Cele News

ဖေဖေ ပြေတီဦးနဲ့ မေမေ အူဝဲတို့ ထောင်ထဲရောက်နေချိန် ( ၆ ) နှစ်ပြည့်မွေးနေ့အတွက် အလိုချင်ဆုံး ဆုကို ထုတ်ပြောလာတဲ့ သားလေး ဖိုးဓီ

ဖေဖေပြေတီဦးနဲ့မေမေအူဝဲတို့ထောင်ထဲရောက်နေချိန် ( ၆ )နှစ်ပြည့်မွေးနေ့အတွက်အလိုချင်ဆုံးဆုကိုထုတ်ပြောလာတဲ့သားလေးဖိုးဓီ

အကယ်ဒမီဆုရှင်အိန္ဒြာကျော်ဇင်ကတော့အနုပညာလောကမှာဒီနေ့ဒီအချိန်ထိထိပ်ဆုံးမှာရပ်တည်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်ကတော့အခုဆိုရင်သရုပ်ဆောင်ပြေတီဦးနဲ့သာယာတဲ့အိမ်ထောင်တစ်ခုကိုတည်ထောင်ထားပြီးစီးပွားရေး၊လူမှုရေးလုပ်ငန်းတွေကိုလည်းလုပ်ကိုင်နေလျက်ရှိသူတွေဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းတွေအဖြစ်သုဒြာရုပ်ရှင်ထုတ်လုပ်ရေးနဲ့အီတလီနိုင်ငံထုတ် The Bridge အမှတ်တံဆိပ်လက်ကိုင်အိတ်တွေကိုမြန်မာနိုင်ငံမှာတစ်ဦးတည်းကိုယ်စားလှယ်ယူရောင်းချနေတာပဲဖြစ်ပြီးပြေတီဦးနဲ့အိနြ္ဒာကျော်ဇင်တို့ဟာပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့အတူပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိထားကြတဲ့အကယ်ဒမီဇနီးမောင်နှံတွေပဲဖြစ်ပါတယ်။

အမြဲစိတ်တူကိုယ်တူနဲ့ရှိခဲ့ကြတဲ့သူတို့နှစ်ဦးဟာမြန်မာနိုင်ငံမှာဖေဖော်ဝါရီလ၁ရက်နေ့ကတည်းကစတင်ခဲ့တဲ့လူထုလှုပ်ရှားမှုတွေမှာပြည်သူတွေနဲ့အတူအမှန်တရားဘက်ကရပ်တည်ပေးခဲ့ကြပါတယ်။ဒါ အပြင်CDMဝန်ထမ်းတွေရဲ့လစာအတွက်ကိုလဲတာဝန်ယူဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်၊ဒါကြောင့်မတရားအာဏာသိမ်းထားတဲ့စစ်ကောက်စီရဲ့အလိုချင်ဆုံး၂ဦးဖြစ်ခဲ့ရပါတယ်၊ပုဒ်မ၅၀၅ကနဲ့အမှုဖွင့်အရေးယူထားခြင်းခံရတာတဲ့အတွက်ထွက်ပြေးသိမ်းရှောင်ရင်းမိသားစုတွေကိုခြိမ်းခြောက်ကာလာရောက်အဖမ်းခံဖို့ပြောလာခဲ့တာကြောင့် ၂ဦးလုံးအဖမ်းခံလိုက်ရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေစဉ်မှာလည်းသားလေးနဲ့ သမီးလေးကိုတွေ့ခွင့်မရခဲ့ကြပါဘူး။သားသမီးတစ်ဖက်၊ပြည်သူတစ်ဖက်ယှဉ်လာခဲ့တဲ့အချိန်မှာပြည်သူတွေကိုဘဲရွေးချယ်သွားခဲ့ပြီးနောက်ဆုံးမှာတော့ဖမ်းဆီးခံခဲ့ရတာပဲဖြစ်ပါတယ်။နောက်ဆုံးအကြိမ်အဖြစ်သားနဲ့သမီးမျက်နှာလေးကိုအိမ်မှာလာရောက်တွေ့ခဲ့ရပီးအဖမ်းခံခဲ့ရတာပဲဖြစ်ပါတယ်။ဒီကနေ့ ဇွန်လ(၂၇)ရက်နေ့ကပြည်သူချစ်အနုပညာရှင်သရုပ်ဆောင်ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့သားငယ်လေးဖိုးဓီရဲ့(၆နှစ်)ပြည့်မွေးနေ့ လေးပဲဖြစ်ပါတယ်။

မိဘတွေအနားမှာမရှိတော့အရမ်းအားငယ်နေမှာအသေချာပဲနော်။သားလေးဖိုးဓီကဒီကနေ့သား မွေးနေ့လေးမှာသားအလိုချင်ဆုံးမွေးနေ့လက် ဆောင်တောင်းပါဆိုရင်သားအလိုချင်ဆုံးက ဖေဖေနဲ့မေမေကိုသာအမြန်ဆုံးပြန်တွေ့ ချင်နေပါပြီဆိုပြီးဝမ်းနည်းစွာပြောလာတာပဲဖြစ်ပါတယ်။ဖိုးဓီလေးဒီနေ့မှာကျရောက်တဲ့မွေးနေ့မှစပြီး အသက်ရာကျော်ရှည်ပြီး၊ဖေဖေ၊မေမေတို့နဲ့အမြန်ဆုံးပြန်လည်ဆုံဆည်းနိုင်ပါစေလို့ဆုတောင်းပေးတဲ့ပရိသတ်တွေလည်းအများကြီးရှိနေပါတယ်။အိန္ဒြာကျော်ဇင်တို့မိသားစုကိုချစ်ကြတဲ့ပရိသတ်ကြီးလည်းသားလေးကိုဆုတောင်းစကားလေးပြောပေးသွားကြပါအုံးနော်။

Zawgyi Version

အကယ္ဒမီဆုရွင္ အိႏၵျာေက်ာ္ဇင္ကေတာ့အႏု ပညာေလာကမွာဒီေန႕ဒီအခ်ိန္ထိထိပ္ဆုံးမွာ ရပ္တည္ေနသူတစ္ေယာက္ပဲျဖစ္ပါတယ္။အိႏၵျာေက်ာ္ဇင္ကေတာ့အခုဆိုရင္သ႐ုပ္ေဆာင္ေျပတီဦးနဲ႕ သာယာတဲ့အိမ္ေထာင္တစ္ခုကိုတည္ေထာင္ထားၿပီးစီးပြားေရး၊လူမႈေရးလုပ္ငန္းေတြကိုလည္းလုပ္ကိုင္ေနလ်က္ရွိသူေတြျဖစ္ပါတယ္။စီးပြားေရးလုပ္ငန္းေတြအျဖစ္သုျဒာ႐ုပ္ရွင္ထုတ္လုပ္ေရးနဲ႕အီတလီနိုင္ငံထုတ္ The Bridge အမွတ္တံဆိပ္လက္ကိုင္အိတ္ေတြကိုျမန္မာနိုင္ငံမွာတစ္ဦးတည္းကိုယ္စားလွယ္ယူေရာင္းခ်ေနတာပဲျဖစ္ၿပီးေျပတီဦးနဲ႕အိျနၵာေက်ာ္ဇင္တို႔ဟာပီျပင္တဲ့သ႐ုပ္ေဆာင္ခ်က္ေတြနဲ႕အတူပရိတ္သတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈကိုရရွိထားၾကတဲ့အကယ္ဒမီဇနီးေမာင္ႏွံေတြပဲျဖစ္ပါတယ္။

အၿမဲစိတ္တူကိုယ္တူနဲ႕ရွိခဲ့ၾကတဲ့သူတို႔ႏွစ္ဦးဟာျမန္မာနိုင္ငံမွာေဖေဖာ္ဝါရီလ၁ရက္ေန႕ကတည္းကစတင္ခဲ့တဲ့လူထုလႈပ္ရွားမႈေတြမွာျပည္သူေတြနဲ႕အတူအမွန္တရားဘက္ကရပ္တည္ေပးခဲ့ၾကပါတယ္။ဒါ အျပင္CDMဝန္ထမ္းေတြရဲ႕လစာအတြက္ကိုလဲတာဝန္ယူေဆာင္႐ြက္ခဲ့တာပဲျဖစ္ပါတယ္၊ဒါေၾကာင့္မတရားအာဏာသိမ္းထားတဲ့စစ္ေကာက္စီရဲ႕အလိုခ်င္ဆုံး၂ဦးျဖစ္ခဲ့ရပါတယ္၊ပုဒ္မ၅၀၅ကနဲ႕အမႈဖြင့္အေရးယူထားျခင္းခံရတာတဲ့အတြက္ထြက္ေျပးသိမ္းေရွာင္ရင္းမိသားစုေတြကိုၿခိမ္းေျခာက္ကာလာေရာက္အဖမ္းခံဖို႔ေျပာလာခဲ့တာေၾကာင့္ ၂ဦးလုံးအဖမ္းခံလိုက္ရပါတယ္။

ထြက္ေျပးတိမ္းေရွာင္ေနစဥ္မွာလည္းသားေလးနဲ႕ သမီးေလးကိုေတြ႕ခြင့္မရခဲ့ၾကပါဘူး။သားသမီး တစ္ဖက္၊ျပည္သူတစ္ဖက္ယွဥ္လာခဲ့တဲ့အခ်ိန္မွာ ျပည္သူေတြကိုဘဲေ႐ြးခ်ယ္သြားခဲ့ၿပီးေနာက္ဆုံးမွာေတာ့ဖမ္းဆီးခံခဲ့ရတာပဲျဖစ္ပါတယ္။ ေနာက္ဆုံးအႀကိမ္အျဖစ္သားနဲ႕သမီးမ်က္ႏွာေလးကိုအိမ္မွာလာေရာက္ေတြ႕ခဲ့ရပီးအဖမ္းခံခဲ့ရတာပဲျဖစ္ပါတယ္။

မိဘေတြအနားမွာမရွိေတာ့အရမ္းအားငယ္ေနမွာအေသခ်ာပဲေနာ္။သားေလးဖိုးဓီကဒီကေန႕သား ေမြးေန႕ေလးမွာသားအလိုခ်င္ဆုံးေမြးေန႕လက္ ေဆာင္ေတာင္းပါဆိုရင္သားအလိုခ်င္ဆုံးက ေဖေဖနဲ႕ေမေမကိုသာအျမန္ဆုံးျပန္ေတြ႕ ခ်င္ေနပါၿပီဆိုၿပီးဝမ္းနည္းစြာေျပာလာတာပဲျဖစ္ပါတယ္။ ဖိုးဓီေလးဒီေန႕မွာက်ေရာက္တဲ့ေမြးေန႕မွစၿပီး အသက္ရာေက်ာ္ရွည္ၿပီး၊ေဖေဖ၊ေမေမတို႔နဲ႕အျမန္ဆုံးျပန္လည္ဆုံဆည္းနိုင္ပါေစလို႔ဆုေတာင္း ေပးတဲ့ပရိသတ္ေတြလည္းအမ်ားႀကီးရွိေနပါတယ္။

Credit