Cele News

မြန်မာနိုင်ငံက ပရိသတ်တွေအားမပေးရင် ထိုင်းကလူတွေနဲ့ပဲအလုပ်လုပ်တော့မယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီးပြန်လည်ဖြေရှင်းလိုက်တဲ့ နေဆန်း

မြန်မာနိုင်ငံကပရိသတ်တွေအားမပေးရင်ထိုင်းကလူတွေနဲ့ပဲအလုပ်လုပ်တော့မယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြန်လည်ဖြေရှင်းလိုက်တဲ့နေဆန်း

ပရိသတ်ကြီးရေနေဆန်းရဲ့အခုလက်ရှိပြန့်သွားတဲ့ SSနဲ့ပတ်သက်ပြီးပထမဦးစွာနေဆန်းဒီစာကိုညိုးငယ်သောစိတ်ဖြင့်ရေးရခြင်းဖြစ်ပါတယ်။ပြန့်နေတဲ့ SSနဲ့ပတ်သက်ပြီးနေဆန်းဘာမှမငြင်းလိုပါဘူး ဟုတ်ပါတယ် နေဆန်းတင်လိုက်မိတာပါ။ဒါပေမယ့်နေဆန်းဂုဏ်မောက်ဘဝမေ့ပြီးရေးလိုက်ရခြင်းမဟုတ်ပါဘူးနေဆန်းသည်ဘယ်လိုနေထိုင်နေတယ်ဘယ်လိုလူမျိုးလည်းဆိုတာချစ်သူခင်သူအားလုံးလည်းသိကြမှာပာ။

နေဆန်းက်ိုအဲဒီရေးသားထားတဲ့သူတစ်ယောက်ကိုသာရေညွန်းပြီးရေးရခြင်းဖြစ်ပါတယ်။အဲဒါကြောင့် My dayကို fri onlyနဲ့ပဲတင်ပြီးတင်တဲ့သူကိုရည်ရွယ်ချက်ရှိရှိပြောလိုက်တာပါအဲဒါကိုSSပြန်ရိုက်ပြီးထပ်တင်လိုက်လို့နေဆန်းအပေါ်အားလုံးပိုပြီးအထင်လွှဲသွားကြတာပါ။

ကိုယ်လဲလူငယ်တစ်ယောက်မို့ကိုယ့်ကိုလာတိုက်ခိုက်တဲ့သူတစ်ယောက်အတွက်ကျန်တာမစဉ်းစားမိပဲချက်ချင်းတုံ့ပြန်လိုက်မိတာလဲဆန်းအမှားတစ်ခုပါလူတစ်ယောက်အတွက်နဲ့အများပါအထင်လွှဲခံခဲ့ရတယ်ဘာပဲဖြစ်ဖြစ်အဆိုးထဲကအကောင်းလို့ပဲမှတ်ပြီးသင်ခန်းစာယူတတ်လာပါတယ်ရန်ရန်ချင်းမတုံ့ပြန်တတ်ဖို့လဲနောက်ဆိုဂရုစိုက်မှာပါ။

ဒီလိုအချိန်ဒီလိုကာလကြီးမှာအလုပ်တွေရေလိုဝင်မလားမဝင်ဘူးလားဆိုတာအားလူံးလည်းသိကြမှာပါနေဆန်းတမင်ပြောလိုက်တာပါ။ပုံမှန်အလုပ်ရခြင်းမရခြင်းဆိုတာနေဆန်းဘယ်တော့မှတင်လေ့ကြွားဝါလေ့မရှိခဲ့ပါဘူး။အဲဒီစာအတွက်နေဆန်းမှားပါတယ်။

ရည်ရွယ်ချက်နှင့်ထင်မြင်လွှဲမှားမှူတွေအတွက်နေဆန်းတကယ်တောင်းပန်ပါတယ်။နောက်ဆိုပိုပြီးနေဆန်းဆင်ခြင်ပါ့မယ်အမှားမှန်သမျှပြုပြင်ပြောင်းလဲပြီးဘဝကိုအမြဲရိုးသားကြိုးစားရုန်းကန်လေ့ရှိပါတယ်နေဆန်းရဲ့ဘဝအစနဲ့ကျေးဇူးရှင်ထမင်းရှင်တွေအပေါ်လည်းနေဆန်းဘယ်တော့မှကျေးဇူးကန်းဘဝမေ့ပြီးစော်ကားမှာမဟုတ်ပါဘူးလို့နေဆန်းပြောရဲပါတယ်။

နေဆန်းဘယ်နေရာတွေမှာဘယ်လိုပါဝင်ခဲ့လည်းဆိုတာဟာလည်းတော်တော်များများသိကြမှာပါထုတ်ပြောပြလို့မရတဲ့အတွက်လည်းနားလည်ပေးကြနော်။ရှေ့ဆက်ပြီးနေကောင်းကျန်းမာအောင်ပိုပြီးဂရုစိုက်ကြပါနော်။ဦးတည်ချက်တစ်ခုတည်းနဲ့သာဆက်ပြီးရှင်သန်ကြရအောင်နော်တောင်းပန်ပါတယ်ကျေးဇူးလည်းတင်ပါတယ်နေဆန်းအတွက်ပိုပြီးဘဝကိုအသိနဲ့သတိနဲ့အမြဲလုံးဝကပ်ပဲရှေ့ဆက်စေလ်ို့ပါ။

Credit