Cele News
ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ပြန်လွတ်မယ်ဆိုတဲ့သတင်းကို အကယ်ဒမီပေးပွဲထက် ပိုပြီးရင်ခုန်စိတ်လှုပ်ရှားနေကြောင်း ဖွင့်ဟလာတဲ့ နှိုင်းရှင်မြင့်မိုရ်
ဖမ်းဆီးထိန်းသိမ်းခံထားရသူများပြန်လွတ်မယ်ဆိုတဲ့သတင်းကိုအကယ်ဒမီပေးပွဲထက်ပိုပြီးရင်ခုန်စိတ်လှုပ်ရှားနေကြောင်းဖွင့်ဟလာတဲ့နှိုင်းရှင်မြင့်မိုရ်
ဒီနေ့မှာတော့အားလုံးအတွက်ဝမ်းသာစရာသတင်းလေးတစ်ခုရှိနေပါတယ်။ဒါကတော့ဆန္ဒပြပွဲတွေမှာဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲမှအယောက်(၂၀၀၀)ကျော်ကိုအကျဉ်းထောင်အသီးသီးကနေဒီနေ့မှာပြန်လွှတ်ပေးတော့မယ်လို့ကနဦးသတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။မနက်ကတည်းကအကျဉ်းထောင်တွေရဲ့အရှမိသားစုဖမ်းဆီးထိန်းသိမ်းခံထားရသူတွေရဲ့မိသားစုဝင်များကမျှော်လင့်တကြီးစောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။
ပြန်လွှတ်ပေးမယ့်အထဲတွင်အနုပညာရှင်များပါဝင်ပါစေလို့လည်းပြည်သူတွေများကဆုတောင်းပေးနေကြတာဖြစ်ပါတယ်။အနုပညာအသိုင်းဝိုင်းမှညီအစ်ကိုမောင်နှမတွေကလည်းအကျဉ်းထောင်ထဲမှာရောက်ရှိနေကြတဲ့သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်မိတ်ဆွေများပြန်လည်လွတ်မြောက်လာဖို့အတွက်ရင်ခုန်စိတ်လှုပ်ရှားနေကြတာဖြစ်ပါတယ်။မကြာသေးခင်နာရီပိုင်းလောက်ကလည်းသရုပ်ဆောင်နှိုင်းရှင်မြင့်မိုရ်ရဲ့လူမှုကွန်ယက်တွင်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးသူမရဲ့ခံစားချက်လေးကိုရေးသားထားတာဖြစ်ပါတယ်။
ဒါကတော့ဖမ်းဆီးထိန်းသိမ်းခံထားရသူများပြန်လွတ်မယ်ဆိုတဲ့သတင်းကိုအကယ်ဒမီပေးပွဲထက်ပိုပြီးရင်ခုန်စိတ်လှုပ်ရှားနေကြောင်းပြောပြထားတာဖြစ်ပါတယ်။သူမကလည်းအကယ်ဒမီပေးတာတောင်ဒီလောက်ရင်မခုန်ဘူးList ကကြိုသိနေလို့ခုဟာကကတုန်ကယင်နဲ့ဖြစ်နိုင်ရင်အားလုံးကိုအိမ်ပြန်ရစေချင်တာအနုပညာရှင်တွေမှမဟုတ်ဘူးအားလုံးကို ြန်‌လွှတ်စေချင်တာပါ(သူခိုးဓားပြမုဒိန်းကောင်တွေကလွဲ၍)အားလုံးမှာအိမ်ရှိသလိုအားလုံးမှာမိသားစုရှိတယ်လေဆိုပြီးရေးသားထားတာဖြစ်ပါတယ်။အခုလိုသတင်းတွေထွက်ပေါ်နေပေမယ့်အခုထက်ထိတော့ဘယ်သူမှလွတ်မြောက်လာခြင်းတော့မရှိသေးပါဘူး။ဖမ်းဆီးထိန်းသိမ်းခံထားရသူများအားလုံးချစ်ရသူများအားလုံးနဲ့မကြာခင်အချိန်အတွင်းမှာပြန်ဆုံနိုင်ပါစေလို့ဆုတောင်းပေးရင်းဒီသတင်းကိုတင်ဆက်ပေးလိုက်ရပါတယ်။
Zawgyi Version
Credit