ပရိသတ်တွေမသိကြသေးတဲ့ကလေးဘဝတုန်းကပြေတီဦးနဲ့ပတ်သက်တဲ့အဖြစ်အပျက်တစ်ခုကိုထုတ်ပြောပြလိုက်တဲ့ပြေတီဦးရဲ့ညီမငွေတီဦး
ပရိသတ်ကြီးရေသရုပ်ဆောင်ပြေတီဦးကတော့ လက်ရှိအင်းစိန်ထောင်ထဲမှာရောက်ရှိနေတာဖြစ်ပါတယ်နော်။ပြေတီဦးရဲ့မိဘများဟာ အသက်အရွယ်ကြီးမြင့်နေပြီဖြစ်တာကြောင့် သားအတွက်စိတ်ပူနေကြတာလည်းဖြစ်ပါတယ်နော်။မနေ့ကအူဝဲလွတ်လာပြီဆိုပြီးသတင်းတွေ ထွက်ခဲ့ပေမယ့်ကောလဟာလတွေသာဖြစ်တယ်လို့လည်းမိသားစုဝင်များမှပြန်ဖြေရှင်းထားတာပါနော်။ပြေတီဦးတွင်အကြီးဆုံးအစ်မဆွီတီဦးနဲ့အငယ်ဆုံးညီမလေးငွေတီဦးဆိုပြီးရှိပါသေးတယ်နော်။ ငွေတီဦးကတော့ပြေတီဦးရဲ့ကလေးဘဝကအမှတ်တရတစ်ခုကိုပြောပြလာပါပြီနော်။သူတို့ငယ်ငယ်တုန်းကမောင်နှမနှစ်ယောက်အရမ်းချစ်ခဲ့ကြတာကိုလည်းဖတ်ရှုပေးကြပါဦးနော်။
ငယ်ငယ်တုန်းကသူဆုယူရင်ဘေးကလိုက်ပီးသူရတဲ့ဆုတွေလိုက်သယ်ရတယ်ကြီးတော့သူ့ကိုပေးတဲ့ပန်းတွေလိုက်သယ်ရပြန်ရောမေမေတစ်လတစ်ခါရန်ကုန်သွားရင်မေမေ့ကိုလွမ်းရင်း မောင်နှမနှစ်ယောက်တည်းကျန်ခဲ့တဲ့အချိန်တွေကိုသတိရမိတယ်အဲ့တုန်းကကိုယ်က သူငယ်တန်းတောင်မရောက်သေးတဲ့လက်ဖက်မစားကွမ်းမစားအပျော်တက်တုန်းဆရာကြီးရယ်ကိုကြီးမျက်နှာလေးကြည့်ပါရစေဆိုပြီးသူ့အတန်းကိုသွားချောင်းခဲ့ရဘူးတယ်သူကလည်းမေမေ့ကိုလွမ်းလို့မျက်ရည်တွေတွေကျတော့ဆရာမကဘာဖြစ်လို့လဲမေးတာပေါ့မေမေ့ကိုလွမ်းလို့ဆိုတော့မေမေသွားတာညီမလေးရောပါလားဆိုပြီးဆရာမကသူ့ကိုမေးတယ်ဟင့်အင်းညီမလေးလည်းမပါဘူးဆိုတော့။
ညီမလေးကိုတောင်ထားခဲ့တာမင်းကငိုနေစရာလားဆိုပီးဇာတ်ပိုးကိုရိုက်လိုက်တာနှဖူးနဲ့ခုံစောင်းနဲ့ရိုက်မိလို့ဒဏ်ရာရပါရောဒဏ်ရာနဲ့ပြန်လာတဲ့သားကိုမြင်ပြီးဖေဖေကဒေါသထွက်ရောပေါ့ဒီလောက်တောင်လုပ်ရလားဆိုပီး ဆရာမကိုစိတ်တိုတာပါဘာရယ်မဟုတ်ဘူးမန်မိုရီပြန်တက်လာတော့ငယ်ငယ်တုန်းကအကြောင်းတွေခေါင်းထဲပြန်ရောက်လာလို့လို့ငွေတီဦးမှရေးထားပါတယ်ပရိသတ်ကြီးရေ။
Zawgyi Version
ပရိသတ္ႀကီးေရသ႐ုပ္ေဆာင္ေျပတီဦးကေတာ့ လက္ရွိအင္းစိန္ေထာင္ထဲမွာေရာက္ရွိေနတာျဖစ္ပါတယ္ေနာ္။ေျပတီဦးရဲ႕မိဘမ်ားဟာ အသက္အ႐ြယ္ႀကီးျမင့္ေနၿပီျဖစ္တာေၾကာင့္ သားအတြက္စိတ္ပူေနၾကတာလည္းျဖစ္ပါတယ္ေနာ္။မေန႕ကအူဝဲလြတ္လာၿပီဆိုၿပီးသတင္းေတြ ထြက္ခဲ့ေပမယ့္ေကာလဟာလေတြသာျဖစ္တယ္လို႔လည္းမိသားစုဝင္မ်ားမွျပန္ေျဖရွင္းထားတာပါေနာ္။ေျပတီဦးတြင္အႀကီးဆုံးအစ္မဆြီတီဦးနဲ႕အငယ္ဆုံးညီမေလးေငြတီဦးဆိုၿပီးရွိပါေသးတယ္ေနာ္။ ေငြတီဦးကေတာ့ေျပတီဦးရဲ႕ကေလးဘဝက အမွတ္တရတစ္ခုကိုေျပာျပလာပါၿပီေနာ္။
ငယ္ငယ္တုန္းကသူဆုယူရင္ေဘးကလိုက္ပီးသူရတဲ့ဆုေတြလိုက္သယ္ရတယ္ႀကီးေတာ့သူ႕ကိုေပးတဲ့ပန္းေတြလိုက္သယ္ရျပန္ေရာေမေမတစ္လတစ္ခါရန္ကုန္သြားရင္ေမေမ့ကိုလြမ္းရင္း ေမာင္ႏွမႏွစ္ေယာက္တည္းက်န္ခဲ့တဲ့အခ်ိန္ေတြကိုသတိရမိတယ္အဲ့တုန္းကကိုယ္က သူငယ္တန္းေတာင္မေရာက္ေသးတဲ့လက္ဖက္မစားကြမ္းမစားအေပ်ာ္တက္တုန္းဆရာႀကီးရယ္ ကိုႀကီးမ်က္ႏွာေလးၾကည့္ပါရေစဆိုၿပီးသူ႕အတန္းကိုသြားေခ်ာင္းခဲ့ရဘူးတယ္သူကလည္း ေမေမ့ကိုလြမ္းလို႔မ်က္ရည္ေတြေတြက်ေတာ့ဆရာမကဘာျဖစ္လို႔လဲေမးတာေပါ့ေမေမ့ကိုလြမ္းလို႔ဆိုေတာ့ေမေမသြားတာညီမေလးေရာပါလားဆိုၿပီးဆရာမကသူ႕ကိုေမးတယ္ဟင့္အင္း ညီမေလးလည္းမပါဘူးဆိုေတာ့
ညီမေလးကိုေတာင္ထားခဲ့တာမင္းကငိုေနစရာလားဆိုပီးဇာတ္ပိုးကိုရိုက္လိုက္တာႏွဖူးနဲ႕ခုံေစာင္းနဲ႕ရိုက္မိလို႔ဒဏ္ရာရပါေရာဒဏ္ရာနဲ႕ျပန္လာတဲ့သားကိုျမင္ၿပီးေဖေဖကေဒါသထြက္ေရာေပါ့ဒီေလာက္ေတာင္လုပ္ရလားဆိုပီး ဆရာမကိုစိတ္တိုတာပါဘာရယ္မဟုတ္ဘူးမန္မိုရီျပန္တက္လာေတာ့ငယ္ငယ္တုန္းကအေၾကာင္းေတြေခါင္းထဲျပန္ေရာက္လာလို႔လို႔ေငြတီဦးမွ ေရးထားပါတယ္ပရိသတ္ႀကီးေရ။
Credit