Cele News

YouTube Silver Button ဆုကိုရရှိခဲ့တာကြောင့်ပျော်ရွှင်နေတဲ့ အဆိုတော်ဘင်ဂျမင်စန်း

YouTube Silver Button ဆုကိုရရှိခဲ့တာကြောင့်ပျော်ရွှင်နေတဲ့အဆိုတော်ဘင်ဂျမင်စန်း

ပရိသတ်ကြီးရေ MyanmarIdol Season4 ရဲ့Top3 Finalistsတစ်ယောက်ဖြစ်တဲ့ချင်းတိုင်းရင်းသားလေးအဆိုတော်ဘင်ဂျမင်ကတော့သီချင်းတွေကိုအကောင်းဆုံးသီဆိုနိုင်သူတစ်ယောက်ဖြစ်ပါတယ်၊ငယ်ရွယ်တဲ့ကျောင်းသားတစ်ယောက်ဖြစ်ပေမယ့်အရွယ်နဲ့မလိုက်အောင်အနုပညာအရည်အချင်းပြည့်ဝသူဖြစ်တဲ့အတွက်ပရိသတ်အများစုရဲ့အားပေးဝန်းရံမှုကိုရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဘင်ဂျမင်ကအခုလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေး အခြေအနေတွေမှာလည်းလူငယ်တစ်ယောက်ပီပီ စိတ်ရောကိုယ်ပါနှစ်ပြီးပါဝင်အားဖြည့်နေသလိုစစ်ဘေးရှောင်ပြည်သူတွေအတွက်ပါတတ်နိုင်သရွေ့ကူညီပေးနေပါတယ်၊မကြာခင်ကမှဘင်ဂျမင်ကကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရပြီးဆေးကုသမှုခံယူရင်းပြန်လည်ပျောက်ကင်းခဲ့တာလည်းဖြစ်ပါတယ်၊ဒီလိုပျောက်ကင်းအောင်ကုသခဲ့စဉ်ကအတွေ့အကြုံတွေကိုလည်းပရိသတ်တွေအတွက်ဗဟုသုတရစေရန်ဝေမျှခဲ့ပါသေးတယ်။

အခုလည်းမကြာခင်နာရီပိုင်းလောက်ကလည်း You Tubeကသူရဲ့အကောင့်မှာSubscriberတစ်သိန်းပြည့်ခဲ့တကြောင့် YouTube Silver Buttonရရှိခဲ့ကြောင်းဝမ်းပန်းတသာပရိသတ်တွေကိုအသိပေးပြောကြားထာတာတွေ့ရပါတယ်၊ပရိသတ်ကြီးအတွက် Benjamin ရဲ့YouTube Silver Buttonရရှိခဲ့တဲ့သတင်းလေးကိုပြန်လည်ဝေမျှပေးလိုက်ပါတယ်။

ZawGyi Version




Credit