Cele News

Speak Out တစ်ခါလုပ်ရင် အခကြေးငွေသိန်း (၁၀၀)ယူတယ်ဆိုတဲ့ သတင်းတွေကို ချက်ကျလက်ကျဖြေရှင်းလိုက်တဲ့ ဆရာမ ချမ်းချမ်း

Speak Out တစ်ခါလုပ်ရင်အခကြေးငွေသိန်း (၁၀၀)ယူတယ်ဆိုတဲ့သတင်းတွေကိုချက်ကျလက်ကျဖြေရှင်းလိုက်တဲ့ဆရာမချမ်းချမ်း

လက်ရှိတောင်ကိုရီးယားနိုင်ငံမှာနေထိုင်ပြီး၊ကိုရီးယား ရုပ်သံ မီဒီယာများကို မြန်မာနိုင်ငံကအာဏာသိမ်းမှုအကြောင်း Speak Out လုပ်ပေးနေတဲ့ ကိုရီးယားဘာသာစကားဆရာမချမ်းမြမြသော်က Speak Out တခါလုပ်ရင်သိန်း ၁၀၀ယူတယ်ဆိုတဲ့ကောလာဟလသတင်းတွေကို အခုလိုပဲဖြေရှင်းထားပါတယ်။ကျမကိုလေ Speak Out တခါလုပ်ရင် KBSကနေ သိန်း ၁၀၀ ယူတယ်ဆိုတဲ့ကောလာဟလနဲ့ပတ်သက်ပြီးရှင်းပြဖို့တောင်အရေးမပါတဲ့ကိစ္စမို့ကျမအရေးတယူလုပ်ပြီးမရှင်းပြခဲ့ပါဘူး။အဲဒီစကားကိုဘယ်နေ့၊ ဘယ်အချိန်က၊ဘယ်ကိစ္စနဲ့အစပြုပြီးဘယ်သူက စလွှင့်ခဲ့သလဲအထိကျမမှာခိုင်လုံတဲ့သက်သေလည်းရှိထားပြီးပါပြီ။ပို့စ်တင်ပြီးဖြန့်တဲ့ ကာယကံရှင်ဆီကိုတိုက်ရိုက်သက်သေနဲ့တကွ ချပြနိုင်ကြောင်းကျမကိုယ်တိုင်တိုက်ရိုက်သွားပြောခဲ့ပေမယ့်ကျမကိုသူဘာမှပြန်မပြောနိုင်ခဲ့ပါဘူး။ တကယ်ဆိုသူတို့အဲဒီပို့စ်တင်တုန်းကကျမအလုပ်လုပ်နေတာဟာ KBS ရုပ်သံဖြစ်ပေမယ့်ကျမကို SBS ကသိန်း၁ဝဝယူပါတယ်ဆိုပြီးရေးသား ထားတဲ့KBS မှန်း၊ SBS မှန်းတောင်မကွဲပြားတဲ့ရူးနှမ်းနှမ်းစကားတွေမို့ကျမလစ်လျူရှုခဲ့ပါတယ်။

ဒီနေ့ဒီစာကလည်းအရေးမပါတဲ့အရူးအနှမ်း စကားတွေကိုရှင်းဖို့တော့မဟုတ်ပါဘူး။ကျမကိုလာပြောကြတဲ့အထဲမှာလူအချို့ရဲ့ အတွေးအခေါ် လွဲမှားနေပုံကိုစိတ်မသက်မသာစရာတွေ့နေရတာမို့ကျမဒီနေ့ဒီစာကိုရေးဖြစ်ပါတယ်။ကိစ္စကဒီလိုပါ။အခုတလောကျမ TV ပရိုဂရမ်မှာ Speak Out လုပ်တဲ့ပို့စ်အချို့အောက်မှာမြင်ရတဲ့ကွန်မန့်အချို့ပါလို့ဆရာမချမ်းမြမြသော်ကပြောပါတယ်။တောင်ကိုရီးယားနိုင်ငံဟာတိုးတက်ပြီးနိုင်ငံဖြစ်တဲ့အတွက်အဲဒီ နိုင်ငံအတွင်းမှာနေထိုင်သူတိုင်းအလုပ်လုပ်ရင် လုပ်အားခကိုအချိန်နာရီနဲ့အတိအကျရတယ်လို့ ဆိုပါတယ်။တောင်ကိုရီးယားနိုင်ငံဟာ တိုးတက်ပြီး နိုင်ငံတခု ဖြစ်ပါတယ်။ဒီနိုင်ငံအတွင်းမှာနေထိုင်သူတိုင်းအတွက်အလုပ်လုပ်ရင်ကိုယ့်ရဲ့လုပ်အားခကိုအချိန်နဲ့နာရီနဲ့ အတိအကျ ရပါတယ်။

ဘယ်သူကမှဘယ်သူ့ကိုမှအလကားခေါ်ခိုင်းလို့မရပါဘူး။ဘာသာပြန်ခိုင်းရင်လည်းအခကြေးငွေ ပေးရသလို၊အင်တာဗျူးချင်ရင်လည်း ဗျူးခံမယ့်လူကိုဗျူးမယ့်လူကအခကြေးငွေပေးရပါတယ်။ ဒါဟာမကောင်းမှုတခုမဟုတ်ပါဘူး။အလုပ်လုပ်သူတိုင်းဟာမိမိလုပ်တဲ့အလုပ်တခုနဲ့ တန်တဲ့လုပ်အားခအခကြေးငွေကိုရယူဖို့သင့်သလို၊အလုပ်ပေးတဲ့လူကလည်းအလုပ်လုပ်ပေးတဲ့သူကိုထိုက်တန်တဲ့လုပ်အားခကိုပေးဆောင်ရပါတယ်။အထူးသဖြင့်ကိုရီးယားလိုနိုင်ငံကရုပ်သံဌာနတွေမှာ TV မှာ ပါဝင်တဲ့လူတိုင်းကို အနုပညာကြေးပေးရပါတယ်။ခဏတာခေါ်ပြီး သုံးရင်တောင်ပေးရပါတယ်။ကျမလိုပရိုဂရမ်တခုမှာနာရီနဲ့ချီပြီးစကားဝိုင်းမှာထိုင်ပြောရတဲ့လူတယောက်ကိုအနုပညာကြေးမတွက်ပေးရင်အဲဒီပရိုဂရမ်နဲ့ ရုပ်သံဌာနမှာပြဿနာတက်မှာပါ။ဒီအတွက်အလုပ်ပေးသူနဲ့အလုပ်လုပ်သူကြားမှာ လုပ်အားခပေးဆောင်တာဟာဘာမှပြဿနာလုပ်နေရမယ့်ကိစ္စမဟုတ်ကြောင်းကိုသဘောပေါက်ကြစေချင်ပါတယ်လို့ချမ်းမြမြသော်ကပြောပါတယ်။

ဆက်လက်ပြီး Speak Out တခါလုပ်ရင်ဝမ်သိန်း ၁၀၀ရတယ်ဆိုတဲ့ကောလာဟလ အကြောင်းကိုလည်းဆရာမချမ်းမြမြသော်က အခုလိုပဲဆိုပါတယ်။ဒီမှာ သိန်း ၁၀၀ ကိစ္စက ပါလာပါပြီ။ ကျမကို တခါ Speak out လုပ်ရင် ဝမ်သိန်း ၁၀၀ ရတယ်လို့ပြောတဲ့ ပုဂ္ဂိုလ်တို့။ပုဂ္ဂိုလ်တို့ နမိတ်ဖတ်သလို များမကြာမီ အဲဒီလို ဖြစ်လာပါစေလို့ ကျမ ဆုတောင်းပါတယ်။လူတယောက်ကိုအကွက်ချ ချောက်ချချင်ရင်တောင် ဦး နှောက်သုံးဖို့ လိုတယ်ရှင့်။ ပါးစပ်ထဲ ရှိရာ လျှောက်ပြောရုံ အဆင့်နဲ့ဆိုရင်တော့ ကိုယ်တုံးတာ လူသိရုံပဲ ရှိမှာပါ။ ဒါကြောင့်လည်း ကျမကအဖက် ပြန်မလုပ်ခဲ့တာပါ။ကိုရီးယားနိုင်ငံမှာ လွှမ်းမိုးမှုအများဆုံး အနုပညာသည်တွေထဲက တယောက်ကို ရွေးပါဆိုရင် Running Manက Yoo Jae Seok (ယူဂျယ်ဆော့ဂ်) ကိုဥပမာထားပြောပါမယ်။သူဟာအနုပညာကြေးအမြင့်ဆုံးအနုပညာသည်ထဲကတယောက်ဖြစ်ပါတယ်။သူတခါပါဝင်သရုပ်ဆောင်ရင်ဝမ်သိန်း ၁၅၀ နီးပါးရပါတယ်လို့သိထားရပါတယ်။ဒါဟာ ကိုရီးယားမှာထိပ်သီးခေါင်အဆင့်ရှိတဲ့အနုပညာသည်ရဲ့ အနုပညာကြေးပါ။ဒါကိုကျမကတခါ Speak Out လုပ်ပေးရင်ဝမ်သိန်း ၁၀၀ ရတယ်ဆိုတော့အရမ်းဟာသဆန်သွားပါတယ်။ဒါကြောင့်လည်းကျမကခေါက်ထားခဲ့တာပါ။ ဖြေရှင်းရလောက်တဲ့ တန်ဖိုးမရှိတဲ့ ကိစ္စမို့ပါလို့ ချမ်းမြမြသော်ကဆိုပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းက SBS ရုပ်သံမှာ ထုတ်လွှင့်ခဲ့တဲ့Master in the Houseအစီအစဉ်က ဝမ် ၁၀ သိန်းပေးမှာဖြစ်ပြီး၊အဲဒီငွေကိုလည်းလှူဒါန်းသွားမယ်လို့ဆိုပါတယ်။

အခု SBS Master in the Houseကဝမ် ၁ဝသိန်း ပေးမယ် ပြောပါတယ်။ ဒီငွေကိုလည်း အလှူငွေထဲကို ထည့်ဖို့ စီစဉ်ထားပြီးသားပါ။ ကျမဘာလို့ လှူနိုင်တာလဲဆိုတော့ ကျမတို့အိမ်ထောင်မှာကိုယ်ပိုင်အလုပ်နဲ့ဝင်ငွေရှိလို့ပါ။ ခင်ပွန်းသည်ကလစဉ်ဝမ်သိန်း ၄၀ ကနေ ၅၀ နီးပါးဝင်ပါတယ်။ကျမရဲ့ဝင်ငွေကလည်းတလကို ဝမ်သိန်း ၃၀နီးပါးရှိပါတယ်။ဒါကြောင့်လင်မယားနှစ်ယောက်ပေါင်းရင်ကျိကျိတက်မချမ်းသာရင်တောင် ချို့တဲ့တဲ့အဆင့်ထဲတော့မပါပါဘူး။ဒါကြောင့်ကိုယ့်တိုင်းပြည်အတွက်ကိုယ့်လုပ်အားခနဲ့တတ်နိုင်သလောက်ကိုလှူပါတယ်။ Speak out လုပ်လို့ရုပ်သံဌာနကရတဲ့ငွေအနည်းငယ်ကိုလည်းဘာမက်မောမှုမှမရှိဘဲ လှူပါတယ်လို့ချမ်းမြမြသော်ကပြောပါတယ်။ဒီမှာ ကျမပြောချင်တာကရှင်တို့ (အမှန်တကယ် နားလည်ပေး အားပေးကြတဲ့သူတွေကို မဆိုလိုပါ၊ ဘေးထိုင်ဘုပြောသူတွေကို ရည်ရွယ်ပါတယ်) တကယ်လိုချင်တာက ဘာလဲ။ မြန်မာပြည်အခုလို အခြေအနေဆိုက်နေကြောင်းကို ပြည်ပကနေ Speak out လုပ်ပေးဖို့လိုလားတာ မဟုတ်ဘူးလား။ အဲဒီတော့ Speak out လုပ်ပေးရုံနဲ့ မကျေနပ်နိုင်ဘူးလား။

အနုပညာကြေး ရတော့ယူတော့ရော ဘယ်သူ့ကို ထိခိုက်သွားသ လဲ။ မြန်မာပြည်အရေးနဲ့ ဆိုင်သလား။ မြန်မာပြည်သူတွေကိုထိ ခိုက်သလား။ ကျမ သတင်းတခါသွားဖို့အတွက် ပြင်ဆင်ရတာတွေ ဘယ်သူတာဝန်ယူပါသလဲ။ ဒီနေ့ဒီစာဟာ အတွေးအခေါ်မှားသူတွေကို အမှန်တရားအတိုင်းသိမြင်ခံစားစေဖို့ရေးတဲ့စာဖြစ်ပါတယ်။ကျမစိတ်ထဲလည်းမထည့်ထားသလိုထပ်မံရှင်းပြဖို့လည်းမလိုတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ဒါကြောင့်ကျမကိုချစ်ခင်ကြသူတွေကစိတ်ထဲမထားဖို့၊အားတင်းထားဖို့မပြောလည်းရပါတယ်ရှင့်။ ကျမမှာ ဒီထက်ပိုပြီးအရေးပါတဲ့အလုပ်တွေလုပ်ရမှာရှိသလိုလုပ်နေဆဲဖြစ်ပါတယ်။ကျမနိုင်ငံသားတယောက်အနေနဲ့ လုပ်ပေးနိုင်တာကိုလုပ်ပေးနေတာဖြစ်တာကြောင့်ကျေးဇူးမတင်ကြဖို့လည်းပြောဖူးပါတယ်။ ကျေးဇူးတင်ကြောင်း၊အားကိုးကြောင်း၊ချစ်ခင်ကြောင်းပြောပေးကြတဲ့ချစ်ခင်သူမိဘပြည်သူအားလုံးကိုလည်းကျမကအထူးကျေးဇူးတင်ပါတယ်လို့ဆရာမချမ်းမြမြသော်ကပြောထားပါတယ်။ကိုရီးယားဘာသာစကား ဆရာမ ချမ်းမြမြသော်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထုတ်လွှင့်ခဲ့တဲ့ နာမည်ကျော် TV ပရိုဂ ရမ် Master in the houseအစီအစဉ်မှာပါဝင်ခဲ့ပြီးမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေအကြောင်းကို Speak Out လုပ်ပေးခဲ့သူ ဖြစ်ပါတယ်။

Credit