Cele News

ချစ်ရတဲ့ကိုကို သံသရာအကြွေးမပါစေချင်တာကြောင့် အကြွေး ၃ သိန်းတောင်းရတာပါဆိုလာတဲ့ ရေမွန်ရဲ့ ချစ်သူလေး ကေ

ချစ်ရတဲ့ကိုကိုသံသရာအကြွေးမပါစေချင်တာကြောင့် အကြွေး၃သိန်းတောင်းရတာပါဆိုလာတဲ့ရေမွန်ရဲ့ ချစ်သူလေးကေ

 

ပရိသတ်တွေကိုစိတ်ဖြောင့်ဖြောင့်နဲ့ချန်ခဲ့တဲ့အဆိုတော်ရေမွန်ကတော့တော်လှန်ရေးနေရာတခုမှာရောဂါကြောင့်ကွယ်လွယ်သွားခဲ့တာဘဲဖြစ်ပါတယ်။ပရိသတ်တွေအားလုံးကလည်းမယုံနိုင်ကြဘဲထပ်တူဝမ်းနည်းခဲ့ရပါတယ်။ရေမွန်ရဲ့နောက်ဆုံးခရီးကိုလည်းချစ်သူဖြစ်သူ​ကေကလိုက်ပါပို့ဆောင်ခြင်းမရှိတဲ့အပေါ်မှာလည်းသူမကတော့တိတ်ဆိတ်နေပြီးသူမရဲ့မိခင်ဖြစ်သူကသာဖြေရှင်းလာခဲ့ပါတယ်။

သူမကချစ်သူသေဆုံးထားပြီးခံစား၇လွန်းလို့ အဖျား၁၀၂ ရှိနေလို့ပါဆိုပြီးဖြေရှင်းလာတော့လည်းပရိသတ်တွေကနားလည်ပေးခဲ့ကြပြန်ပါတယ်။ဒီနေ့လေးမှာဖြစ်ခဲ့တဲ့ကိစ္စလေးကတော့သူမကိုမိသားစုအပေါင်းအသင်းများအပါအဝင်ပရိသတ်များကပါလက်မခံနိုင်တဲ့အထိဖြစ်သွားခဲ့ရပါတယ်။ချစ်သူကေကရေမွန်မသေဆုံးခင်မှာ Bar မှာသွားရင်သုံးဖို့ဆိုပြီးဟော့ပေါ့ဖိုးငွေသား ၃သိန်းနဲ့ ဖုန်းကိုလက်ဆောင်အနေနဲ့ပေးထားခဲ့တယ်လို့သိရပါတယ်။

ချစ်သူသေဆုံးပြီးလို့ရက်တောင်မလည်သေးဘဲနဲ့ ရေမွန်မိခင်နဲ့ ညီမဖြစ်သူဆီကနေအကြွေးပြန်တောင်းတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ကေကပိုက်ဆံပြန်တောင်းရတဲ့အကြောင်းရင်းကိုလည်းကေ့ပိုက်ဆံလည်းမဟုတ်ပါဘူးအဲ့၃သိန်းကကလည်းမတောင်းမိပါဘူးတကယ့်လူရင်းတွေပါကေ့ပေါ် အထင်လွဲ တာသိရတော့တကယ်စိတ်မကောင်းဘူးသိချင်ရင်လာမေးလို့ရပါတယ်အသံဖိုင်လည်းရှိပါတယ်ဖုန်းတောင်းတယ်ဆိုတာလည်းသူ့ညီမလေးဆီက၁ရက်ပဲတောင်းတာပါနှစ်ယောက်ဓါတ်ပုံနဲ့ videoလေးတွေကူးချင်လို့ပါ။

ရက်တောင်မလည်သေးဘူးဒါမျိုးတွေတောက်လျောက်ဖြစ်နေတဲ့အတွက်တကယ်စိတ်မကောင်းပါဘူးအခုဒီကိစ္စမှာအထင်လွဲသွားရင်အန်တီရောညီမလေးရော band ကသူတွေကောအကုန်လုံးကိုကေအားနာပါတယ်လို့ဖြေရှင်းထားခဲ့ပေမဲ့သူမကပရိသတ်တွေကောမန့်မှာလည်းမေးလို့မရအောင်ကောမန့်ပိတ်ပြီးဖြေရှင်းလာတာဖြစ်တဲ့အတွက်မကျေမနပ်တွေဖြစ်နေခဲ့ကြပြန်ပါတယ်။

ဒီနေ့မှာတော့ချစ်သူရေမွန်ရက်လည်တဲ့နေ့ဖြစ်ပြီး သူမကထပ်မံပြီးတော့အလကားနေအလကားး blame ချင်နေသူတွေရဲ့အမြင်​မှာတော့စောင်ကြွေးတောင်းတယ်ပေါ့လေတကယ်ကကို့ကို့ကိုသံသရာအကြွေးမပါစေချင်တာပါချစ်တယ်ကိုကိုလို့ရေးသားပြီး profile lock ချသွားခဲ့ပါတယ်။

Credit