အဝေးတစ်နေရာကို ရောက်ရှိနေပြီးကိုဗစ်ကူးစက်ခံထားရတဲ့ဖခင်ဖြစ်သူနဲ့မိခင်ဖြစ်သူကိုမပြုစုပေးနိုင်တာမို့ စိတ်မကောင်းဖြစ်နေတဲ့ စိုပြေမြင့်
MRTV – 4 ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ရင်းပရိသတ်တွေရဲအားပေးမှုကို ရရှိခဲ့တဲ့သရုပ်ဆောင်စိုပြေမြင့်ကတော့အနုပညာလောကမှာနေရာတစ်ခုကိုရရှိနေပြီဖြစ်ပါတယ်။ဟန်ဆောင်မှုမရှိဘဲပေါ့ပေါ့ပါးပါးနေထိုင်ပြောဆိုတတ်တဲ့သူကတော့ပရိသတ်တွေကိုပျော်ရွှင်ရယ်မောအောင်ပြုလုပ်လေ့ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။သူကတော့ကျရာဇာတ်ရုပ်တိုင်းမှာအကောင်းဆုံးပါဝင်သရုပ်ဆောင်လျက်ရှိနေတဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။
ပရိသတ်တွေရဲ့ချစ်ခင်မှုကိုအခိုင်အမာရရှိထားတဲ့သူကတော့မိသားစုနဲ့ဝေးကွာနေပြီးအဝေးတစ်နေရာကိုရောက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ယခုမှာစိုပြေမြင့်တစ်ယောက်ဟာမိခင်ဖြစ်သူနဲ့ ဖခင်ဖြစ်သူတို့ကိုဗစ်ကူးစက်ခံထားရတဲ့အကြောင်းပရိသတ်တွေကိုပြောပြလာခဲ့ပါတယ် ။သရုပ်ဆောင်စိုပြေမြင့်ကတော့အဝေးတစ်နေရာကိုရောက်ရှိနေပြီးကိုဗစ်ကူးစက်ခံထားရတဲ့ဖခင်ဖြစ်သူနဲ့မိခင်ဖြစ်သူကိုမပြုစုပေးနိုင်တာမို့စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။
စိုပြေမြင့်ကတော့ကိုယ့်အဖေနဲ့အမေမှဒီ COVID ရောဂါဆိုးကြီးကူးစက်ခံရတာမြင်တော့ဘယ်လိုခံစားချက်ကြီးဖြစ်သွားမှန်းကိုမသိတော့ဘူး ကိုယ်ကလည်းအဝေးရောက်နေတော့ဘာမှလုပ်မပေးနိုင်ဘူးအမြန်ဆုံးပျောက်သွားမှာပါဖိုက်တင်းနော် lovely D&M ကူးစက်ပုံကအဖေကဆရာဝန်ဆိုတော့ဆေးခန်းဖွင့်ရင်းကနေကူးစက်ရင်းအမေကိုပါကူးသွားတာပါဗျခုကျွန်တော်ပြောချင်တာကရောဂါကိုမပေါ့ဆပါနဲ့ Mask တပ်ကြပါ အကာအကွယ်တွေနဲ့သွားကြပါလက်ဆေးကြပါ အားလုံးလည်းဂရုစိုက်ဖို့သတိပေးတာပါဆိုပြီးလူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားထားခဲ့ပါတယ်။
Zawgyi Version
Credit