Cele News

လိုင်းပေါ်တင်ပြီး ချပြလို့မရလို့ ကိုယ်လှူခဲ့ တာတွေ အားလုံးကို တနေ့ တို့တွေ အောင်မြင်သွားတဲ့အခါကျမှ ဂုဏ်ယူပြီး ဖော်ပြပါမယ်လို့ ရင်ဖွင့်လာတဲ့ ပိုးကြာဖြူခင်

လိုင်းပေါ်တင်ပြီးချပြလို့မရလို့ကိုယ်လှူခဲ့တာတွေ အားလုံးကိုတနေ့တို့အောင်မြင်သွားတဲ့အခါကျမှဂုဏ်ယူပြီးဖော်ပြပါမယ်လို့ရင်ဖွင့်လာတဲ့ပိုးကြာဖြူခင်

ပရိသတ်တွေရဲ့အချစ်တော်တစ်ဦးဖြစ်တဲ့သရုပ်ဆောင်မင်းသမီးပိုးကြာဖြူခင်ကတော့ MRTV-4ဇာတ်လမ်းတွဲတွေရိုက်ကူးရာကနေအောင်မြင်ကျော်ကြားလာတဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။သူမကိုလူသိများလာစေတာကတော့ဆိုင်းမိုင်ဆိုတဲ့ဇာတ်ရုပ်နဲ့ပရိသတ်အချစ်တွေအခိုင်အမာရရှိကာတစ်ခဲနက်အောင်မြင်မှုတွေရရှိခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေနဲ့အလုပ်အပေါ်မှာလည်းလေးစားတဲ့သူမကမိဘကိုရှာဖွေကျွေးမွေးပြုစုနေတဲ့သမီးအလိမ္မာလေးတစ်ယောက်လည်းဖြစ်ပါတယ်။ပိုးကြာဖြူခင်ကတော့လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာတတ်နိုင်တဲ့ဘက်ကနေပြည်သူတွေအတွက်အလှူလေးတွေမကြာခဏဆိုသလိုပြုလုပ်နေတာကိုပရိသတ်တွေမြင်တွေ့ကြရမှာပါ။နည်းသည်များသည်ဖြစ်စေခုလိုအချိန်မှာပေးကမ်းဝေမျှခြင်းကလည်းမွန်မြတ်လှပါတယ်။

ယခုလည်းသူမကအလှူတွေဆက်လက်လုပ်နေတာဖြစ်ပြီးသူမလှူခဲ့တာတွေကိုလူမှုကွန်ယက်ပေါ်တင်ပြီးချပြလို့မရတာတွေကိုတနေ့ အောင်မြင်မှုရရှိသွားတော့မှသာဂုဏ်ယူပြီးဖော်ပြမယ်လို့ဆိုပါတယ်။ပိုးကြာဖြူခင် ရေးသားထားတာလေးကတော့လိုင်းပေါ်တင်ပြီးချပြလို့မရခဲ့တဲ့ကိုယ်ပါဝင်ခဲ့တာတွေကိုယ်လှူခဲ့ထောက်ပံ့ပေးခဲ့တာတွေအားလုံးကိုတနေ့တို့တွေအောင်မြင်သွားတဲ့အခါကျမှဂုဏ်ယူပြီးဖော်ပြပါမယ်အများအကျိုးအတွက်အနစ်နာခံစွန့်လွှတ်ကြိုးစားပေးခဲ့ကြသူများကိုအစဉ်လေးစားလျှက်ဆိုပြီးသူမရဲ့Facebookစာမျက်နှာမှာပိုစ့်တင်လာတာလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Zawgyi Version




Credit