Cele News

သူထုတ်လုပ်ထားတဲ့ JITTOO အော်ဂန်းနစ် ဆန်များကို ရောင်းချပြီး ရသမျှငွေများကို တကယ်လိုအပ်နေသူများကို လှူဒါန်းသွားမယ့် နေဒွေ

သူထုတ်လုပ်ထားတဲ့ JITTOO အော်ဂန်းနစ်ဆန်များကို ရောင်းချပြီးရသမျှငွေများကိုတကယ်လိုအပ်နေသူများကိုလှူဒါန်းသွားမယ့်နေဒွေး

ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းကိုအပြည့်အဝရရှိထားတဲ့သရုပ်ဆောင်မင်းသားနေဒွေးကတော့ခုလတ်တလောမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးဖေဖော်ဝါရီလထဲကနေဒီနေ့ထိပြည်သူလူထုနဲ့အတူရပ်တည်ကာလမ်းပေါ်ထွက်လှုပ်ရှားမှုတွေကိုအားတတ်သရောပြုလုပ်သလိုလှုပ်ရှားမှုပြုလုပ်နေတဲ့ပြည်သူတွေအတွက်လည်းအစားအသောက်များနဲ့ကာကွယ်ရေးပစ္စည်းများကိုလှူဒါန်းလျက်ရှိပါတယ်။

ခုလိုအချိန်မှာအစစအရာရာကိုဘက်ပေါင်းစုံကနေပါဝင်ကူညီအားဖြည့်ပေးနေတဲ့အနုပညာရှင်တွေရှိနေတာကြောင့်လည်းဒီလှုပ်ရှားမှုကြီးကခုချိန်ထိစည်းလုံးညီညွတ်ပြီးအသက်ဝင်နေခဲ့တာပါ။ပြည်သူတွေကလည်းဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်နေရပါစေနောက်မဆုတ်ဘဲယုံကြည်ချက်တွေအတွက်အသက်ကိုပင်ပေးကာရှေ့ဆက်လှမ်းနေကြတာလည်းဖြစ်ပါတယ်။

အခုလည်းနေဒွေးကလာမယ့်တနင်္ဂနွေနေ့မှာသူရဲ့ အော်ဂဲနစ်ဆန်များကို live လွှင့်ရောင်းချပြီးရသမျှငွေကြေးကိုအလှူအတွက်အသုံးပြုမယ့် အကြောင်းကိုဒီလထဲမှာကျွန်တော်ရဲ့အနုပညာအသိုင်းအဝိုင်းထဲကချို့တဲ့လူကြမ်းများစက်အဖွဲ့သားများနှင့်ချို့တဲ့သက်ကြီးရွယ်အိုဘိုးဘွားရိပ်သာများနှင့်စားဝတ်နေရေးခက်ခဲနေသော သက်ကြီးရွယ်အိုများပါရှိသောသီလရှင်ကျောင်းများကိုလှုဒါန်းဖို့အတွက်အခုလာမည့်တနင်္ဂနွေနေ့တွင်ကျွန်တော်ရဲ့ JITTOO အော်ဂန်းနစ်စူပါဆန်များကိုအိတ် ၃၀ Live လွှင့်ရောင်းချပါ့မယ်ဗျအဲ့အိတ် ၃၀ ရောင်းရငွေအကုန်လုံးနှင့်စုပေါင်းအလှုရှင်များပူပေါင်းပြီးလှုဒါန်းသွားပါမည်ခင်ဗျ Live လွှင့်ရောင်းချမည့်တနင်္ဂနွေနေ့တွင်အထူးနှုန်းဖြင့်ရောင်းချပေးသွားပါမည်အဲ့ရောင်းရငွေအိတ်၃၀လုံးကိုလည်းအလှုများအတွက်ပဲအသုံးပြုသွားမည်ဖြစ်ပါတယ်ခင်ဗျကျွန်တော်ရဲ့ JITTOO အော်ဂန်းနစ်စူပါဆန်နှင့်ရွှေဆန်များကိုစတင်ရောင်းချသည့်နေ့ကစပြီးယနေ့အချိန်ထိတခဲနက်အားပေးနေတဲ့ချစ်သောလူကြီးမင်းများအားလုံးကျေးဇူးတင်ရှိပါသည်ခင်ဗျလတ်တလောတွင် ကျွန်တော်သုံးစွဲနေသောငွေကြေးများနှင့်အလှုများဟာသည်ဆန်ရောင်းရငွေများဖြစ်နေသောကြောင့်အားပေးကြတဲ့ထမင်းရှင်များကိုညတိုင်းမေတ္တာပို့ဆုတောင်းလျှက်ရေးသားဖော်ပြထားရာ လေးစားမိတာအမှန်ပဲမို့ပရိသတ်ကြီးလည်းနေဒွေးရဲ့အလှူလေးကိုသာဓုခေါ်နိုင်စေရန်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Zawgyi version



အခုလည်းနေဒွေးကလာမယ့်တနင်္ဂနွနေ့မှာသူရဲ့ အော်ဂဲနစ်ဆန်များကို live လွှင့်ရောင်းချပြီးရသမျှငွေကြေးကိုအလှူအတွက်အသုံးပြုမယ့် အကြောင်းကိုဒီလထဲမှာကျွန်တော်ရဲ့အနုပညာအသိုင်းအဝိုင်းထဲကချို့တဲ့လူကြမ်းများစက်အဖွဲ့သားများနှင့်ချို့တဲ့သက်ကြီးရွယ်အိုဘိုးဘွားရိပ်သာများနှင့်စားဝတ်နေရေးခက်ခဲနေသော သက်ကြီးရွယ်အိုများပါရှိသောသီလရှင်ကျောင်းများကိုလှုဒါန်းဖို့အတွက်အခုလာမည့်တနင်္ဂနွနေ့တွင်ကျွန်တော်ရဲ့ JITTOO အော်ဂန်းနစ်စူပါဆန်များကိုအိတ် ၃၀ Live လွှင့်ရောင်းချပါ့မယ်ဗျအဲ့အိတ် ၃၀ ရောင်းရငွေအကုန်လုံးနှင့်စုပေါင်းအလှုရှင်များပူပေါင်းပြီးလှုဒါန်းသွားပါမည်ခင်ဗျ Live လွှင့်ရောင်းချမည့်တနင်္ဂနွနေ့တွင်အထူးနှုန်းဖြင့်ရောင်းချပေးသွားပါမည်အဲ့ရောင်းရငွေအိတ် ၃၀လုံးကိုလည်းအလှုများအတွက်ပဲအသုံးပြုသွားမည်ဖြစ်ပါတယ်ခင်ဗျကျွန်တော်ရဲ့ JITTOO အော်ဂန်းနစ်စူပါဆန်နှင့်ရွှေဆန်များကိုစတင်ရောင်းချသည့်နေ့ကစပြီးယနေ့အချိန်ထိတခဲနက်အားပေးနေတဲ့ချစ်သောလူကြီးမင်းများအားလုံးကျေးဇူးတင်ရှိပါသည်ခင်ဗျလတ်တလောတွင် ကျွန်တော်သုံးစွဲနေသောငွေကြေးများနှင့်အလှုများဟာသည်ဆန်ရောင်းရငွေများဖြစ်နေသောကြောင့်အားပေးကြတဲ့ထမင်းရှင်များကိုညတိုင်းမေတ္တာပို့ဆုတောင်းလျှက်ရေးသားဖော်ပြထားရ။

Credit