Cele News

ကင်းမရွာကို ကိုယ်တိုင်သွားရောက်ခဲ့ပြီး လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ ထူးအယ်လင်း

ကင်းမရွာကိုကိုယ်တိုင်သွားရောက်ခဲ့ပြီးလှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ထူးအယ်လင်း

ပြီးခဲ့တဲ့ရက်ပိုင်းကအကြမ်းဖက်မီးရှို့ဖျက်စီးမှုတွေကြောင့်တစ်ရွာလုံးမီးလောင်ပြာကျခဲ့ရတဲ့ကင်းမရွာကတော့လက်ရှိအခြေအနေတွေမှာအကူအညီတွေတော်တော်များများလိုအပ်နေတာဖြစ်ပါတယ်။ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေဆုံးရှုံးခဲ့ရတာကြောင့်ပရဟိတအဖွဲ့အစည်းတွေနဲ့စေတနာရှင်တွေကအကူအညီပေးနိုင်ဖို့လုပ်ဆောင်နေကြပြီးအဆိုတော်ထူးအယ်လင်းကလည်းသူ့ရဲ့အဖွဲ့သားတွေနဲ့အတူကင်းမရွာကိုကိုယ်တိုင်သွားရောက်ခဲ့ပါတယ်။

ထူးအယ်လင်းဟာမီးလောင်ထားတဲ့ရွာရဲ့အခြေအနေတွေကိုအခက်အခဲတွေကြားကကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှု့ရင်းဒေသခံပြည်သူတွေအတွက် လိုအပ်တာတွေဖေးမကူညီလှူဒါန်းခဲ့တာဖြစ်ပါတယ်။စားနပ်ရိက္ခာတွေနဲ့အခြားလိုအပ်တာတွေလှူဒါန်းရင်း အကြမ်းဖက်မှုတွေကြောင့်ပြည်သူတွေကြုံတွေ့ခံစားနေရတဲ့ဒုက္ခဆင်းရဲတွေအမြန်ဆုံးငြိမ်းအေးအဆင်ပြေစေဖို့ကိုလည်းစိတ်မကောင်းစွာဆုတောင်းပေးထားပါသေးတယ်။

အမြန်အဆင်ပြေကြပါစေဗျာပံ့ပိုးကူညီကြတဲ့ခုနှစ်ရက်သားသမီးရာဟုသားသမီးအပါအလှုရှင်များ၏ကောင်းမှုကိုသာဓုခေါ်ဆိုကုသိုလ်အမျှရကြပါစေသာဓုသာဓုသာဓု၁၉.၆.၂၀၂၁(စနေနေ့)ဆိုပြီးအလှူပုံရိပ်တွေကိုထူးအယ်လင်းကပြန်လည်ဝေမျှထားတာဖြစ်ပါတယ်။အခုလိုအဘက်ဘက်ကနေအကူအညီတွေများစွာလိုအပ်နေတဲ့ကင်းမရွာပြည်သူတွေအတွက်ကိုယ်တိုင်ကိုယ်ကျသွားရောက်အားပေးရင်းဖေးမကူညီခဲ့တဲ့ထူးအယ်လင်းတို့စေတနာရှင်တွေရဲ့အလှူတွေကတော့တကယ်ကိုချီးကျူးသာဓုခေါ်စရာကောင်းလှပါတယ်။

Zawgyi Version

ပည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေဆုံးရှုံးခဲ့ရတာကြောင့်ပရဟိတအဖွဲ့အစည်းတွေနဲ့ စေတနာရှင်တွေကအကူအညီပေးနိုင်ဖို့လုပ်ဆောင်နေကြပြီးအဆိုတော်ထူးအယ်လင်းကလည်းသူ့ရဲ့အဖွဲ့သားတွေနဲ့အတူကင်းမရွာကိုကိုယ်တိုင်သွားရောက်ခဲ့ပါတယ်။


အမြန်အဆင်ပြေကြပါစေဗျာပံ့ပိုးကူညီကြတဲ့ခုနှစ်ရက်သားသမီးရာဟုသားသမီးအပါအလှုရှင်များ၏ကောင်းမှုကိုသာဓုခေါ်ဆိုကုသိုလ်အမျှရကြပါစေသာဓုသာဓုသာဓု(စနေနေ့)ဆိုပြီးအလှူပုံရိပ်တွေကိုထူးအယ်လင်းကပြန်လည်ဝေမျှထားတာဖြစ်ပါတယ်။

Credit