Cele News

အကြောင်းအမျိုးအမျိုးကြောင့်ပြည်ပကိုရောက်ရှိနေပေမယ့်လည်း ပြည်သူတွေနဲ့အတူတစ်သားတည်းရပ်တည်ပေးနေကြောင်း သက်သေပြလာတဲ့ ယုဇနရဲ့ဗီဒီယို

အကြောင်းအမျိုးအမျိုးကြောင့်ပြည်ပကိုရောက်ရှိနေပေမယ့်လည်းပြည်သူတွေနဲ့အတူတစ်သားတည်းရပ်တည်ပေးနေကြောင်းသက်သေပြလာတဲ့ယုဇနရဲ့ဗီဒီယို

ပရိတ်သတ်ကြီးရေပြည်သူချစ်အဆိုတော်တစ်ဦးဖြစ်တဲ့ယုဇနကတော့မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသောလူထုလှုပ်ရှားမှုတွေမှာပြည်သူတွေနဲ့အတူပါဝင်ခဲ့တဲ့အဆိုတော်တစ်ဦးဖြစ်ပါတယ်။အခြေအနေအရပ်ရပ်ကြောင့်ပြည်ပနိုင်ငံသိုရောက်ရှိနေပေမယ့်လည်းသွေးအေးမသွားဘဲတတ်နိုင်တဲ့ဘက်ကနေတက်ကြွစွာပါဝင်နေဆဲပဲဖြစ်ပါတယ်။မကြာသေးခင်မိနစ်ပိုင်းကလည်းယုဇနရဲ့လူမှုကွန်ယက်တွင်ဗီဒီယိုဖိုင်တစ်ခုတင်ထားတာဖြစ်ပါတယ်။

ဒါကတော့ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေးဆန္ဒပြပွဲတွင်တေးသီချင်းတစ်ပုဒ်ဖြင့်ပါဝင်သီဆိုအားဖြည့်ခဲ့တဲ့ယုဇနရဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။ဇွန်လ၁၂၊၁၃ရက်နေ့ကိုကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေး ရက်သတ္တပတ်အဖြစ်ဩစတေးလျနိုင်ငံဆစ်စနီမြို့တွင်လူထုချီတက်ဆန္ဒပြပွဲကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ပြည်ပနိုင်ငံရောက်မြန်မာများနှင့် မြန်မာ့အရေးကိုစိတ်ပါဝင်စားကြတဲ့နိုင်ငံခြားသားများလည်းပါဝင်ခဲ့ကြတာကိုမြင်တွေ့ကြရမှာပါ။

ဒီပွဲတွင်ယုဇနကတော့အဆိုတော်ခင်မောင်တိုးရဲ့ ခွန်အားဖြည့်မိငယ်ဆိုတဲ့သီချင်းဖြင့်သီဆိုဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကလည်းအဝေးရောက်နေတာတောင်သွေးမအေးသွားဘဲပြည်သူတွေနဲ့အတူရပ်တည်ပေးနေတဲ့ယုဇနရဲ့စိတ်ဓာတ်ကိုလေးစားဂုဏ်ယူနေကြတာဖြစ်ပါတယ်။အားလုံးလည်းခံစားနားဆင်နိုင်အောင်ယုဇနရဲ့သီချင်းဗီဒီယိုဖိုင်ကိုတင်ဆက်ပေးလိုက်ရပါတယ်။

Video ကြည့်ရန်

Zawgyi Version

ပရိတ္သတ္ႀကီးေရျပည္သူခ်စ္အဆိုေတာ္တစ္ဦးျဖစ္တဲ့ယုဇနကေတာ့ျမန္မာနိုင္ငံတြင္လက္ရွိျဖစ္ေပၚေနေသာလူထုလႈပ္ရွားမႈေတြမွာျပည္သူေတြနဲ႕အတူပါဝင္ခဲ့တဲ့အဆိုေတာ္တစ္ဦးျဖစ္ပါတယ္။ အေျခအေနအရပ္ရပ္ေၾကာင့္ျပည္ပနိုင္ငံသို႔ ေရာက္ရွိေနေပမယ့္လည္းေသြးေအးမသြားဘဲ တတ္နိုင္တဲ့ဘက္ကေနတက္ႂကြစြာပါဝင္ေနဆဲပဲ ျဖစ္ပါတယ္။မၾကာေသးခင္မိနစ္ပိုင္းကလည္း ယုဇနရဲ႕လူမႈကြန္ယက္တြင္ဗီဒီယိုဖိုင္တစ္ခုတင္ထားတာျဖစ္ပါတယ္။

ဒါကေတာ့ကမၻာလုံးဆိုင္ရာျမန္မာ့ႏြေဦးေတာ္လွန္ေရးဆႏၵျပပြဲတြင္ေတးသီခ်င္းတစ္ပုဒ္ျဖင့္ပါဝင္သီဆိုအားျဖည့္ခဲ့တဲ့ယုဇနရဲ႕ဗီဒီယိုဖိုင္ေလးပဲျဖစ္ပါတယ္။ဇြန္လ၁၂၊၁၃ရက္ေန႕ကိုကမၻာလုံးဆိုင္ရာျမန္မာ့ႏြေဦးေတာ္လွန္ေရး ရက္သတၱပတ္အျဖစ္ဩစေတးလ်နိဳင္ငံဆစ္စနီၿမိဳ႕တြင္လူထုခ်ီတက္ဆႏၵျပပြဲက်င္းပျပဳလုပ္မွာျဖစ္ပါတယ္။ျပည္ပနိုင္ငံေရာက္ျမန္မာမ်ားႏွင့္ ျမန္မာ့အေရးကိုစိတ္ပါဝင္စားၾကတဲ့နိုင္ငံျခားသားမ်ားလည္းပါဝင္ခဲ့ၾကတာကိုျမင္ေတြ႕ၾကရမွာပါ။

ဒီပြဲတြင္ယုဇနကေတာ့အဆိုေတာ္ခင္ေမာင္တိုးရဲ႕ ခြန္အားျဖည့္မိငယ္ဆိုတဲ့သီခ်င္းျဖင့္သီဆိုေဖ်ာ္ေျဖခဲ့တာျဖစ္ပါတယ္။ပရိသတ္ေတြကလည္းအေဝးေရာက္ေနတာေတာင္ေသြးမေအးသြားဘဲျပည္သူေတြနဲ႕အတူရပ္တည္ေပးေနတဲ့ ယုဇနရဲ႕စိတ္ဓာတ္ကိုေလးစားဂုဏ္ယူေနၾကတာ ျဖစ္ပါတယ္။

Credit