တရွာလုံးနီးပါးပြာကျသွားတဲ့မကွေး၊ကင်းမရွာသူရွာသားတွေအတွက်စိတ်မကောင်းဖြစ်ရလွန်းလို့ အာဏာရှင်ဘက်တော်သားတွေကိုမေတ္တာရပ်ခံလိုက်တဲ့ တန်ခွန်ကျော်
လတ်တလောနေရာဒေသတချို့တွေမှာနေအိမ်၊စာသင်ကျောင်း၊ဘာသာရေးအဆောက်အဦးတွေဟာနေ့စဉ်သလိုမီးလောင်ပျက်စီးမှုတွေဖြစ်ပွားနေသလိုတိုက်ပွဲတွေဖြစ်ပွားနေတဲ့ချင်း၊ကယားပြည်နယ်အတွင်းမှာလည်းစစ်ရဲ့အနိဌာရုံခံနေရပြီးလက်နက်ကြီးထိမှန်ကာလူနေအိမ်တွေအများဆုံးမီးလောင်ပျက်စီးနေတာကိုတွေ့မြင်ရပါတယ်။စစ်ဘေးရှောင်နေရတဲ့ပြည်သူများကလည်းသိန်းနဲ့ချီရှိလာခဲ့ပြီးဒုက္ခကြီးစွာခံစားနေရတာဖြစ်ပါတယ်။
ဇွန်လ(၁၅)ရက်နေ့ကလည်းမကွေးမြို့နယ်ကကင်းမရွာလေးမှာဒေသခံပြည်သူတွေနဲ့စစ်ကောင်စီတို့အကြားနှစ်ဘက်တင်းမာမှုတွေကြောင့်တစ်ရွာလုံးနီးပါးမီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။ဒါ့အပြင်ဒေသခံတွေရဲ့ပြောပြချက်အရမီးလောင်သွားတဲ့အထဲတွေမှာမသန်မစွမ်းဖြစ်နေတဲ့သက်ကြီးရွယ်အိုတွေလည်းပါသွားတယ်လို့သိရပါတယ်။ယင်းမီးလောင်ပျက်စီးသွားတာနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူရပ်တည်ပေးနေတဲ့ Myanmar idol မှအဆိုရှင်ချင်းတိုင်းရင်းသားလေးဖြစ်တဲ့တန်ခွန်ကျော်ကလည်းအိုးအိမ်တွေပျက်စီးဆုံးရှုံးခဲ့ရတဲ့ပြည်သူတွေအတွက်ကိုယ်ချင်းစာပေးကြဖို့အာဏာရှင်ဘက်တော်သားတွေကိုမေတ္တာရပ်ခံလာခဲ့ပါတယ်။
မကွေးနယ်ကကင်းမရွာလေးမီးပြာကျသွားပြီအိမ်ဆိုတာမိသားစုတစ်ခုရဲ့အားပါသူတို့တွေဘယ်လောက်တောင်စိတ်ဓာတ်ကျနေကြမလဲအခုလိုကာလမှာအိမ်တစ်လုံးဘယ်လိုဆောက်နိုင်မှာလဲ။အရာရာတန်ဖိုးကြီးပေးဝယ်နေရတဲ့ခေတ်ကြီးမှာခင်ဗျားတို့ရဲ့အတ္တတစ်ခုထဲကြောင့်အိုးအိမ်မဲ့ကုန်ပြီကိုယ်ချင်းစာပေးကြပါမလုပ်ကြပါနဲ့တော့ဆိုပြီးစိတ်မကောင်းစွာရေးသားထားပါတယ်။ကင်းမရွာလေးမီးလောင်သွားရတာကိုပြည်သူများကလည်းစိတ်မကောင်းဖြစ်နေပြီးဆုတောင်းပေးထားကြတာကိုတွေ့ရပါတယ်။
ZawGyi Version
လတ္တေလာေနရာေဒသတခ်ိဳ႕ေတြမွာေနအိမ္၊စာသင္ေက်ာင္း၊ဘာသာေရးအေဆာက္အဦးေတြဟာေန႕စဥ္သလိုမီးေလာင္ပ်က္စီးမႈေတြျဖစ္ပြားေနသလိုတိုက္ပြဲေတြျဖစ္ပြားေနတဲ့ခ်င္း၊ ကယားျပည္နယ္အတြင္းမွာလည္းစစ္ရဲ႕ အနိဌာ႐ုံခံေနရၿပီးလက္နက္ႀကီးထိမွန္ကာလူေနအိမ္ေတြ အမ်ားဆုံးမီးေလာင္ပ်က္စီးေနတာကိုေတြ႕ျမင္ရပါတယ္။
ယင္းမီးေလာင္ပ်က္စီးသြားတာနဲ႕ပတ္သက္ၿပီး ျပည္သူေတြနဲ႕အတူရပ္တည္ေပးေနတဲ့ Myanmar idol မွအဆိုရွင္ခ်င္းတိုင္းရင္းသားေလးျဖစ္တဲ့တန္ခြန္ေက်ာ္ကလည္းအိုးအိမ္ေတြပ်က္စီးဆုံးရႈံးခဲ့ရတဲ့ျပည္သူေတြအတြက္ကိုယ္ခ်င္းစာေပးၾကဖို႔အာဏာရွင္ဘက္ေတာ္သားေတြကိုေမတၱာရပ္ခံလာခဲ့ပါတယ္။
မေကြးနယ္က ကင္းမ႐ြာေလးမီးျပာက်သြားၿပီအိမ္ဆိုတာ မိသားစုတစ္ခုရဲ႕အားပါသူတို႔ေတြဘယ္ေလာက္ေတာင္စိတ္ဓာတ္က်ေနၾကမလဲအခုလိုကာလမွာ အိမ္တစ္လုံးဘယ္လိုေဆာက္နိုင္မွာလဲ။အရာရာတန္ဖိုးႀကီးေပးဝယ္ေနရတဲ့ေခတ္ႀကီးမွာခင္ဗ်ားတို႔ရဲ႕အတၱတစ္ခုထဲေၾကာင့္ အိုးအိမ္မဲ့ကုန္ၿပီကိုယ္ခ်င္းစာေပးၾကပါမလုပ္ၾကပါနဲ႕ေတာ့ဆိုၿပီးစိတ္မေကာင္းစြာေရးသားထားပါတယ္။
Credit