ပိုင်တံခွန်ပြန်လည်လွတ်မြောက်ခြင်းမရှိတဲ့အတွက်ဝမ်းနည်းပြီးနေမကောင်းဖြစ်နေတဲ့ပိုင်တံခွန်မိခင်
ပရိသတ်တွေချစ်ခင်အားပေးရဲ့မင်းသားချောပိုင်တံခွန်ကတော့နိုင်ငံတကာထိအောင်မြင်နေပြီးနှာခမ်းနီမလေးတွေအသည်းစွဲအားပေးမှုရရှိနေတာဘဲဖြစ်ပါတယ်။ပိုင်တံခွန်ကတော်လှန်ရေးစတင်ကတည်းကပြည်သူတွေနဲ့အတူအမှန်တရားဘက်ကတစ်သားတည်းရပ်တည်ခဲ့ပြီးလမ်းပေါ်ထွက်ကာလူထုလှုပ်ရှားမှုတွေမှာလဲအင်တိုက်အားတိုက်ပါဝင်ခဲ့ပါတယ်။ဒီလိုအင်တိုက်အားတိုက်ပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကနဲ့အမှုဖွင့်အရေးယူထားခြင်းခံရပြီးဖမ်းဆီးထိန်းထားတာခံလိုက်ရပါတယ်။
ပြီးခဲ့တဲ့ဇွန်လ၃၀ရက်နေ့ဟာဆိုရင်ဖမ်းဆီးထိန်းသိမ်းထားတဲ့ပြည်သူ၄၀၀၀ကျော်ပြည်သူ၂၀၀၀ကျော်ခန့်ပြန်လည်လွှတ်မြောက်ပေးလိုက်ပါတယ်၊ပြန်လည်လွှတ်မြောက်လာတဲ့ထဲမှာသရုပ်ဆောင်မင်းသားပိုင်တံခွန်ဟာပါဝင်လာခြင်းမရှိခဲ့ပါဘူး၊ဒီအတွက်ကြောင့်လဲပိုင်တံခွန်ကိုချစ်ကြတဲ့ပရိတ်သတ်တွေနဲ့မိသားစုဝင်တွေကလဲစိတ်မကောင်းဖြစ်နေကြရပါတယ်။
အာ့တာကြောင့်ပိုင်တံခွန်ရဲ့အမေဟာယနေ့ထိနေမကောင်းဖြစ်နေတယ်လို့အမဖြစ်သူကသူမရဲ့MyDay Storyမှာတင်ထားခြင်းဖြစ်ပါတယ်၊မနေ့ကတည်းကဆီးချိုအရမ်းတက်နေတဲ့အမေအခုထိမကျသေးဘူးဆိုပြီးရေးသားဖော်ပြထားပြီးတော့လုလိုလုပ်ရတာပျော်လားဗျာဆိုပြီူလဲခံစားချက်တစ်ချို့ကိုဖော်ပြထားခဲ့ပါတယ်၊စာဖတ်ပရိတ်သတ်ကြီးအတွက်ပြန်လည်ဖော်ပြရင်းပိုင်တံခွန်ရဲ့အမေဖြစ်သူလဲအမြန်ဆုံးကျန်းမာရေးကောင်းလာပြီးပိုင်တံခွန်လဲအမြန်ဆုံးပြန်လွှတ်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။
Zawgyi Version
ပရိသတ္ေတြခ်စ္ခင္အားေပးရဲ႕မင္းသားေခ်ာပိုင္တံခြန္ကေတာ့နိုင္ငံတကာထိေအာင္ျမင္ေနၿပီး ႏွာခမ္းနီမေလးေတြအသည္းစြဲအားေပးမႈရရွိေနတာဘဲျဖစ္ပါတယ္။ပိုင္တံခြန္ကေတာ္လွန္ေရးစတင္ကတည္းကျပည္သူေတြနဲ႕အတူအမွန္တရားဘက္ကတစ္သားတည္းရပ္တည္ခဲ့ၿပီးလမ္းေပၚထြက္ကာလူထုလႈပ္ရွားမႈေတြမွာလဲအင္တိုက္အားတိုက္ပါဝင္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ဇြန္လ၃၀ရက္ေန႕ဟာဆိုရင္ဖမ္းဆီးထိန္းသိမ္းထားတဲ့ျပည္သူ၄၀၀၀ေက်ာ္ျပည္သူ၂၀၀၀ေက်ာ္ခန့္ျပန္လည္လႊတ္ေျမာက္ေပးလိုက္ပါတယ္၊ျပန္လည္လႊတ္ေျမာက္လာတဲ့ထဲမွာသ႐ုပ္ေဆာင္မင္းသားပိုင္တံခြန္ဟာပါဝင္လာျခင္းမရွိခဲ့ပါဘူး။
အာ့တာေၾကာင့္ပိုင္တံခြန္ရဲ႕အေမဟာယေန႕ထိေနမေကာင္းျဖစ္ေနတယ္လို႔အမျဖစ္သူကသူမရဲ႕MyDayStoryမွာတင္ထားျခင္းျဖစ္ပါတယ္၊မေန႕ကတည္းကဆီးခ်ိဳအရမ္းတက္ေနတဲ့အေမအခုထိမက်ေသးဘူးဆိုၿပီးေရးသားေဖာ္ျပထားၿပီးေတာ့လုလိုလုပ္ရတာေပ်ာ္လားဗ်ာဆိုၿပီဴလဲခံစားခ်က္တစ္ခ်ိဳ႕ကိုေဖာ္ျပထားခဲ့ပါတယ္။
Credit