Cele News

ခက်ခဲလွန်းနေတဲ့ CDM သမားတွေအတွက် မရှိမဖြစ်ထားရမယ့်သူမရဲ့ပိုင်ဆိုင်မှုကိုပါ လျစ်လျူရှုပြီး ရှိသမျှငွေတွေအကုန်လှူလိုက်တဲ့ ဟန်နာယူရီ

ခက်ခဲလွန်းနေတဲ့ CDM သမားတွေအတွက်မရှိမဖြစ်ထားရမယ့်သူမရဲ့ပိုင်ဆိုင်မှုကိုပါလျစ်လျူရှုပြီးရှိသမျှငွေတွေအကုန်လှူလိုက်တဲ့ဟန်နာယူရီ

တိုင်းပြည်မငြိမ်မသက်စဖြစ်တဲ့ဖေဖော်ဝါရီ (၁)ရက်နေ့ကတည်းကမြန်မာ့အရေးအတွက်ပါဝင်လှုပ်ရှားခဲ့ပြီးယနေ့ထက်ထိတည်းတက်ကြွနေဆဲဖြစ်တဲ့ဟန်နာယူရီဟာအလှူတွေအဆက်မပြတ်လုပ်သလိုအခုလက်ရှိမှာလည်းသူမအိမ်လခပေးရမယ့်ငွေတွေကိုပါ CDM သမားတွေအတွက်လှူဒါန်းပေးခဲ့ပါတယ်။ကျောင်းကထောက်ပံ့ခဲ့တဲ့ထောက်ပံ့ကြေးငွေနဲ့လှူဒါန်းတဲ့အပြင်တစ်ချို့ခက်ခဲလွန်းတဲ့အခြေအနေတွေကြောင့်မနေသာတော့ဘဲအိမ်ငှားခငွေတွေကိုပါအခုလိုထုတ်လှူလိုက်တာပဲဖြစ်ပါတယ်။သူမအနေနဲ့ကိုရီးယားမှာလတ်တလောအလုပ်မရှိသေးဘဲရပ်တည်နေရတာဖြစ်လို့ကိုယ်တိုင်လည်းအခက်အခဲတွေနဲ့ ရှင်သန်နေရသူပါ။

ချစ်ခင်နွေးထွေးပေးကြတဲ့သူမရဲ့အသိမိတ်ဆွေတွေကြောင့်သာနေပျော်သလိုထင်ရပေမယ့်ကိုယ့်တိုင်းပြည်မအေးချမ်းတာတွေကိုမြင်တိုင်းယိင်းတစ်ယောက်စိတ်မချမ်းမသာဖြစ်ရသလိုတိုင်းပြည်အရေးကိုကမ္ဘာကသိစေဖို့အတွက်လည်းသူမရဲ့လူမှုကွန်ရက်တွေကိုအသုံးချပြီးနေ့တိုင်းသတင်းအမှန်တွေဝေမျှပေးခဲ့ပါတယ်။ လှူဒါန်းလိုက်ရတဲ့သူမရဲ့ပီတိကိုဒီလမြန်မာအတွက် total (၁၃)ယောက်စာလှူပါတယ်ကျောင်းကပေးတဲ့ထောက်ပံ့ကြေးနဲ့လှူတာပါထောက်ပံ့ကြေးကကြာနေတာနဲ့အချို့လူတွေကစားရေးအရမ်းခက်ခဲနေတာနဲ့ကျမကအိမ်လခနဲ့ဒီနေ့စိုက်လှူလိုက်ပါတယ်ထပ်အလှူခံလာသူတွေကိုထပ်မလှူနိုင်သေးတာနားလည်ပေးကြပါကျမလည်းအလုပ်မရှိဝင်ငွေမရှိဖြစ်နေလို့ပါရှင့်ဆိုပြီး Instagram Myday မှာရင်ဖွင့်လာခဲ့ပါတယ်။

နိုင်ငံရပ်ခြားကိုရောက်နေပေမယ့်မြန်မာပြည်အတွက်သွေးအေးမနေဘဲရတဲ့ဖက်ကနေအမြဲတမ်းတက်တက်ကြွကြွကူညီပေးတာ တကယ်ကိုကျေးဇူးတင်ဖို့ကောင်းပါတယ်။ကိုရီးယားမှာလည်းမြန်မာ့အရေးနဲ့ပတ်သက်ပြီး အင်တာဗျူးတွေအမြဲဖြေပေးကာခက်ခဲနေတဲ့ မြန်မာပြည်အတွက်ကောက်ရိုးတစ်မျှင်ဖြစ်ပေးခဲ့ပါတယ်။မှန်ကန်တဲ့သတင်းတွေကိုကမ္ဘာကသိစေဖို့ဒီလိုလူမျိုးတွေအများကြီးလိုအပ်ပါတယ်။ဘယ်တော့မှသွေးအေးမသွားဘဲမြန်မာပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေခဲ့ပါတယ်။အိမ်လခပေးရမယ့်ငွေအထိပါစိုက်ထုတ်ပြီးလှူဒါန်းပေးတဲ့ယိင်းရဲ့မြင့်မြတ်လွန်းတဲ့စေတနာကိုအကြိမ်ကြိမ်သာဓုခေါ်ဆိုမိပါတယ်။

Zawgyi Version

တိုင္းျပည္မၿငိမ္မသက္စျဖစ္တဲ့ေဖေဖာ္ဝါရီ (၁) ရက္ေန႕ကတည္းကျမန္မာ့အေရးအတြက္ ပါဝင္လႈပ္ရွားခဲ့ၿပီးယေန႕ထက္ထိတည္း တက္ႂကြေနဆဲျဖစ္တဲ့ဟန္နာယူရီဟာအလႉေတြအဆက္မျပတ္ လုပ္သလိုအခုလက္ရွိမွာလည္းသူမအိမ္လခေပးရမယ့္ေငြေတြကိုပါ CDM သမားေတြအတြက္ လႉဒါန္းေပးခဲ့ပါတယ္။ေက်ာင္းကေထာက္ပံ့ခဲ့တဲ့ေထာက္ပံ့ေၾကးေငြနဲ႕လႉဒါန္းတဲ့အျပင္တစ္ခ်ိဳ႕ခက္ခဲလြန္းတဲ့အေျခအေနေတြေၾကာင့္ မေနသာေတာ့ဘဲ အိမ္ငွားခေငြေတြကိုပါအခုလိုထုတ္လႉလိုက္တာပဲျဖစ္ပါတယ္။

ခ်စ္ခင္ႏြေးေထြးေပးၾကတဲ့သူမရဲ႕အသိမိတ္ေဆြေတြေၾကာင့္သာေနေပ်ာ္သလိုထင္ရေပမယ့္ ကိုယ့္တိုင္းျပည္မေအးခ်မ္းတာေတြကိုျမင္တိုင္း ယိင္းတစ္ေယာက္စိတ္မခ်မ္းမသာျဖစ္ရသလို တိုင္းျပည္အေရးကိုကမၻာကသိေစဖို႔အတြက္လည္းသူမရဲ႕လူမႈကြန္ရက္ေတြကိုအသုံးခ်ၿပီးေန႕တိုင္းသတင္းအမွန္ေတြေဝမွ်ေပးခဲ့ပါတယ္။ လႉဒါန္းလိုက္ရတဲ့သူမရဲ႕ပီတိကို ဒီလျမန္မာအတြက္ total (၁၃)ေယာက္စာလႉပါတယ္ ေက်ာင္းကေပးတဲ့ေထာက္ပံ့ေၾကးနဲ႕လႉတာပါ ေထာက္ပံ့ေၾကးကၾကာေနတာနဲ႕အခ်ိဳ႕လူေတြကစားေရးအရမ္းခက္ခဲေနတာနဲ႕က်မကအိမ္လခနဲ႕ဒီေန႕စိုက္လႉလိုက္ပါတယ္ထပ္အလႉခံလာသူေတြကိုထပ္မလႉနိုင္ေသးတာနားလည္ေပးၾကပါ က်မလည္းအလုပ္မရွိဝင္ေငြမရွိ ျဖစ္ေနလို႔ပါရွင့္ဆိုၿပီး Instagram Myday မွာ ရင္ဖြင့္လာခဲ့ပါတယ္။

နိုင္ငံရပ္ျခားကိုေရာက္ေနေပမယ့္ျမန္မာျပည္အတြက္ေသြးေအးမေနဘဲရတဲ့ဖက္ကေန အၿမဲတမ္းတက္တက္ႂကြႂကြကူညီေပးတာ တကယ္ကိုေက်းဇူးတင္ဖို႔ေကာင္းပါတယ္။ကိုရီးယားမွာလည္းျမန္မာ့အေရးနဲ႕ပတ္သက္ၿပီး အင္တာဗ်ဴးေတြအၿမဲေျဖေပးကာခက္ခဲေနတဲ့ ျမန္မာျပည္အတြက္ေကာက္ရိုးတစ္မွ်င္ျဖစ္ေပးခဲ့ပါတယ္။

Credit