အခက်အခဲဖြစ်နေတဲ့သူတွေကသူမဆီကိုအကူအညီတောင်းတာအရမ်းများပြီးပြန်လည်မကူညီနိုင်တာကြောင့် စိတ်မကောင်းဖြစ်နေတဲ့စူးရှထက်
စူးရှထက်ကတော့လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့အခြေအနေတွေမှာပြည်သူတွေနဲ့ အတူ အမှန်တရားဘက်ကနေရပ်တည်ကာလူထုလှုပ်ရှားမှုကြီးကိုအားကြိုးမာန်တက်လုပ်ဆောင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ပြည်သူတွေအားလုံးစည်းလုံးညီညွှတ်စွာပြုလုပ်ကြတဲ့နွေဦးတော်လှန်ရေးမှာစူးရှထက်ကလမ်းမပေါ်ထွက်ကာလှုပ်ရှားမှုတွေပြုလုပ်သလိုအလှူအတန်းမှာလည်းလက်မနှေးတဲ့သူပဲဖြစ်ပါတယ်။သူမရဲ့ချွေးနည်းစာငွေကြေးနဲ့အလှူအတန်းတွေပြုလုပ်နေတာဖြစ်ပြီးအလှူရှင်တွေနဲ့စုပေါင်းကာဒီလိုကာလမှာအခက်အခဲဖြစ်နေတဲ့ပြည်သူတွေအတွက်ကိုယ်တိုင်သွားရောက်လှူဒါန်းကုသိုလ်ပြုနေတာလည်းဖြစ်ပါတယ်။သူကိုယ်တိုင်လည်းချွေတာခဲ့သလိုသူမရဲ့ကားကိုတောင်ရောင်းချကာလိုအပ်တဲ့နေရာတွေကို လှူဒါန်းပေးနေသူတစ်ယောက်ပါ။
မကြာခင်နာရီပိုင်းလောက်ကသူမရဲ့လူမှုကွန်ရက် စာမျက်နှာထက်မှာအကြောင်းအရာလေးတစ်ခုကိုရေးသားဖော်ပြလာပါတယ်။သူမဆီကို ဒုက္ခရောက်လို့အလှူလာခံကြသူတွေများပြားကြောင်းနဲ့သူမအနေနဲ့လည်းဖြစ်နိုင်ရင်အကုန်ကူညီချင်ပေမယ့်အခုအချိန်မှာဆိုင်လည်းမဖွင့်နိုင်သေးတာကြောင့်အဆင်မပြေမှုတွေများစွာရှိနေလို့ ပြန်လည်မကူညီနိုင်တာများစွာစိတ်မကောင်းဖြစ်နေမိကြောင်းကိုအခက်ခဲဖြစ်နေတဲ့သူတွေကိုအကုန်ကူညီချင်တာပါတကယ်စိတ်ရင်းနဲ့ပါကိုယ်ကလဲသူဋ္ဌေးမဟုတ်တော့အကုန်မကူညီနိုင်တော့လို့ပါအမှန်တိုင်းပြောပြမယ်အမှန်တိုင်းပြောလို့လဲအထင်သေးမယ်ဆိုလဲအထင်သေးလို့ရပါတယ်ကိုယ့်မှာပိုင်ဆိုင်တာဆိုလို့ ဆိုင်လေးရယ်ကားလေးရယ်ကားလေးကလဲရောင်းလှူလိုက်လို့ကုန်သွားပါပြီရှိတဲ့ဆိုင်လေးကလဲနိုင်ငံရေးမကောင်းလို့ပိတ်ထားရတယ် ဆိုင်ဖွင့်liveလွှင့်ရောင်းလို့ရပေမဲ့အများဒုက္ခရာက်နေချိန်မိုးခါးရေ မသောက်ရက်ပါဘူးဆိုင်ကလဲဒီလကုန်စာချုပ်ချုပ်ရမယ်ဆက်ဖွင့်ရမလားပိတ်လိုက်ရမလားမသိနဲ့ကျွန်မလမ်းတွေပျောက်နေပါတယ်။
ကျွန်မကရှိလို့လှူတာမဟုတ်ပါဘူးကိုယ့်စားမဲ့ထဲကလျှော့စားပြီလှူတာပါဒုက္ခရောက်နေတဲ့သူတွေဘယ်လောက်များနေလဲဆိုတာသိပါတယ် တစ်နေ့တစ်နေ့ကျွန်မ cbမှာစာတွေအဆောင်ပေါင်းမနည်းဘူးကူညီချင်ပါတယ်အရမ်းကိုကူညီချင်တာပါကျွန်မမှာတကယ်မရှိတော့လို့ပါဒီစာရိုက်ရင်းကျွန်မဆန္ဒတွေမပြည့်ဝလို့မျက်တွေကျနေရပါတယ်မကူညီနိုင်တော့လို့တောင်းပန်ပါတယ်ရှင့်ဆိုပြီးရေးသားဖော်ပြထားရာပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးရင်းစူးရှထက်တစ်ယောက်လည်းအဆဆအရာရာအဆင်ပြေပါစေဆုတောင်းပေးလိုက်ပါတယ်။
Zawgyi Version
Credit