Cele News

မိဘမဲ့ကလေးငယ်လေးတွေ ကျယ်ကျယ်ဝန်းဝန်းနေနိုင်ဖို့အတွက် ဂေဟာအသစ်ဆောက်လုပ်နေပြီး မကြာခင်ပြီးစီးတော့မှာမို့ ဝမ်းသာနေတဲ့ ခိုင်နှင်းဝေ

မိဘမဲ့ကလေးငယ်လေးတွေကျယ်ကျယ်ဝန်းဝန်းနေနိုင်ဖို့အတွက် ဂေဟာအသစ်ဆောက်လုပ်နေပြီးမကြာခင်ပြီးစီးတော့မှာမို့ဝမ်းသာနေတဲ့ခိုင်နှင်းဝေ

အနုပညာအလုပ်တွေကိုအချိန်အတော်ကြာလုပ်ကိုင်နေခဲ့ပြီးကျရာဇာတ်ရုပ်တွေမှာအကောင်းဆုံးပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးခိုင်နှင်းဝေကတော့ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိထားသူတစ်ယောက်ပဲဖြစ်ပါတယ်။ပရဟိတမင်းသမီးလို့ပရိသတ်တွေကခေါ်ကြပြီးပရဟိတအလုပ်တွေကိုကြိုးကြိုးစားစားလုပ်ကိုင်နေတဲ့သူမကတော့အလှူအတန်းတွေမှာလည်းရက်ရက်ရောရာပါဝင်လှူဒါန်းလေ့ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။သူမကတော့စားဝတ်နေရေးမပြေလည်တဲ့မိသားစုတွေကိုလည်းတတ်နိုင်သလောက်လှူဒါန်းပေးလေ့ရှိပါတယ်။

အကြောင်းအမျိုးမျိုးကြောင့်စွန့်ပစ်ခံထားရတဲ့ ကလေးငယ်လေးတွေကိုလည်းခေါ်ယူမွေးစားလေ့ရှိတဲ့ ခိုင်နှင်းဝေကတော့မိဘမဲ့ဂေဟာကို ကိုယ်တိုင်ဦးစီးနေသူတစ်ယောက်ဖြစ်ပြီး မိဘမဲ့ကလေးငယ်လေးတွေကိုကိုယ်တိုင်ပြုစုစောင့်ရှောက်ပေးလျက်ရှိနေပါတယ်။သူမကတော့ခြေထောက်တုလိုအပ်နေသူတွေကိုလည်း ခြေထောက်တုတွေလှူဒါန်းပေးလေ့ရှိပါတယ်။သူမကတော့ယခုမှာမွေးစားထားတဲ့ကလေးငယ်လေးတွေ ကျယ်ကျယ်ဝန်းဝန်းနဲ့ဆော့ကစားနိုင်ဖို့အတွက်မိဘမဲ့ဂေဟာအသစ်လေးတည်ဆောက်နေပြီးမကြာခင်ပြီးစီးတော့မှာမို့ဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်။

အဆိုပါမိဘမဲ့ဂေဟာအသစ်ကို ဆောက်လုပ်နေခဲ့တာယခုဆိုရင် 75%ပြီးစီးနေပြီပဲဖြစ်ပါတယ်။ခိုင်နှင်းဝေကတော့ 75% ပြီးစီးနေပြီဖြစ်တဲ့ကလေးတို့ဂေဟာအသစ်လေးဆိုပြီးမိဘမဲ့ဂေဟာအသစ်ဆီသွားရောက်ခဲ့တဲ့ပုံရိပ်လေးတွေနဲ့အတူလူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။မိဘမဲ့ဂေဟာအသစ်ဆောက်လုပ်နေတဲ့နေရာဆီသွားကြည့်ခဲ့တဲ့မင်းသမီးခိုင်နှင်းဝေရဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Zawgyi Version




Credit