Cele News

စစ်ပညာသင်ယူနေရင်း အမေစုရဲ့မွေးနေ့လေးမှာ ပန်းလေးတွေကိုယ်စီပန်ကာ ပန်းသပိတ်ပြုလုပ်ခဲ့ကြတဲ့ ဟားငါးကောင်အဖွဲ့

စစ်ပညာသင်ယူနေရင်းအမေစုရဲ့မွေးနေ့လေးမှာပန်းလေးတွေကိုယ်စီပန်ကာ ပန်းသပိတ်ပြုလုပ်ခဲ့ကြတဲ့ ဟားငါးကောင်အဖွဲ့

ပရိသတ်တွေကိုရယ်မောပျော်ရွှင်စေနိုင်ပြီး လူငယ်လေးတွေနဲ့ဖွဲ့စည်းထားတဲ့လူရွှင်တော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ဟား(၅)ကောင်ကိုသိကြမယ်ထင်ပါတယ်။ဟား(၅)ကောင်အဖွဲ့ဟာအမြဲလိုလိုပြောင်မြောက်ထိမိလှတဲ့ဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုကိုအပြည့်အ၀ရရှိထားသလိုဖေဖော်ဝါရီလအစပိုင်းတည်းကတိုင်အာဏာရှင်ဆန့်ကျင်ရေးမှာပြည်သူနဲ့အတူတစ်သားတည်းရပ်တည်ခဲ့တဲ့လူရွှင်တော်တွေလည်းဖြစ်ပြီးအခုဆိုရင်လည်းလွတ်မြောက်နယ်မြေမှာစစ်သင်တန်းတက်ရောက်နေပြီလည်းဖြစ်ပါတယ်။

ဟားငါးကောင်အဖွဲ့ကအနုပညာအလုပ်တွေလုပ်စဥ်တုန်းကလည်းတက်ညီလက်ညီရှိကြသလိုအခုလိုအချိန်မှာလည်းညီအစ်ကိုရင်းတွေပမာစည်းလုံးညီညွတ်နေကြတာလည်းဖြစ်ပါတယ်။ဟားငါးကောင်အဖွဲ့ကသူတို့ရဲ့ရပ်တည်ချက်အတိုင်းရဲရဲဝံ့ဝံ့လျှောက်လှမ်းနေကြတဲ့လူငယ်လေးတွေဖြစ်ပြီးတောထဲမှာပင်ပန်းဆင်းရဲစွာနဲ့ စစ်ပညာသင်ယူနေကြရင်းမကြာခဏဆိုသလိုလည်းသူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေလှုပ်ရှားမှုပုံရိပ်တွေနဲ့ထင်မြင်ချက်တွေကိုပရိသတ်တွေအတွက်မျှဝေပေးလေ့ရှိတဲ့သူတွေပါ။

ဒီကနေ့ဇွန်လ(၁၉)ရက်နေ့မှာဆိုရင်လည်းဟားငါးကောင်အဖွဲ့ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်အနေနဲ့တောတောင်ထဲမှာစစ်ပညာသင်ယူရင်းပန်းလေးတွေပန်ကာတတ်နိုင်သရွေ့ပါ၀င်ခဲ့ကြတာဖြစ်ပါတယ်။ဒီကနေ့ကိုပြည်သူတစ်ရပ်လုံးကပန်းသပိတ်အနေနဲ့သတ်မှတ်ထားကြတာဖြစ်ပြီးလူတိုင်းနီးပါးပါ၀င်ဆင်နွှဲနေကြတာကိုလည်းတွေ့ရပါတယ်။ဒီပုံရိပ်တွေကိုဟားငါးကောင်အဖွဲ့၀င်တိုင်းကျော်ကသူ့ရဲ့ Facebookစာမျက်နှာမှာအမေ နဲ့အတူဆိုပြီးရေးသားမျှဝေထားပါတယ်။ပရိသတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Zawgyi Version

ပရိသတ္ေတြကိုရယ္ေမာေပ်ာ္႐ႊင္ေစနိုင္ၿပီး လူငယ္ေလးေတြနဲ႕ဖြဲ႕စည္းထားတဲ့လူ႐ႊင္ေတာ္အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ဟား(၅)ေကာင္ကိုသိၾကမယ္ထင္ပါတယ္။ဟား(၅)ေကာင္အဖြဲ႕ဟာအၿမဲလိုလိုေျပာင္ေျမာက္ထိမိလွတဲ့ဟာသျပက္လုံးေတြနဲ႕ ပရိသတ္ေတြရဲ႕အားေပးမႈကိုအျပည့္အ၀ရရွိထားသလိုေဖေဖာ္ဝါရီလအစပိုင္းတည္းကတိုင္ အာဏာရွင္ဆန႔္က်င္ေရးမွာျပည္သူနဲ႕အတူတစ္သားတည္းရပ္တည္ခဲ့တဲ့လူ႐ႊင္ေတာ္ေတြလည္းျဖစ္ၿပီးအခုဆိုရင္လည္းလြတ္ေျမာက္နယ္ေျမမွာစစ္သင္တန္းတက္ေရာက္ေနၿပီလည္းျဖစ္ပါတယ္။

ဟားငါးေကာင္အဖြဲ႕ကအႏုပညာအလုပ္ေတြလုပ္စဥ္တုန္းကလည္းတက္ညီလက္ညီရွိၾကသလို အခုလိုအခ်ိန္မွာလည္းညီအစ္ကိုရင္းေတြပမာစည္းလုံးညီၫြတ္ေနၾကတာလည္းျဖစ္ပါတယ္။ ဟားငါးေကာင္အဖြဲ႕ကသူတို႔ရဲ႕ရပ္တည္ခ်က္အတိုင္းရဲရဲဝံ့ဝံ့ေလွ်ာက္လွမ္းေနၾကတဲ့လူငယ္ေလးေတြျဖစ္ၿပီးေတာထဲမွာပင္ပန္းဆင္းရဲစြာနဲ႕ စစ္ပညာသင္ယူေနၾကရင္းမၾကာခဏဆိုသလိုလည္းသူတို႔ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာကေန လႈပ္ရွားမႈပုံရိပ္ေတြနဲ႕ထင္ျမင္ခ်က္ေတြကို ပရိသတ္ေတြအတြက္မွ်ေဝေပးေလ့ရွိတဲ့သူေတြပါ။

ဒီကေန႕ဇြန္လ(၁၉)ရက္ေန႕မွာဆိုရင္လည္းဟားငါးေကာင္အဖြဲ႕ကနိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိုလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေမြးေန႕အထိမ္းအမွတ္အေနနဲ႕ေတာေတာင္ထဲမွာစစ္ပညာသင္ယူရင္း ပန္းေလးေတြပန္ကာတတ္နိုင္သေ႐ြ႕ပါ၀င္ခဲ့ၾကတာျဖစ္ပါတယ္။ဒီကေန႕ကိုျပည္သူတစ္ရပ္လုံးကပန္းသပိတ္အေနနဲ႕သတ္မွတ္ထားၾကတာျဖစ္ၿပီးလူတိုင္းနီးပါးပါ၀င္ဆင္ႏႊဲေနၾကတာကိုလည္းေတြ႕ရပါတယ္။ဒီပုံရိပ္ေတြကိုဟားငါးေကာင္အဖြဲ႕၀င္တိုင္းေက်ာ္ကသူ႕ရဲ႕ Facebookစာမ်က္ႏွာမွာအေမ နဲ႕အတူဆိုၿပီးေရးသားမွ်ေဝထားပါတယ္။ပရိသတ္ေတြအတြက္ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Credit