Cele News

ပြန်လွတ်မလာသေးတဲ့ မောင်ဖြစ်သူပိုင်တံခွန်နဲ့ပတ်သက်ပြီး သတင်းမှားတွေ လျောက်မတင်ဖို့ပြောလာတဲ့ ပိုင်တံခွန်ရဲ့အစ်မ

ပြန်လွတ်မလာသေးတဲ့မောင်ဖြစ်သူပိုင်တံခွန်နဲ့ပတ်သက်ပြီးသတင်းမှားတွေလျောက်မတင်ဖို့ပြောလာတဲ့ပိုင်တံခွန်ရဲ့အစ်မ

နိုင်ငံတကာထိအောင်မြင်ခဲ့တဲ့မင်းသားချောပိုင်တံခွန်ကတော့လူထုလှုပ်ရှားမှုတွေမှာတတ်တတ်ကြွကြွပါဝင်ခဲ့ပြီး၅၀၅ကဖြင့်အမှုဖွင့်ခံခဲ့ရကာနေအိမ်မှာဘဲဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ယနေ့ဇွန်လ (၃၀)ရက်နေ့မှာတော့ မြန်မာတစ်နိုင်ငံလုံးရှိအကျဉ်းထောင်တွေကနေ အကျဉ်းသား(၂၀၀၀)ကျော်ခန့်ကိုလွှတ်ပေးမှာဖြစ်ကြောင်းသတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ယနေ့မှာလွတ်မြောက်လာမယ့်ပြည်သူတွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အနုပညာရှင်တွေလည်း ပါဝင်လာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ အားလုံးက စောင့်စားနေကြတာဖြစ်ပါတယ်။ဒါပေမဲ့လူမှုကွန်ယက်စာမျက်နှာတွေထက်မှာတော့သရုပ်ဆောင်ပိုင်တံခွန် လွတ်မြောက်လာပြီဆိုပြီးသတင်းအမှားတွေထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးပိုင်တံခွန်ရဲ့မိသားစုဝင်တစ်ဦးကပြန်ဖြေရှင်းထားတာလည်းတွေ့ရပါတယ်။

ပိုင်တံခွန်ရဲ့မိသားစုဝင်တစ်ဦးကအပိုင်ကြီးကိုရေးတင်နေကြတာမျက်စိနဲ့တပ်အပ်မြင်ခဲ့ကြလို့လားမိသားစုထက်တောင်ပိုသိနေကြတာနော် စိတ်တိုနေရတဲ့အထဲဘုမသိဘမသိနဲ့အာမချောင်ကြပါနဲ့တောင်းပန်ပါတယ်ဆိုပြီးသတင်းအမှားတွေမဖြန့်ကြဖို့ပြောထားတာဖြစ်ပါတယ်။အစ်မဖြစ်သူရဲ့ရေးသားပြောပြချက်အရသရုပ်ဆောင်ပိုင်တံခွန်ကအခုချိန်အထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးတာကြောင့်မိသားစုဝင်တွေကဆက်လက်စောင့်မျှောနေရဆဲဖြစ်ပါတယ်။ပြည်သူတွေနဲ့ပရိသတ်တွေကလည်းပိုင်တံခွန်အမြန်ဆုံးလွတ်မြောက်စေဖို့အတွက်ဆုတောင်းနေကြတာဖြစ်ပါတယ်။

Zawgyi Version

နိုင္ငံတကာထိေအာင္ျမင္ခဲ့တဲ့မင္းသားေခ်ာပိုင္တံခြန္ကေတာ့ လူထုလႈပ္ရွားမႈေတြမွာတတ္တတ္ႂကြႂကြပါဝင္ခဲ့ၿပီး ၅၀၅ ကျဖင့္အမႈဖြင့္ခံခဲ့ရကာ ေနအိမ္မွာဘဲဖမ္းဆီးခံခဲ့ရတာျဖစ္ပါတယ္။ယေန႕ဇြန္လ (၃၀)ရက္ေန႕မွာေတာ့ ျမန္မာတစ္နိုင္ငံလုံးရွိ အက်ဥ္းေထာင္ေတြကေန အက်ဥ္းသား (၂၀၀၀)ေက်ာ္ခန႔္ကို လႊတ္ေပးမွာျဖစ္ေၾကာင္း သတင္းေတြထြက္ေပၚေနခဲ့တာ ျဖစ္ပါတယ္။

ယေန႕မွာလြတ္ေျမာက္လာမယ့္ ျပည္သူေတြထဲမွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ အႏုပညာရွင္ေတြလည္း ပါဝင္လာမယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႕ အားလုံးက ေစာင့္စားေနၾကတာ ျဖစ္ပါတယ္။ဒါေပမဲ့ လူမႈကြန္ယက္စာမ်က္ႏွာေတြထက္မွာေတာ့ သ႐ုပ္ေဆာင္ပိုင္တံခြန္ လြတ္ေျမာက္လာၿပီဆိုၿပီး သတင္းအမွားေတြ ထြက္ေပၚခဲ့တာ ျဖစ္ပါတယ္။ ဒီသတင္းနဲ႕ပတ္သက္ၿပီး ပိုင္တံခြန္ရဲ႕မိသားစုဝင္တစ္ဦးက ျပန္ေျဖရွင္းထားတာလည္း ေတြ႕ရပါတယ္။

ပိုင္တံခြန္ရဲ႕မိသားစုဝင္တစ္ဦးကအပိုင္ႀကီးကို ေရးတင္ေနၾကတာမ်က္စိနဲ႕တပ္အပ္ျမင္ခဲ့ၾကလို႔လားမိသားစုထက္ေတာင္ပိုသိေနၾကတာေနာ္ စိတ္တိုေနရတဲ့အထဲဘုမသိဘမသိနဲ႕အာမေခ်ာင္ၾကပါနဲ႕ ေတာင္းပန္ပါတယ္ဆိုၿပီးသတင္းအမွားေတြမျဖန႔္ၾကဖို႔ေျပာထားတာျဖစ္ပါတယ္။အစ္မျဖစ္သူရဲ႕ေရးသားေျပာျပခ်က္အရသ႐ုပ္ေဆာင္ ပိုင္တံခြန္ကအခုခ်ိန္အထိျပန္လည္လြတ္ေျမာက္လာျခင္းမရွိေသးတာေၾကာင့္မိသားစုဝင္ေတြက ဆက္လက္ေစာင့္ေမွ်ာေနရဆဲျဖစ္ပါတယ္။

Credit