Cele News

သီလရှင်ဝတ်ဖို့ဆံချတဲ့အချိန်မှာဘဲ မိဘနှစ်ပါးကိုသတိရပြီးမျက်ရည်မထိန်းနိုင်တော့ဘဲငိုကြွေးနေတဲ့ သိင်္ဂီထွန်း

သီလရှင်ဝတ်ဖို့ဆံချတဲ့အချိန်မှာဘဲမိဘနှစ်ပါးကိုသတိရပြီးမျက်ရည်မထိန်းနိုင်တော့ဘဲငိုကြွေးနေတဲ့သိင်္ဂီထွန်း

ရုပ်ရှင်သရုပ်ဆောင်မင်းသမီးကြီးသိင်္ဂီထွန်းကတော့ယနေ့မှာပဲသာသနာ့ဘောင်ကိုဝင်ရောက်သွားပြီဖြစ်ကြောင်းလူမှုကွန်ယက်စာမျက်နှာကတစ်ဆင့်ပရိသတ်တွေကိုအသိပေးလိုက်ပြီဖြစ်ပါတယ်။သိင်္ဂီထွန်းကသူတစ်ပါးကိုစိတ်စေတနာသန့်သန့်နဲ့ကူညီမှုတွေမြောက်များစွာပြုပြီးတဲ့နောက်မှာနစ်နာဆုံးရှုံးမှုတွေနဲ့သံဝေဂတရားတွေရပြီးစိတ်ပြေပျောက်ဖို့ဒီလိုမိုးသည်းနေ့မှာ သီလရှင်ဝတ်ဖြစ်ခဲ့တာဖြစ်ကြောင်းပြောပြထားတာဖြစ်ပါတယ်။

သိင်္ဂီထွန်းကဆရာလေးသုနန္ဒာအဖြစ်ခံယူပြီး တိတ်ဆိတ်တဲ့နေရာတစ်ခုမှာတရားအားထုတ်တော့မှာပဲဖြစ်ပါတယ်။သဘာဝအတိုင်း အေးချမ်းသာယာနေတဲ့တောင်ခြေကဓမ္မရိပ်သာမှာကားကိုကိုယ်တိုင်မောင်းပြီတစ်ယောက်တည်းသီလရှင်ဝတ်ဖြစ်မယ်လို့ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့မိဘူးဆိုပြီးပြောထားတာလည်းဖြစ်ပါတယ်။သိင်္ဂီထွန်းကတော့သီလရှင်ဝတ်ဖို့ ဆံချတဲ့အချိန်မှာလည်းမျက်ရည်မထိန်းနိုင်ဘဲ ငိုကြွေးခဲ့သေးတာဖြစ်ပါတယ်။

ဆံချတဲ့အချိန်မှာအခုလိုငိုရတဲ့အကြောင်းရင်းကတော့ကွယ်လွန်သွားပြီဖြစ်တဲ့သူမရဲ့မိဘနှစ်ပါးကိုတမ်းတမိတာကြောင့်ပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ဆရာလေးသုနန္ဒာအတွက် သာဓုခေါ်ဆိုနေကြပြီးတရားထူးတရားမြတ်ရရှိပါစေလို့ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။ ဆရာလေးသုနန္ဒာကလည်းကိုယ်ချင်းစာတရားထားကြပါကတိသစ္စာတည်ကြပါဆိုပြီးပြောခဲ့တာဖြစ်ပါတယ်။

Video ကြည့်ရန်

Zawgyi Version




Credit