ယနေ့မှာပဲကွယ်လွန်သွားခဲ့ပြီးညနေပိုင်းမှာပဲရေဝေးသုဿာန်မှာမီးသဂြိုလ်ခဲ့တဲ့ရုပ်ရှင်သရုပ်ဆောင်မင်းသားကြီးဦးညွှန့်ဝင်း(၈၂)နှစ်ရဲ့စျာပနမြင်ကွင်းများ
ရုပ်ရှင်နှင့်သရုပ်ဆောင်အကယ်ဒမီများရှင်ဦးညွန့်ဝင်းကွယ်လွန်သွားတဲ့ဝမ်းနည်းစရာနာရေးသတင်းလေးကြောင့်ပြည်သူတွေဝမ်းနည်းကြေကွဲနေကြရပါတယ်။ဒီကနေ့ဇူလိုင်လ(၁)ရက်နေ့မနက်အစောပိုင်းမှာပဲဘဝတစ်ပါးကိုကွယ်လွန်ကူးပြောင်းသွားခဲ့တဲ့ဘဘဦးညွှန့်ဝင်းရဲ့ဈာပနအခမ်းအနားကိုလည်းကွယ်လွန်တဲ့နေ့တစ်ရက်တည်းမှာကျင်းပပြုလုပ်ခဲ့ပါတယ်။
ကွယ်လွန်သူဘဘဦးညွှန့်ဝင်းအသက်(၈၂)ရဲ့နောက်ဆုံးခရီးကိုတော့ညနေပိုင်းအချိန်လာက်ကရေဝေးသုသာန်မှာမီးသဂြိုလ်ခဲ့တာဖြစ်ပါတယ်။ဈပနအခမ်းအနားလေးမှာမိသားစုတွေနဲ့အတူအနုပညာအသိုင်းအဝိုင်းမှမိတ်ဆွေတွေကလည်းလိုက်ပါပို့ဆောင်ပေးခဲ့ကြပြီးနောက်ဆုံးအချိန်နှုတ်ဆက်ခဲ့ကြတာလည်းတွေ့ရပါတယ်။ဘဘဦးညွှန့်ဝင်းရဲ့ဈာပနခရီးလေးကိုမြန်မာနိုင်ငံလူမှုကူညီရေးအသင်း(ဗဟန်း)မှဖေးမကူညီမေးခဲ့တာဖြစ်ပါတယ်။
အစားထိုးမရတဲ့အနုပညာကြယ်ပွင့်ကြီးကိုဆုံးရှုံးလိုက်ရတဲ့အတွက်ပရိသတ်တွေအားလုံးကလည်းဝမ်းနည်းစိတ်မကောင်းဖြစ်ခြင်းတွေနဲ့ကောင်းရာသုဂတိလားစေဖို့ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။
Zawgyi Version
Credit