေထာင္မွ ဖခင္ျဖစ္သူဦးဇင္ဝိုင္းျပန္လည္လြတ္ေျမာက္လာေၾကာင္းဝမ္းသာအားရနဲ႕ေျပာျပလာပါတယ္။

ထိုေနာက္ဦးဇင္ဝိုင္းနဲ႕အတူဖမ္းစီးခံထားရသည့္ သ႐ုပ္ေဆာင္ေျပတီဦးဟာအင္းစိန္သီးသန့္ေထာင္အေဆာင္ ၂အခန္း ၆ မွာေရာက္ရွိေနၿပီးသုံးရက္ေလာက္ရွိၿပီျဖစ္တယ္လို႔ဆိုပါတယ္။သ႐ုပ္ေဆာင္ရဲတိုက္တို႔ပိုင္တံခြန္တို႔နဲ႕အတူတူထားရွိထားတာလို႔သိရပါတယ္။သ႐ုပ္ေဆာင္လူမင္းကိုေတာ့အင္းစိန္ေထာင္မႀကီးရဲ႕အေဆာင္ ၂ မွာထားထားတယ္လို႔ဆိုပါတယ္။သ႐ုပ္ေဆာင္ အိႏၵျာေက်ာ္ဇင္၊ေမတိုးခိုင္၊အဆိုေတာ္ပိုပို၊ beau ty blogger ဝင္းမင္းသန္းတို႔ကိုေတာ့ အမ်ိဳးသမီးစာသင္ေဆာင္မွာထားရွိထားတယ္လို႔ ေထာင္တာဝန္ရွိသူေတြဆီကေနသိရွိရပါတယ္။သ႐ုပ္ေဆာင္ေျပတီဦး၊အိႏၵျာေက်ာ္ဇင္၊ေမတိုးခိုင္တို႔ ၃ ဦးအားပုဒ္မ၅၀၅(က)ျဖင့္တရားစြဲဆို ဖမ္းဆီးထားေသာအမႈအားသက္ဆိုင္ရာရဲစခန္းမွ တရား႐ုံးသို႔ယေန႕တြင္အမႈစြဲတင္ခဲ့ေၾကာင္းသိရသည္။

ပိုင္တံခြန္၏ေရွ႕ေနျဖစ္သူဥပေဒအႀကံေပးဦးခင္ေမာင္ျမင့္ကဒီေန႕႐ုံးတင္တရားစြဲတာပါ။ေျပတီဦး၊အိႏၵျာေက်ာ္ဇင္၊ေမတိုးခိုင္အမႈက သက္ဆိုင္ရာရဲစခန္းကေနဒီေန႕မွအမႈကိုစြဲတင္ တာေပါ့ဟုေျပာသည္။ထို႔ျပင္ ၅၀၅ (က)ျဖင့္ တရားစြဲဆိုဖမ္းဆီးခံထားရသည့္ေမာ္ဒယ္ သ႐ုပ္ေဆာင္ပိုင္တံခြန္၏အမႈအားတရား႐ုံးစြဲတင္ခဲ့သည့္ေမလ ၄ ရက္မွစတင္ကာရက္ေပါင္း ၁၈၀အတြင္းအၿပီးလုပ္ေဆာင္သြားမည္ဟုေမလ ၂၆ ရက္တြင္ျပဳလုပ္ခဲ့သည့္မႈခင္းစီမံခန့္ခြဲမႈအၿပီးအစည္းအေဝး၌ဆုံးျဖစ္ခဲ့ၾကေၾကာင္း ေျပာသည္။

အဲဒီေတာ့က်ေနာ္တို႔ကအဲဒီအမႈကိုရိုးရွင္းတဲ့အမႈလို႔သတ္မွတ္ၿပီးေတာ့တရား႐ုံးစြဲတင္တဲ့ေန႕ ေမလ ၄ ရက္ကေနရက္ပိုင္း ၁၈၀အတြင္းအၿပီး စစ္ေဆးဖို႔ဆုံးျဖတ္ၿပီးျဖစ္ပါတယ္။

Credit