Cele News

ကိုယ်တိုင်ကမိသားစုနဲ့ခွဲခွာပြီး လွတ်ရာပြေးနေရပေမယ့် ချစ်ရတဲ့ညီမလေးပျော်နေတာမြင်လို့ ဝမ်းသာကြောင်းပြောလာတဲ့ မေ

ကိုယ်တိုင်ကမိသားစုနဲ့ခွဲခွာပြီးလွတ်ရာပြေးနေရပေမယ့် ချစ်ရတဲ့ညီမလေးပျော်နေတာမြင်လို့ဝမ်းသာကြောင်းပြောလာတဲ့မေ

Miss Universe Myanmar အဖြစ်နဲ့တိုင်းတပါးမှာသွားရောက်ယှဉ်ပြိုင်ပြီးအမိမြန်မာပြည်ကို ပြန်လာဖို့မလွယ်တော့တဲ့သူဇာဝင့်လွင်ဟာလတ်တလောမှာတော့အမေရိမှာနေထိုင်ပြီးမော်ဒယ်အေဂျင်စီတစ်ခုမှာဝင်ရောက်လုပ်ကိုင်နေခဲ့ပါပြီ။ဒီနေ့မှာလည်းကန်ဒီကလော့အိန်ဂျလိစ်နိုင်ငံက Beverly Hills မြို့မှာရိုက်ကူးထားတဲ့ပုံရိပ်လေးကိုလူမှုကွန်ရက်မှာဝေမျှခဲ့ပြီးနောက် အမဖြစ်သူမေဟာငါရောက်ဖူးချင်တဲ့နေရာလေးပျော်နေတာမြင်တော့ဝမ်းသာပါတယ်တို့ဝရမ်းပြေးဘဝကလွတ်တဲ့တနေ့မှပြန်ဆုံကြစို့တို့ဖန်မလီဆိုပြီးဝင်ရောက်မှတ်ချက်ပေးခဲ့ပါတယ်။ဒီမှတ်ချက်လေးကိုမြင်ကြတဲ့ပရိသတ်တွေဟာစိတ်မကောင်းဖြစ်ပြီးအားတင်းထားဖို့နဲ့ဘေးကင်းစေကြောင်းဆုတောင်းပေးခဲ့ကြပါတယ်။

အမဖြစ်သူရဲ့မှတ်ချက်ကိုMiss you ဒီမှာလည်း passport ဖျက်ခံရတယ်ဆိုလားဆိုပြီးကန်ဒီက ပြန်လည်မှတ်ချက်ပေးခဲ့ပါတယ်။အမဖြစ်သူမေဟာလည်းပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ခဲ့တာကြောင့်(၅၀၅)(က)နဲ့အမှုဖွင့်ခံရပြီးဘေးလွတ်ရာကိုတိမ်းရှောင်နေရသလိုညီမဖြစ်သူကန်ဒီဟာလည်းတကမ္ဘာလုံးကကြည့်နေတဲ့ Miss Universe စင်မြင့်ထက်မှာမြန်မာ့အရေးကိုရဲရဲဝံ့ဝံ့ထုတ်ဖော်ခဲ့တာကြောင့်မြန်မာပြည်ကိုပြန်လာဖို့အဆင်မပြေနိုင်သေးပါဘူး။ဒီလိုအခက်အခဲတွေကိုယ်စီနဲ့ရင်ဆိုင်နေရတဲ့ညီအမနှစ်ယောက်ကိုပရိသတ်တွေကအားပေးစကားပြောခဲ့ကြပါတယ်။

မြန်မာပြည်အတွက်ရောင်နီလာမယ့်နေ့ရက်တွေရောက်ရင်ပြည်သူတွေရဲ့ဆန္ဒနဲ့ထပ်တူကျပြီး ပြည်သူတွေဖက်ကရပ်တည်ပေးခဲ့တဲ့အနုပညာရှင်တိုင်းကိုပြည်သူတွေကလက်ကမ်းကြိုပြီးအကောင်းဆုံးတွေပြန်ပေးဖို့အဆင်သင့်ပါပဲ။ရဲရင့်ပြီးဆုံးဖြတ်ချက်ပြတ်သားနဲ့မေနဲ့ကန်ဒီလိုသမီးလေးတွေကိုပိုင်ဆိုင်ထားတဲ့မိဘတွေအတွက်တော့တကယ်ကိုဂုဏ်ယူစရာဖြစ်နေမှာပါ။ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကြောင့်ညီအမနှစ်ယောက်လုံးဘေးကင်းပြီးပိုမိုအောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုကိုယ်စီပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်။

Zawgyi Version

Miss Universe Myanmar အျဖစ္နဲ႕တိုင္းတပါးမွာသြားေရာက္ယွဥ္ၿပိဳင္ၿပီးအမိျမန္မာျပည္ကို ျပန္လာဖို႔မလြယ္ေတာ့တဲ့သူဇာဝင့္လြင္ဟာ လတ္တေလာမွာေတာ့အေမရိမွာေနထိုင္ၿပီးေမာ္ဒယ္ေအဂ်င္စီတစ္ခုမွာဝင္ေရာက္လုပ္ကိုင္ေနခဲ့ပါၿပီ။ဒီေန႕မွာလည္းကန္ဒီကေလာ့အိန္ဂ်လိစ္နိုင္ငံက Beverly Hills ၿမိဳ႕မွာရိုက္ကူးထားတဲ့ပုံရိပ္ေလးကိုလူမႈကြန္ရက္မွာေဝမွ်ခဲ့ၿပီးေနာက္ အမျဖစ္သူေမဟာငါေရာက္ဖူးခ်င္တဲ့ေနရာေလးေပ်ာ္ေနတာျမင္ေတာ့ဝမ္းသာပါတယ္တို႔ဝရမ္းေျပးဘဝကလြတ္တဲ့တေန႕မွျပန္ဆုံၾကစို႔ တို႔ဖန္မလီဆိုၿပီးဝင္ေရာက္မွတ္ခ်က္ေပးခဲ့ပါတယ္။ ဒီမွတ္ခ်က္ေလးကိုျမင္ၾကတဲ့ပရိသတ္ေတြဟာ စိတ္မေကာင္းျဖစ္ၿပီးအားတင္းထားဖို႔နဲ႕ေဘးကင္းေစေၾကာင္းဆုေတာင္းေပးခဲ့ၾကပါတယ္။

အမျဖစ္သူရဲ႕မွတ္ခ်က္ကိုMiss you ဒီမွာလည္း passport ဖ်က္ခံရတယ္ဆိုလားဆိုၿပီးကန္ဒီက ျပန္လည္မွတ္ခ်က္ေပးခဲ့ပါတယ္။အမျဖစ္သူေမဟာလည္းျပည္သူေတြနဲ႕တစ္သားတည္းရပ္တည္ခဲ့တာေၾကာင့္(၅၀၅)(က) နဲ႕အမႈဖြင့္ခံရၿပီးေဘးလြတ္ရာကိုတိမ္းေရွာင္ေနရသလိုညီမျဖစ္သူကန္ဒီဟာလည္းတကမၻာလုံးကၾကည့္ေနတဲ့ Miss Universe စင္ျမင့္ထက္မွာျမန္မာ့အေရးကိုရဲရဲဝံ့ဝံ့ထုတ္ေဖာ္ခဲ့တာေၾကာင့္ျမန္မာျပည္ကိုျပန္လာဖို႔ အဆင္မေျပနိုင္ေသးပါဘူး။ဒီလိုအခက္အခဲေတြကိုယ္စီနဲ႕ရင္ဆိုင္ေနရတဲ့ညီအမႏွစ္ေယာက္ကို ပရိသတ္ေတြကအားေပးစကားေျပာခဲ့ၾကပါတယ္။

ျမန္မာျပည္အတြက္ေရာင္နီလာမယ့္ေန႕ရက္ေတြေရာက္ရင္ျပည္သူေတြရဲ႕ဆႏၵနဲ႕ထပ္တူက်ၿပီး ျပည္သူေတြဖက္ကရပ္တည္ေပးခဲ့တဲ့အႏုပညာရွင္တိုင္းကိုျပည္သူေတြကလက္ကမ္းႀကိဳၿပီး အေကာင္းဆုံးေတြျပန္ေပးဖို႔အဆင္သင့္ပါပဲ။ ရဲရင့္ၿပီးဆုံးျဖတ္ခ်က္ျပတ္သားနဲ႕ေမနဲ႕ကန္ဒီလို သမီးေလးေတြကိုပိုင္ဆိုင္ထားတဲ့မိဘေတြအတြက္ေတာ့တကယ္ကိုဂုဏ္ယူစရာျဖစ္ေနမွာပါ။

Credit