မြန်မာ့အရေးအတွက်သက်စွန့်ဆံဖျားကြိုးစားနေသူဖြစ်လို့ တောင်ကိုရီးယားကချီးမြှင့်တဲ့ဂုဏ်ထူးဆောင်ဆုကိုရရှိသွားတဲ့ဒေါက်တာတေဇာဆန်း
ဒေါက်တာတေဇာဆန်းကတော့မြန်မာနိုင်ငံရဲ့နွေဦးတော်လှန်ရေးမှာပထမဆုံးလမ်းပေါ်ထွက်ပြီးရဲရဲဝင့်ဝင့်ဆန္ဒထုတ်ဖော်ခဲ့သူတစ်ဦးဖြစ်ပါတယ်။လူထုလှုပ်ရှားမှုပွဲတွေမှာဦးဆောင်ပါဝင်ခဲ့တဲ့ကိုတေဇာဆန်းကအန္တရာယ်တွေကြားကနေကိုယ့်နိုင်ငံအရေးအတွက်ကြိုးပမ်းအားထုတ်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်တောင်ကိုရီးယားနိုင်ငံကကိုတေဇာဆန်းရဲ့စိတ်ဓာတ်နဲ့လုပ်ဆောင်ချက်တွေကိုအသိအမှတ်ပြုပြီးယဇွန်အရေးအခင်းဂုဏ်ထူးဆောင်ဘွဲ့ကိုချီးမြှင့်လိုက်တာဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ဇွန်အရေးအခင်းနှစ်ပတ်လည်နေ့အခမ်းအနားကိုယနေ့ဇွန်လ(၁၀)ရက်နေ့၊မနက်(၁၁)နာရီခန့်ကဂျောလာပြည်နယ်၊မုတ်ဖိုမြို့ရှိပြည်နယ်ဝန်ကြီးချုပ်ရုံး အရှေ့မြက်ခင်းပြင်မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီပွဲကိုတော့တောင်ကိုရီးယားနိုင်ငံရဲ့ပြည်နယ်ဝန်ကြီးချုပ်၊မြို့တော်ဝန်၊ပြည်နယ် ပညာရေးမှူး၊ဒီမိုကရေစီခေါင်းဆောင်များ၊အဖွဲ့အစည်းများနဲ့ဂုဏ်သရေရှိလူကြီးများတက်ရောက်ခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာမြန်မာနိုင်ငံအရေးအတွက်ကြိုးစားပေးနေတဲ့ဒေါက်တာတေဇာဆန်းကိုဇွန်အရေးအခင်းဂုဏ်ထူးဆောင်ဆုချီးမြှင့်ခဲ့တာဖြစ်ပြီးကိုဇော်မိုးအောင်(ဥက္ကဌ၊ကိုရီးယားမြန်မာပူးတွဲလုပ်ဆောင်ရေးအဖွဲ့)ကကိုယ်စားလက်ခံရယူပေးခဲ့တာဖြစ်ပါတယ်။ကိုတေဇာဆန်းကတော့သူ့ကိုအခုလိုအသိအမှတ်ပြုပြီးဆုချီးမြှင့်ပေးတဲ့တောင်ကိုရီးယားနိုင်ငံအတွက်ဗီဒီယိုဖိုင်နဲ့အတူကျေးဇူးတင်စကားပြောခဲ့တာဖြစ်ပါတယ်။ကိုတေဇာဆန်းရဲ့ကျေးဇူးတင်စကားကိုကိုဇော်မိုးအောင်(ကိုရီးယား)ကတစ်ဆင့်ဖတ်ကြားပေးခဲ့တာပဲဖြစ်ပါတယ်။
Zawgyi Version
ေဒါက္တာေတဇာဆန္းကေတာ့ျမန္မာနိုင္ငံရဲ႕ႏြေဦးေတာ္လွန္ေရးမွာပထမဆုံးလမ္းေပၚထြက္ၿပီး ရဲရဲဝင့္ဝင့္ဆႏၵထုတ္ေဖာ္ခဲ့သူတစ္ဦးျဖစ္ပါတယ္ ။လူထုလႈပ္ရွားမႈပြဲေတြမွာဦးေဆာင္ပါဝင္ခဲ့တဲ့ကိုေတဇာဆန္းကအႏၱရာယ္ေတြၾကားကေနကိုယ့္နိုင္ငံအေရးအတြက္ႀကိဳးပမ္းအားထုတ္ခဲ့တာလည္းျဖစ္ပါတယ္။ဒါေၾကာင့္ေတာင္ကိုရီးယားနိုင္ငံကကိုေတဇာဆန္းရဲ႕စိတ္ဓာတ္နဲ႕ လုပ္ေဆာင္ခ်က္ေတြကိုအသိအမွတ္ျပဳၿပီး ယဇြန္အေရးအခင္းဂုဏ္ထူးေဆာင္ဘြဲ႕ကိုခ်ီးျမႇင့္လိုက္တာျဖစ္ပါတယ္။
ေတာင္ကိုရီးယားနိုင္ငံရဲ႕ဇြန္အေရးအခင္း ႏွစ္ပတ္လည္ေန႕အခမ္းအနားကိုယေန႕ဇြန္လ (၁၀)ရက္ေန႕၊မနက္(၁၁)နာရီခန့္ကေဂ်ာလာျပည္နယ္၊မုတ္ဖိုၿမိဳ႕ရွိျပည္နယ္ဝန္ႀကီးခ်ဳပ္႐ုံး အေရွ႕ျမက္ခင္းျပင္မွာက်င္းပျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ဒီပြဲကိုေတာ့ေတာင္ကိုရီးယားနိုင္ငံရဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ၿမိဳ႕ေတာ္ဝန္၊ျပည္နယ္ ပညာေရးမႉး၊ဒီမိုကေရစီေခါင္းေဆာင္မ်ား၊အဖြဲ႕အစည္းမ်ားနဲ႕ဂုဏ္သေရရွိလူႀကီးမ်ားတက္ေရာက္ခဲ့တာျဖစ္ပါတယ္။
ဒီပြဲမွာျမန္မာနိုင္ငံအေရးအတြက္ႀကိဳးစားေပးေနတဲ့ေဒါက္တာေတဇာဆန္းကိုဇြန္အေရးအခင္း ဂုဏ္ထူးေဆာင္ဆုခ်ီးျမႇင့္ခဲ့တာျဖစ္ၿပီးကိုေဇာ္မိုးေအာင္(ဥကၠဌ၊ကိုရီးယားျမန္မာပူးတြဲလုပ္ေဆာင္ေရးအဖြဲ႕)ကကိုယ္စားလက္ခံရယူေပးခဲ့တာျဖစ္ပါတယ္။ကိုေတဇာဆန္းကေတာ့သူ႕ကိုအခုလို အသိအမွတ္ျပဳၿပီးဆုခ်ီးျမႇင့္ေပးတဲ့ေတာင္ကိုရီးယားနိုင္ငံအတြက္ဗီဒီယိုဖိုင္နဲ႕အတူေက်းဇူးတင္စကားေျပာခဲ့တာျဖစ္ပါတယ္။ကိုေတဇာဆန္းရဲ႕ ေက်းဇူးတင္စကားကိုကိုေဇာ္မိုးေအာင္(ကိုရီးယား) ကတစ္ဆင့္ဖတ္ၾကားေပးခဲ့တာပဲျဖစ္ပါတယ္ ။
Credit