Cele News

ကောက်ခံရရှိတဲ့အလှူငွေတွေကို လိုအပ်နေသူတွေဆီတိုက်ရိုက်ရောက်အောင် ကိုယ်တိုင်လမ်းစရိတ်စိုက်ကာသွားရောက်လှူဒါန်းခဲ့တဲ့ အိစိကွေး

ကောက်ခံရရှိတဲ့အလှူငွေတွေကိုလိုအပ်နေသူတွေဆီတိုက်ရိုက်ရောက်အောင်ကိုယ်တိုင်လမ်းစရိတ်စိုက်ကာသွားရောက်လှူဒါန်းခဲ့တဲ့အိစိကွေး

ကလေးသရုပ်ဆောင်အဖြစ်ငယ်စဉ်ကတည်းက အောင်မြင်မှုတွေရရှိထားသလိုယနေ့အချိန်ထိလည်းပရိသတ်အားပေးချစ်ခင်မှုတွေကိုရရှိထားတဲ့အိစိကွေးကတော့အရေးတော်ပုံကာလကြီးမှာပြည်သူတွေနဲ့အတူရပ်တည်နေသူပဲဖြစ်ပါတယ်။အိစိကွေးကတော့လက်ရှိအခြေအနေတွေကြောင့်ပင်ပန်းခက်ခဲစွာရပ်တည်နေကြရတဲ့ပြည်သူတွေအတွက်တတ်နိုင်သလောက်လှူဒါန်းမှုတွေနဲ့ ဖေးမကူညီနေသူလည်းဖြစ်ပါတယ်။

လူငယ်တစ်ယောက်ပီပီအခုလိုကာလမျိုးမှာစိတ်အားထက်သန်စွာနဲ့တစ်တပ်တစ်အားကူညီပေးနေတဲ့အိစိကွေးကတော့တကယ်ကိုချီးကျူးဖို့ကောင်းပါတယ်။မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့်စစ်ဘေးရှောင်ပြည်သူတွေလည်းများလာနေပြီးမီးဘေးကြောင့်စည်းစိမ်ဥစ္စာတွေဆုံးပါးခဲ့ရတဲ့ရွာသူရွာသားတွေလည်းရှိသလိုကုန်ဈေးနှုန်းမြင့်တက်မှုတွေနဲ့ အလုပ်အကိုင်ရှားပါးလာမှုတွေကြောင့်ဒုက္ခရောက်နေကြရတဲ့ပြည်သူတွေလည်းများစွာရှိနေတာဖြစ်ပါတယ်။

အိစိကွေးကကိုယ်တိုင်အလှူခံကာကူညီနေတဲ့သူဖြစ်ပြီးသူ့ရဲ့ Facebookစာမျက်နှာမှာရွှေဘိုဈေးမီးဘေးအတွက်ကျွန်တော်အလှူကောက်ခံရတဲ့(၁၀)သိန်းကျပ်လှူဒါန်းခဲ့ပါတယ်ဗျ။လမ်းစရိတ်တောင်ကိုယ့်ဘာသာပဲစိုက်ခဲ့ပါတယ်။ဦးဇင်း Ven Pawara က(၁၀)သိန်းထဲမှရွှေဘိုစျေးအတွက်အလှူကိုဦးဆောင်ကြတဲ့ဆရာတော်များအဖွဲ့အတွက်(၃)သိန်းကျပ်နှင့်ကျန်အလှူငွေများကို​ရွှေဘိုဈေးမီးလောင်တဲ့အထဲမှအချို့ခက်ခဲသော မိသားစုများအားခွဲဝေလှူဒါန်းပေးခဲ့ပါတယ်ဗျအားလုံးသိရအောင်အသေးစိတ်တင်ပြခြင်းဖြစ်ပါတယ်အလှူငွေကိုလိုအပ်တဲ့နေရာတွေမှာခွဲဝေလှူဒါန်းခြင်းဖြစ်ပါတယ်ဗျကင်းမရွာအတွက်အလှူခံထားတဲ့အလှူငွေတွေကိုလည်း ကိုယ့်စရိတ်နဲ့ကိုယ်ပဲကိုယ်တိုင်သွားရောက်လှူဒါန်းသွားပါမယ်ဗျလှူဒါန်းကြတဲ့အလှူရှင်တွေကိုလည်းအထူးကျေးဇူးတင်ပါတယ်ဗျဆိုပြီးရေးသားမျှဝေထားတာဖြစ်ပါတယ်။ပရိသတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Zawgyi Version

ကေလးသ႐ုပ္ေဆာင္အျဖစ္ငယ္စဥ္ကတည္းက ေအာင္ျမင္မႈေတြရရွိထားသလိုယေန႕အခ်ိန္ထိလည္းပရိသတ္အားေပးခ်စ္ခင္မႈေတြကိုရရွိထားတဲ့အိစိေကြးကေတာ့အေရးေတာ္ပုံကာလႀကီးမွာ ျပည္သူေတြနဲ႕အတူရပ္တည္ေနသူပဲျဖစ္ပါတယ္။ အိစိေကြးကေတာ့လက္ရွိအေျခအေနေတြေၾကာင့္ ပင္ပန္းခက္ခဲစြာရပ္တည္ေနၾကရတဲ့ျပည္သူေတြအတြက္တတ္နိုင္သေလာက္လႉဒါန္းမႈေတြနဲ႕ ေဖးမကူညီေနသူလည္းျဖစ္ပါတယ္။

လူငယ္တစ္ေယာက္ပီပီအခုလိုကာလမ်ိဳးမွာစိတ္အားထက္သန္စြာနဲ႕တစ္တပ္တစ္အားကူညီေပးေနတဲ့အိစိေကြးကေတာ့တကယ္ကိုခ်ီးက်ဴးဖို႔ေကာင္းပါတယ္။ျမန္မာနိုင္ငံရဲ႕လက္ရွိနိုင္ငံေရးအေျခအေနေတြေၾကာင့္စစ္ေဘးေရွာင္ျပည္သူေတြလည္းမ်ားလာေနၿပီးမီးေဘးေၾကာင့္စည္းစိမ္ဥစၥာေတြဆုံးပါးခဲ့ရတဲ့႐ြာသူ႐ြာသားေတြလည္းရွိသလိုကုန္ေဈးႏႈန္းျမင့္တက္မႈေတြနဲ႕ အလုပ္အကိုင္ရွားပါးလာမႈေတြေၾကာင့္ ဒုကၡေရာက္ေနၾကရတဲ့ျပည္သူေတြလည္းမ်ားစြာရွိေနတာျဖစ္ပါတယ္။

အိစိေကြးကကိုယ္တိုင္အလႉခံကာကူညီေနတဲ့သူျဖစ္ၿပီးသူ႕ရဲ႕ Facebookစာမ်က္ႏွာမွာေ႐ႊဘိုေဈးမီးေဘးအတြက္ကြၽန္ေတာ္အလႉေကာက္ခံရတဲ့ (၁၀)သိန္းက်ပ္လႉဒါန္းခဲ့ပါတယ္ဗ်။လမ္းစရိတ္ေတာင္ကိုယ့္ဘာသာပဲစိုက္ခဲ့ပါတယ္။ဦးဇင္း Ven Pawara က(၁၀)သိန္းထဲမွေ႐ႊဘိုေစ်းအတြက္အလႉကိုဦးေဆာင္ၾကတဲ့ဆရာေတာ္မ်ားအဖြဲ႕အတြက္(၃)သိန္းက်ပ္ႏွင့္က်န္အလႉေငြမ်ားကို​ေ႐ႊဘိုေဈးမီးေလာင္တဲ့အထဲမွအခ်ိဳ႕ခက္ခဲေသာ မိသားစုမ်ားအားခြဲေဝလႉဒါန္းေပးခဲ့ပါတယ္ဗ်အားလုံးသိရေအာင္အေသးစိတ္တင္ျပျခင္းျဖစ္ပါတယ္အလႉေငြကိုလိုအပ္တဲ့ေနရာေတြမွာခြဲေဝလႉဒါန္းျခင္းျဖစ္ပါတယ္ဗ်ကင္းမ႐ြာအတြက္အလႉခံထားတဲ့အလႉေငြေတြကိုလည္း ကိုယ့္စရိတ္နဲ႕ကိုယ္ပဲကိုယ္တိုင္သြားေရာက္လႉဒါန္းသြားပါမယ္ဗ်လႉဒါန္းၾကတဲ့အလႉရွင္ေတြကိုလည္းအထူးေက်းဇူးတင္ပါတယ္ဗ်ဆိဳၿပီးေရးသားမွ်ေဝထားတာျဖစ္ပါတယ္။ပရိသတ္ေတြအတြက္ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Credit