နိုင်ငံကျော်အဆိုတော်ဖြစ်ပေမယ့်ကံကြမ္မာရဲ့မျက်နှာမပေးမှုကြောင့်ထင်းမီးပုံပေါ်မှာပဲသဂြိုလ်ခဲ့ရတဲ့ရေမွန်ရဲ့နောက်ဆုံးခရီးဗီဒီယိုဖိုင်
ဒီနေ့မှာတော့ကွယ်လွန်သွားပြီဖြစ်တဲ့အဆိုတော်ရေမွန်ရဲ့ရုပ်ကလာပ်ကိုမြို့လေးတစ်မြို့တွင်သဂြိုလ်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့နောက်ဆုံးခရီးကိုရေမွန်ရဲ့မိသားစုဝင်များနဲ့ပရိသတ်တစ်ချို့မှလိုက်ပါပို့ဆောင်ပေးခဲ့ကြတာဖြစ်ပါတယ်။ရေမွန်ဟာတန်ဖိုးရှိတဲ့အဆိုတော်တစ်ဦးဖြစ်ပြီးသူ့ရဲ့အခန်းကျဉ်းကျဉ်းလေးထဲမှာသီချင်းတော်တော်များများရေးသားဖန်တီးခဲ့တာဖြစ်ပါတယ်။ဂီတမျိုးရိုးရှိသူဖြစ်တာကြောင့်ငယ်စဉ်ကတည်းကသီချင်းတွေကိုကိုယ်တိုင်ရေးသားသီဆိုခဲ့ပြီးလက်ရှိအချိန်မှာတော့နိုင်ငံကျော်အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
အခုလိုလောကကြီးကနေစောစီးစွာထွက်သွားတဲ့ရေမွန်အတွက်ပရိသတ်တွေအားလုံးကဖြေမဆည်နိုင်အောင်ဝမ်းနည်းနေကြဆဲဖြစ်ပါတယ်။နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တာတောင်လက်ရှိအခြေအနေတွေကြောင့်တောထဲမှာဘဲမီးသဂြိုလ်ခဲ့ရတဲ့သူ့ရဲ့အဖြစ်ကိုအားလုံးကစိတ်မကောင်းဖြစ်နေကြတာပါ။မကြာသေးခင်ကတက်လာတဲ့ဗီဒီယိုဖိုင်တစ်ခုမှာလည်းသားရဲ့ဓာတ်ပုံလေးကိုကြည့်ပြီးနှုတ်ဆက်အနမ်းလေးပေးနေတဲ့ရေမွန်ရဲ့မိခင်ကိုမြင်တွေ့လိုက်ရတာကြောင့်မိဘကိုသိတတ်လွန်းတဲ့သားလိမ္မာလေးကိုဆုံးရှုံးလိုက်ရတဲ့အမေတစ်ယောက်ရဲ့ခံစားချက်ကိုအထင်းသားမြင်တွေ့ရပါတယ်။
သူ့ကိုသတိရလွမ်းနေကြတဲ့သူ့ကိုချစ်ခင်ကြသူများကရေမွန်နဲ့ပတ်သက်တဲ့အမှတ်တရများစွာကိုလူမှုကွန်ယက်များတွင်ဒီနေ့ထိရေးသားနေကြဆဲဖြစ်ပါတယ်။မကြာသေးခင်နာရီပိုင်းလောက်ကအဆိုတော်မူးလာရဲ့လူမှုကွန်ယက်တွင်လည်းငြိမ်းချမ်းစွာအိပ်စက်အနားယူပါအခမ်းနားဆုံးသောနောက်ဆုံးခရီးဖြစ်သင့်ပေမယ့်ကံကြမ္မာကမျက်နှာသာမပေးခဲ့တော့အတော်လေးကိုဝမ်းနည်းရတယ်ဗျာနောက်နောင်လူဖြစ်ခဲ့ရင်ဒီလိုဒီနိုင်ငံမှာမဖြစ်ပါနဲ့တော့ဗျာကောင်းကင်ယံကကြည်လင်နေသလိုနောက်ဆုံးမျက်နှာလေးဟာလည်းကြည်လင်တောက်ပဆဲအသက်ဆက်ရှင်နေမယ့်သီချင်းတွေလည်းလင်းလက်နေမှာပါripကိုတွတ်ဆိုပြီးဝမ်းနည်းစရာအဖြစ်အပျက်လေးကိုရေးသားထားတာဖြစ်ပါတယ်။အဆိုတော်ရေမွန်တစ်ယောက်ကောင်းကင်မှာလင်းလက်တောက်ပနေတဲ့ကြယ်ပွင့်လေးအဖြစ်တည်ရှိနေပါစေလို့ဆုတောင်းပေးရင်းဒီသတင်းကိုတင်ဆက်ပေးလိုက်ရပါတယ်။
Video ကြည့်ရန်
Zawgyi Version
ဒီေန႕မွာေတာ့ကြယ္လြန္သြားၿပီျဖစ္တဲ့အဆိုေတာ္ေရမြန္ရဲ႕႐ုပ္ကလာပ္ကိုၿမိဳ႕ေလးတစ္ၿမိဳ႕တြင္သၿဂိဳလ္ခဲ့တာျဖစ္ပါတယ္။သူ႕ရဲ႕ေနာက္ဆုံးခရီးကိုေရမြန္ရဲ႕မိသားစုဝင္မ်ားနဲ႕ပရိသတ္တစ္ခ်ိဳ႕မွလိုက္ပါပို႔ေဆာင္ေပးခဲ့ၾကတာျဖစ္ပါတယ္။ေရမြန္ဟာတန္ဖိုးရွိတဲ့အဆိုေတာ္တစ္ဦးျဖစ္ၿပီးသူ႕ရဲ႕အခန္းက်ဥ္းက်ဥ္းေလးထဲမွာသီခ်င္းေတာ္ေတာ္မ်ားမ်ားေရးသားဖန္တီးခဲ့တာျဖစ္ပါတယ္။ဂီတမ်ိဳးရိုးရွိသူျဖစ္တာေၾကာင့္ငယ္စဥ္ကတည္းကသီခ်င္းေတြကိုကိုယ္တိုင္ေရးသားသီဆိုခဲ့ၿပီးလက္ရွိအခ်ိန္မွာေတာ့နိုင္ငံေက်ာ္အဆိုေတာ္တစ္ေယာက္အျဖစ္ရပ္တည္နိုင္ခဲ့တာျဖစ္ပါတယ္။
အခုလိုေလာကႀကီးကေနေစာစီးစြာထြက္သြားတဲ့ေရမြန္အတြက္ပရိသတ္ေတြအားလုံးကေျဖမဆည္နိုင္ေအာင္ဝမ္းနည္းေနၾကဆဲျဖစ္ပါတယ္။နိုင္ငံေက်ာ္အဆိုေတာ္တစ္ေယာက္ျဖစ္တာေတာင္လက္ရွိအေျခအေနေတြေၾကာင့္ေတာထဲမွာဘဲမီးသၿဂိဳလ္ခဲ့ရတဲ့သူ႕ရဲ႕အျဖစ္ကိုအားလုံးကစိတ္မေကာင္းျဖစ္ေနၾကတာပါ။မၾကာေသးခင္ကတက္လာတဲ့ဗီဒီယိုဖိုင္တစ္ခုမွာလည္းသားရဲ႕ဓာတ္ပုံေလးကိုၾကည့္ၿပီးႏႈတ္ဆက္အနမ္းေလးေပးေနတဲ့ေရမြန္ရဲ႕မိခင္ကိုျမင္ေတြ႕လိုက္ရတာေၾကာင့္မိဘကိုသိတတ္လြန္းတဲ့သားလိမၼာေလးကိုဆုံးရႈံးလိုက္ရတဲ့အေမတစ္ေယာက္ရဲ႕ခံစားခ်က္ကိုအထင္းသားျမင္ေတြ႕ရပါတယ္။
သူ႕ကိုသတိရလြမ္းေနၾကတဲ့သူ႕ကိုခ်စ္ခင္ၾကသူမ်ားကေရမြန္နဲ႕ပတ္သက္တဲ့အမွတ္တရမ်ားစြာကိုလူမႈကြန္ယက္မ်ားတြင္ဒီေန႕ထိေရးသားေနၾကဆဲျဖစ္ပါတယ္။မၾကာေသးခင္နာရီပိုင္းေလာက္ကအဆိုေတာ္မူးလာရဲ႕လူမႈကြန္ယက္တြင္လည္း ၿငိမ္းခ်မ္းစြာအိပ္စက္အနားယူပါအခမ္းနားဆုံးေသာေနာက္ဆုံးခရီးျဖစ္သင့္ေပမယ့္ကံၾကမၼာကမ်က္ႏွာသာမေပးခဲ့ေတာ့အေတာ္ေလးကိုဝမ္းနည္းရတယ္ဗ်ာေနာက္ေနာင္လူျဖစ္ခဲ့ရင္ဒီလိုဒီနိုင္ငံမွာမျဖစ္ပါနဲ႕ေတာ့ဗ်ာေကာင္းကင္ယံကၾကည္လင္ေနသလိုေနာက္ဆုံးမ်က္ႏွာေလးဟာလည္းၾကည္လင္ေတာက္ပဆဲအသက္ဆက္ရွင္ေနမယ့္သီခ်င္းေတြလည္းလင္းလက္ေနမွာပါripကိုတြတ္ဆိုၿပီးဝမ္းနည္းစရာအျဖစ္အပ်က္ေလးကိုေရးသားထားတာျဖစ္ပါတယ္။
Credit