Cele News

ကိုဗစ်နဲ့ပတ်သတ်ပြီးအရေးကြီးလုပ်ဆောင်ရမှာတွေကိုပြောပြပေးလိုက်တဲ့ နန္ဒာလှိုင်ရဲ့မောင်လေး

ကိုဗစ်နဲ့ပတ်သတ်ပြီးအရေးကြီးလုပ်ဆောင်ရမှာတွေကိုပြောပြပေးလိုက်တဲ့နန္ဒာလှိုင်ရဲ့မောင်လေး

လတ်တလောမှာCovidတတိယလှိုင်းဖြစ်ပွားနေပြီးကူးစက်ခံရသူနဲ့သေဆုံးသူဦးရေဟာလည်းတစ်နေ့တခြားပိုများလာခဲ့ပါတယ်၊ပြည်သူတွေဟာလည်းတိုင်းပြည်မအေးချမ်းတာအပြင်စားဝတ်နေရေးအခက်အခဲကိုလည်းစိုးရိမ်နေရပြီးအခုလိုရောဂါကပ်ဘေးအတွက်ပါပူပန်နေရတာမို့အဖက်ဖက်ကစိတ်ညစ်စရာတွေအပြည့်ဖြစ်နေခဲ့ပါတယ်၊လူနာဦးရေနဲ့ဆရာဝန်ဦးလေးဟာအဆမတန်ကွာဟနေပြီးဆေးရုံဆေးခန်းတွေကိုလည်းလွယ်လွယ်ကူကူသွားလို့မရနိုင်တာကြောင့်ကူးစက်ခံရသူတွေအနေနဲ့အတော်လေးကိုအခက်တွေ့နေပြီးအသက်ဆုံးရှုံးရတာမျိုးတွေလည်းရှိခဲ့ပါတယ်။

ဒီလိုမငြိမ်သက်ဖြစ်နေတဲ့အချိန်မှာနန္ဒာလှိုင်ရဲ့မောင်ဖြစ်သူစိန်ဖြိုးလှိုင်ဟာကိုယ်တတ်ထားတဲ့ဆေးပညာကိုအသုံးချပြီးပြည်သူတွေကိုတတ်နိုင်တဲ့ဖက်ကကူညီပေးမယ့်အကြောင်းပြောပြလာခဲ့ပါတယ်၊ဆေးရုံမသွားဘဲအိမ်မှာပဲကုသရင်းအရေးပေါ်အခြေအနေဖြစ်နေတဲ့လူနာတွေအတွက်ဆောင်ရန်ရှောင်ရန်တွေကိုအသေးစိတ်ပြောပြပေးသွားမယ်လို့ဆိုပါတယ်၊အရမ်းအရေးကြီးတဲ့အခြေအနေတွေမှာဆိုရင်ဖုန်းဆက်မေးမြန်းနိုင်တယ်လို့လည်းပြောခဲ့ပါသေးတယ်၊ဒုတိယလှိုင်းဖြစ်စဉ်ကလည်းကိုယ်တိုင်ဝင်ပြီးကြိုးကြိုးစားစားကုသပေးခဲ့တဲ့ဆရာဝန်ပီသတဲ့ဆရာဝန်တစ်ယောက်လည်းဖြစ်ပါတယ်။

အားလုံးကိုကူညီပေးမယ့်အကြောင်းကိုဒီရက်ပိုင်းမှာCovidလူနာတွေလူကြီးရောလူငယ်တွေရောအများကြီးတွေ့လာရပါတယ်စင်တာတွေဆေးရုံတွေလွယ်လွယ်သွားမရတာကြောင့်ပိုပြီးဒုက္ခတွေ့နေရပါတယ်အဲ့တာကြောင့်Covidနဲ့ပက်သက်ပြီးအိမ်မှာအရေးပေါ်လူနာရှိနေရင်Chat boxကနေအချိန်မရွေးလာမေးပါအရေးကြီးနေလျှင်ဖုန်းဆက်ပေးပါမယ်လုပ်ဆောင်ရမယ့်အချက်တွေအတတ်နိုင်ဆုံးညွှန်ကြားပေးပါမယ်၊တကယ်အရေးကြီးတဲ့လူနာတွေကိုအချိန်ပေးချင်တာကြောင့်ကာကွယ်ချင်ရုံမေးချင်တဲ့သူများတော့သည်းခံဖို့မေတ္တာရပ်ခံပါတယ်ဆိုပြီးပြောပြခဲ့ပြီးနောက်မှာကျေးဇူးတင်ကြောင်းမှတ်ချက်တွေအများအပြားပေးခဲ့ကြပါတယ်။

Zawgyi Version

လတ္တေလာမွာCovidတတိယလွိုင္းျဖစ္ပြားေနၿပီး ကူးစက္ခံရသူနဲ႕ေသဆုံးသူဦးေရဟာလည္း တစ္ေန႕တျခားပိုမ်ားလာခဲ့ပါတယ္၊ျပည္သူေတြဟာလည္းတိုင္းျပည္မေအးခ်မ္းတာအျပင္စားဝတ္ေနေရးအခက္အခဲကိုလည္းစိုးရိမ္ေနရၿပီးအခုလိုေရာဂါကပ္ေဘးအတြက္ပါပူပန္ေနရတာမို႔အဖက္ဖက္ကစိတ္ညစ္စရာေတြအျပည့္ျဖစ္ေနခဲ့ပါတယ္။

ဒီလိုမၿငိမ္သက္ျဖစ္ေနတဲ့အခ်ိန္မွာနႏၵာလွိုင္ရဲ႕ေမာင္ျဖစ္သူစိန္ၿဖိဳးလွိုင္ဟာကိုယ္တတ္ထားတဲ့ေဆးပညာကိုအသုံးခ်ၿပီးျပည္သူေတြကိုတတ္နိုင္တဲ့ဖက္က ကူညီေပးမယ့္အေၾကာင္းေျပာျပလာခဲ့ပါတယ္၊ေဆး႐ုံမသြားဘဲအိမ္မွာပဲကုသရင္းအေရးေပၚအေျခအေနျဖစ္ေနတဲ့လူနာေတြအတြက္ေဆာင္ရန္ေရွာင္ရန္ေတြကိုအေသးစိတ္ေျပာျပေပးသြားမယ္လို႔ဆိုပါတယ္၊အရမ္းအေရးႀကီးတဲ့အေျခအေနေတြမွာဆိုရင္ဖုန္းဆက္ေမးျမန္းနိုင္တယ္လို႔လည္းေျပာခဲ့ပါေသးတယ္၊ဒုတိယလွိုင္းျဖစ္စဥ္ကလည္းကိုယ္တိုင္ဝင္ၿပီးႀကိဳးႀကိဳးစားစားကုသေပးခဲ့တဲ့ဆရာဝန္ပီသတဲ့ဆရာဝန္တစ္ေယာက္လည္းျဖစ္ပါတယ္။

အားလုံးကိုကူညီေပးမယ့္အေၾကာင္းကိုဒီရက္ပိုင္းမွာ Covidလူနာေတြလူႀကီးေရာလူငယ္ေတြေရာအမ်ားႀကီးေတြ႕လာရပါတယ္စင္တာေတြေဆး႐ုံေတြလြယ္လြယ္သြားမရတာေၾကာင့္ပိုၿပီးဒုကၡေတြ႕ေနရပါတယ္အဲ့တာေၾကာင့္Covidနဲ႕ပက္သက္ၿပီးအိမ္မွာအေရးေပၚလူနာရွိေနရင္Chatboxကေနအခ်ိန္မေ႐ြးလာေမးပါအေရးႀကီးေနလွ်င္ဖုန္းဆက္ေပးပါမယ္ လုပ္ေဆာင္ရမယ့္အခ်က္ေတြအတတ္နိုင္ဆုံးၫႊန္ၾကားေပးပါမယ္။

Credit