Cele News

ဇာတ်ပို့သရုပ်ဆောင် ကျော်စိုး အာဟာရပြတ်လပ်၍ အရေးပေါ်ဆေးရုံတင်ထားရ

ဇာတ်ပို့သရုပ်ဆောင်ကျော်စိုးအာဟာရပြတ်လပ်၍ အရေးပေါ်ဆေးရုံတင်ထားရ

ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ကိုကျော်စိုးကတော့ဒီနေ့ ဇွန်လ(၂၄)ရက်နေ့မှာပဲအရေးပေါ်ဆေးရုံတင်လိုက်ရတယ်လို့သိရပါတယ်။သရုပ်ဆောင်ဘိုကြီးကကိုကျော်စိုးဆေးရုံတင်ထားတဲ့အကြောင်းကိုပြောပြထားတာဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာကိုဘိုကြီးအနေနဲ့ဖုန်းလိုင်းသိပ်မမိတာကြောင့်တစ်ခုခုသိလိုပါကကိုဘင်းဆီကိုဆက်သွယ်မေးမြန်းနိုင်ကြောင်းပြောထားတာလည်းတွေ့ရပါတယ်။

လက်ရှိမှာတော့သရုပ်ဆောင်ကျော်စိုးကိုမြောက်ဒဂုံမြို့နယ်၊ရာဇဒရာဇ်လမ်းမှာရှိတဲ့ရွှေပိတောက်ဆေးရုံမှာတင်ထားရတာဖြစ်ပါတယ်။ရုတ်တရက်ကြီးဆေးရုံတင်လိုက်ရတဲ့ကိုကျော်စိုးအတွက်အနုပညာမောင်နှမတွေအားလုံးကစိတ်ပူနေကြတာဖြစ်ပါတယ်။ဒါကြောင့် အနုပညာမောင်နှမတွေကကိုကျော်စိုးအတွက်လိုအပ်တဲ့အကူအညီတွေပေးနိုင်ဖို့စီစဉ်နေကြတာဖြစ်ပါတယ်။

နှိုင်းရှင်မြင့်မိုရ်နဲ့ကိုဘင်းတို့စုံတွဲကလည်းသတင်းကြားကြားချင်းမှာပဲကိုကျော်စိုးကိုသွားတွေ့ခဲ့ပေမယ့်ပိုးသတ်ခန်းထဲမှာ(၅)ရက်လောက်ထားရမှာဖြစ်တာကြောင့်တွေ့ခွင့်မရခဲ့ဘူးလို့ရေးသားထားတာတွေ့ရပါတယ်။ကိုကျော်စိုးကတော့အလုပ်မရှိလို့အဆင်မပြေဖြစ်နေတဲ့အချိန်မှာနဂိုကတည်းကကျန်းမာရေးအခံမကောင်းတာကြောင့်အာဟာရပါပြတ်ပြီးလဲသွားတာပဲဖြစ်ပါတယ်။အနုပညာမောင်နှမတွေပြောပြထားတဲ့ကိုကျော်စိုးရဲ့လက်ရှိအခြေအနေကိုလည်းဖော်ပြပေးလိုက်ပါတယ်။

Zawgyi Version

ဇာတ္ပို႔သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ကိုေက်ာ္စိုးကေတာ့ဒီေန႕ ဇြန္လ(၂၄)ရက္ေန႕မွာပဲအေရးေပၚ ေဆး႐ုံတင္လိုက္ရတယ္လို႔သိရပါတယ္။သ႐ုပ္ေဆာင္ဘိုႀကီးကကိုေက်ာ္စိုးေဆး႐ုံတင္ထားတဲ့အေၾကာင္းကိုေျပာျပထားတာျဖစ္ပါတယ္။ဒါေပမဲ့အခုခ်ိန္မွာကိုဘိုႀကီးအေနနဲ႕ဖုန္းလိုင္းသိပ္မမိတာေၾကာင့္တစ္ခုခုသိလိုပါကကိုဘင္းဆီကို ဆက္သြယ္ေမးျမန္းနိုင္ေၾကာင္းေျပာထားတာလည္းေတြ႕ရပါတယ္။

လက္ရွိမွာေတာ့သ႐ုပ္ေဆာင္ေက်ာ္စိုးကို ေျမာက္ဒဂုံၿမိဳ႕နယ္၊ရာဇဒရာဇ္လမ္းမွာရွိတဲ့ေ႐ႊပိေတာက္ေဆး႐ုံမွာတင္ထားရတာျဖစ္ပါတယ္။ ႐ုတ္တရက္ႀကီးေဆး႐ုံတင္လိုက္ရတဲ့ကိုေက်ာ္စိုးအတြက္အႏုပညာေမာင္ႏွမေတြအားလုံးက စိတ္ပူေနၾကတာျဖစ္ပါတယ္။

ႏွိုင္းရွင္ျမင့္မိုရ္နဲ႕ကိုဘင္းတို႔စုံတြဲကလည္းသတင္းၾကားၾကားခ်င္းမွာပဲကိုေက်ာ္စိုးကိုသြားေတြ႕ခဲ့ေပမယ့္ပိုးသတ္ခန္းထဲမွာ(၅)ရက္ေလာက္ ထားရမွာျဖစ္တာေၾကာင့္ေတြ႕ခြင့္မရခဲ့ဘူးလို႔ ေရးသားထားတာေတြ႕ရပါတယ္။ကိုေက်ာ္စိုးကေတာ့အလုပ္မရွိလို႔အဆင္မေျပျဖစ္ေနတဲ့အခ်ိန္မွာနဂိုကတည္းကက်န္းမာေရးအခံမေကာင္းတာေၾကာင့္အာဟာရပါျပတ္ၿပီးလဲသြားတာပဲျဖစ္ပါတယ္။

Credit