Cele News

အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံသောက်မိပြီး အသည်းရောင်ရောဂါ ဖြစ်နေတဲ့ ပြည်သူချစ် မင်းသမီးလေး နေခြည်ဦး

အကိုက်အခဲပျောက်ဆေးတွေအလွန်အကျွံသောက်မိပြီး အသည်းရောင်ရောဂါဖြစ်နေတဲ့ပြည်သူချစ်မင်းသမီးလေးနေခြည်ဦး

သရုပ်ဆောင်နေခြည်ဦးကတော့အနုပညာ လောကမှာအချိန်အတိုအတွင်းအောင်မြင်မှုတွေ ကိုရရှိခဲ့ပြီးနေရာတစ်နေရာကိုရရှိထားသူပဲဖြစ်ပါတယ်။ယခုနောက်ပိုင်းမှာဆိုရင်နေခြည်ဦးကကြော်ငြာတွေအပြင်ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာတောင်ပိုမိုပါဝင်သရုပ်ဆောင်လာနေတာကိုတွေ့မြင်ရပါတယ်။နေခြည်ဦးကဝတ်စားဆင်ယဉ်မှုမှာလည်းအခြားသူတွေနဲ့မတူပဲဆန်းသစ်တဲ့ဖက်ရှင်တွေကိုဝတ်ဆင်တတ်ကာလိုက်ဖက်ပြီးချစ်စရာကောင်းသူပဲဖြစ်ပါတယ် ။

ဒါ့အပြင်မကြာခဏဆိုရင်လည်းအပျင်းပြေtiktokလေးတွေဆော့ကစားပြီးပရိသတ်တွေကိုလည်းဖော်ပြပေးလိုက်ပါတယ်။ယခုမှာတော့နေခြည်ဦးကသူမဘဝမှာဘာရောဂါနဲ့မှဆေးရုံမတက်ခဲ့ဖူးပေမယ့်အသည်းရောင်လို့ပထမဆုံးဆေးရုံတက်ခဲ့ရတဲ့အတွေ့အကြုံကို TikTokကနေတဆင့်တင်ပေးလာပါတယ်။

အကိုက်အခဲပျောက်ဆေးတွေအလွန်အကျွံသောက်မိတာကြောင့်ဆေးရုံ၂ပါတ်တက်ခဲ့ရတယ်လို့ဆိုလာပါတယ်။ပါရာစီတမောလိုဆေးတွေကိုအများကြီးသောက်ရင်အသည်းကိုဒုက္ခပေးတယ်ဆိုတဲ့Medical Knowledgeမသိတဲ့သူမကိုယ်သူမလည်းအံ့သြမိကြောင်းရေးသားလာပါတယ်၊အခုလိုမျိုးကာလမှာဆေးအပြင်းစားတွေထိုးရသောက်ရလို့အရမ်းစိတ်အားငယ်နေကြောင်းလည်းပြောပြလာပါတယ်။ဒီဗီဒီယိုလေးထဲမှာတော့နေခြည်ဦးကအကိုက်ခဲပျောက်ဆေးကိုပဲလှော်စားသလိုဝါးနေတဲ့သူတွေကိုအသိပညာတခုခုရစေချင်တယ်လို့ဆိုလာပါတယ်၊တန်ရင်ဆေးလွန်ရင်ဘေးမို့အကိုက်အခဲပျောက်ဆေးတို့အစာကြေဆေးတို့ကိုအလွန်အကျွံမသောက်ဖို့မေတ္တာရပ်ခံလာတာဖြစ်ပါတယ်။

Zawgyi Version

သရုပ်ဆောင်နေခြည်ဦးကတော့အနုပညာ လောကမှာအချိန်အတိုအတွင်းအောင်မြင်မှုတွေ ကိုရရှိခဲ့ပြီးနေရာတစ်နေရာကုိရရှိထားသူပဲဖြစ်ပါတယ်။ယခုနောက်ပိုင်းမှာဆိုရင်နေခြည်ဦး က ကြော်ငြာတွေအပြင်ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာတောင်ပိုမိုပါဝင်သရုပ်ဆောင်လာနေတာ ကိုတွေ့မြင်ရပါတယ်။နေခြည်ဦးကဝတ်စားဆင်ယဉ်မှုမှာလည်းအခြားသူတွေနဲ့မတူပဲဆန်းသစ်တဲ့ဖက်ရှင်တွေကို ဝတ်ဆင်တတ်ကာလိုက်ဖက်ပြီးချစ်စရာကောင်းသူပဲဖြစ်ပါတယ် ။

ဒါ့အပြင်မကြာခဏဆိုရင်လည်းအပျင်းပြေtiktokလေးတွေဆော့ကစားပြီးပရိသတ်တွေကိုလည်းဖော်ပြပေးလိုက်ပါတယ်။ ယခုမှာတော့နေခြည်ဦးကသူမဘဝမှာဘာရောဂါနဲ့မှဆေးရုံမတက်ခဲ့ဖူးပေမယ့်အသည်းရောင်လို့ပထမဆုံးဆေးရုံတက်ခဲ့ရတဲ့အတွေ့အကြုံကို TikTokကနေတဆင့်တင်ပေးလာပါတယ်။

အကိုက်အခဲပျောက်ဆေးတွေအလွန်အကျွံသောက်မိတာကြောင့်ဆေးရုံ၂ပါတ်တက်ခဲ့ရတယ်လို့ဆိုလာပါတယ်။ပါရာစီတမောလိုဆေးတွေကိုအများကြီးသောက်ရင်အသည်းကိုဒုက္ခပေးတယ်ဆိုတဲ့Medical Knowledgeမသိတဲ့သူမကိုယ်သူမလည်းအံ့သြမိကြောင်းရေးသားလာပါတယ်၊အခုလိုမျိုးကာလမှာဆေးအပြင်းစားတွေထိုးရသောက်ရလို့အရမ်းစိတ်အားငယ်နေကြောင်းလည်းပြောပြလာပါတယ်။ဒီဗီဒီယိုလေးထဲမှာတော့နေခြည်ဦးကအကိုက်ခဲပျောက်ဆေးကိုပဲလှော်စားသလိုဝါးနေတဲ့သူတွေကိုအသိပညာတခုခုရစေချင်တယ်လို့ဆိုလာပါတယ်။

Credit