မြန်မာပြည်ရဲ့နွေဦးတော်လှန်ရေးအတွက် ငွေကျပ်သိန်းပေါင်း (၁၆၀၀) ကျော်လှူဒါန်းပေးခဲ့တဲ့အမေရိကက အလှူရှင်မိသားစု
မြန်မာပြည်အကျပ်အတည်းကာလတွေနဲ့ရင်ဆိုင်နေရချိန်မှာ ပြည်ပရောက်မြန်မာပြည်သားတွေဟာလည်းအမိမြေအတွက်နိုင်ရာတာဝန်ထမ်းခဲ့ကြပါတယ်။ဒီနေ့မှာလည်းအမေရိကနိုင်ငံမှာနေထိုင်တဲ့(ကိုဇော်မျိုး + မသူသူအောင်)မိသားစုကမြန်မာ့နွေဦးတော်လှန်ရေးအတွက်အမေရိကန်ဒေါ်လာတစ်သိန်းလှူဒါန်းပေးခဲ့ပါတယ်။
ဒီငွေပမာဏဟာအတော်လေးကိုများပြားပြီး မြန်မာငွေနဲ့ဆိုငွေကျပ်သိန်းပေါင်း (၁၆၀၀) ကျော်ခန့်ရှိပါတယ်။ငွေကြေးထက်စေတနာကပိုလွန်သွားတဲ့အချိန်မှာလှူဒါန်းတဲ့ပမာဏထက် လှူဒါန်းသူရဲ့သဒ္ဓါစိတ်ကသာပိုပြီးကြည်နူးစရာကောင်းလွန်းတာမျိုးပါ။လူ့အခွင့်အရေးအပြည့်အဝရတဲ့နိုင်ငံမှာအေးအေးချမ်းချမ်းနေလို့ရပေမယ့် အမိမြေရဲ့အခက်အခဲကိုလျစ်လျူမရှုဘဲအခုလိုလှူဒါန်းပေးတဲ့စေတနာကပြောမကုန်နိုင်အောင်ပါပဲ။ဝမ်းပန်းတသာလှူဒါန်းပေးကြတဲ့အလှူရှင်တွေကိုမြန်မာပြည်သူပြည်သားတွေကသာဓုအကြိမ်ကြိမ်ခေါ်ဆိုကြပြီးကျေးဇူးတင်ကြောင်းတွေလည်းပြောခဲ့ပါသေးတယ်။ဒီငွေတွေဟာတကယ်လိုအပ်နေတဲ့နေရာတွေကိုရောက်တော့မှာဖြစ်လို့အခက်အခဲဖြစ်သူတွေအတွက်အုတ်တစ်ချပ်သဲတစ်ပွင့်စာလောက်အဆင်ပြေသွားရင်တောင်ကျေနပ်စရာကောင်းလွန်းပါတယ်။
အလှူရှင်မိသားစုရဲ့ပြောင်မြောက်တဲ့စေတနာနဲ့လှူဒါန်းနေတဲ့ပုံရိပ်တွေကိုကိုဇော်မျိုး + မသူသူအောင် မိသားစုကနွေဦးတော်လှန်ရေးအတွက် ဒေါ်လာတစ်သိန်းလှူဒါန်းကြောင်းသိရှိရတဲ့အတွက်နိုင်ငံချစ်စိတ်နဲ့အတူမွေးဖွားရာဇာတိမြေအပေါ် ထားရှိတဲ့စေတနာတို့ကိုမြင်မိရင်း တကယ်ကိုပဲလေးစားဂုဏ်ယူမိပါတယ်ခင်ဗျာ။အလှူရှင်မိသားစုကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေ။အရေးတော်ပုံအောင်ရမည်။ဆိုပြီးပီတိဖြစ်ရသူတစ်ယောက်ကဝေမျှလာခဲ့ပါတယ်။ဘယ်ဖက်ကတစ်ဆုပ်ကြဲလို့ညာဖက်ကတစ်လှည်းဝင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်။
Zawgyi Version
မြန်မာပြည်အကျပ်အတည်းကာလတွေနဲ့ရင်ဆိုင်နေရချိန်မှာ ပြည်ပရောက်မြန်မာပြည်သားတွေဟာလည်းအမိမြေအတွက်နိုင်ရာတာဝန်ထမ်းခဲ့ကြပါတယ်။ဒီနေ့မှာလည်းအမေရိကနိုင်ငံမှာနေထိုင်တဲ့(ကိုဇော်မျိုး + မသူသူအောင်) မိသားစုကမြန်မာ့နွေဦးတော်လှန်ရေးအတွက် အမေရိကန်ဒေါ်လာတစ်သိန်းလှူဒါန်းပေးခဲ့ပါတယ်။
ဒီငွေပမာဏဟာအတော်လေးကိုများပြားပြီး မြန်မာငွေနဲ့ဆိုငွေကျပ်သိန်းပေါင်း (၁၆၀၀) ကျော်ခန့်ရှိပါတယ်။ငွေကြေးထက်စေတနာကပိုလွန်သွားတဲ့အချိန်မှာလှူဒါန်းတဲ့ပမာဏထက် လှူဒါန်းသူရဲ့သဒ္ဓါစိတ်ကသာပိုပြီးကြည်နူးစရာကောင်းလွန်းတာမျိုးပါ။လူ့အခွင့်အရေးအပြည့်အဝရတဲ့နိုင်ငံမှာအေးအေးချမ်းချမ်းနေလို့ရပေမယ့် အမိမြေရဲ့အခက်အခဲကိုလျစ်လျူမရှုဘဲအခုလိုလှူဒါန်းပေးတဲ့စေတနာကပြောမကုန်နိုင်အောင်ပါပဲ။ဝမ်းပန်းတသာလှူဒါန်းပေး ကြတဲ့အလှူရှင်တွေကိုမြန်မာပြည်သူပြည်သားတွေကသာဓုအကြိမ်ကြိမ်ခေါ်ဆိုကြပြီး ကျေးဇူးတင်ကြောင်းတွေလည်းပြောခဲ့ပါသေးတယ်။ဒီငွေတွေဟာတကယ်လိုအပ်နေတဲ့နေရာတွေကိုရောက်တော့မှာဖြစ်လို့အခက်အခဲဖြစ်သူတွေအတွက်အုတ်တစ်ချပ်သဲတစ်ပွင့်စာလောက်အဆင်ပြေသွားရင်တောင်ကျေနပ်စရာကောင်းလွန်းပါတယ်။
အလှူရှင်မိသားစုရဲ့ပြောင်မြောက်တဲ့စေတနာနဲ့လှူဒါန်းနေတဲ့ပုံရိပ်တွေကိုကိုဇော်မျိုး + မသူသူအောင် မိသားစုကနွေဦးတော်လှန်ရေးအတွက် ဒေါ်လာတစ်သိန်းလှူဒါန်းကြောင်းသိရှိရတဲ့အတွက်နိုင်ငံချစ်စိတ်နဲ့အတူမွေးဖွားရာဇာတိမြေအပေါ် ထားရှိတဲ့စေတနာတို့ကိုမြင်မိရင်း တကယ်ကိုပဲလေးစားဂုဏ်ယူမိပါတယ်ခင်ဗျာ။အလှူရှင်မိသားစုကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာပါစေ။အရေးတော်ပုံအောင်ရမည်။
Credit