Cele News

ကိုဗစ်ရောဂါ ကူးစက်မှုတွေ မြင့်မားနေချိန်မှာ ပြည်သူတွေအတွက် အလိုအပ်ဆုံးတွေကို အဓိကထား လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်မားနေချိန်မှာပြည်သူတွေအတွက်အလိုအပ်ဆုံးတွေကိုအဓိကထားလှူဒါန်းပေးခဲ့တဲ့ခိုင်နှင်းဝေ

မြန်မာနိုင်ငံမှာဆိုရင်ပထမလှိုင်းအနေနဲ့တေကိုဗစ်တွေစဖြစ်ကတည်းကပြည်သူတွေကအခက်အခဲတွေစီးပွားရေးကြပ်တည်းမှုတွေကိုရင်ဆိုင်ရင်းအားတင်းခဲ့ကြရတာပါ။တစ်ဆက်တည်းမှာပဲရုတ်တရက်ပြောင်းလဲသွားတဲ့နိုင်ငံရေးအခြေအနေတွေကြောင့်ပြည်သူတွေခမျာအဆင်မပြေမှုတွေကိုအတော်လေးရင်ဆိုင်နေကြရပါတယ်။လက်လုပ်လက်စားပြည်သူတွေဆိုအလုပ်တွေလည်းရပ်နားထားကြရလို့ပိုလို့တောင်ခက်ခဲနေကြတာပါ။

ဒါကြောင့်လည်းပြည်သူမှာပြည်သူတွေပဲရှိလို့စေတနာအလှူရှင်တွေ၊အနုပညာရှင်တွေနဲ့ပရဟိတအသင်းတွေကပဲစုပေါင်းပြီးတတ်နိုင်သလောက်လိုအပ်တဲ့နေရာတွေကိုကူညီထောက်ပံ့ပေးနေကြတာပါ။ဒီလိုအနုပညာရှင်တွေအထဲမှာပရဟိတမင်းသမီးကြီးခိုင်နှင်းဝေလည်းအပါအဝင်ပါပဲ။နေ့စဉ်တိုင်းဆိုရလောက်အောင်နွမ်းပါးပြည်သူတွေအတွက်အလှူငွေ၊စားနပ်ရိက္ခာများကိုပေးဝေလှူဒါန်းခဲ့ပါတယ်။

အခုလည်းတတိလှိုင်းအနေနဲ့ကိုဗစ်ရောဂါတွေ ကူးစက်မှုမြင့်မားစွာပြန်လည်ဖြစ်ပေါ်နေတာကြောင့်လိုအပ်နေတဲ့နေရာတွေထံမှာအောက်ဆီဂျင်အိုးများကိုခိုင်နှင်းဝေကလှူဒါန်းပေးခဲ့ပါတယ်။ဒါ့အပြင်အရေးပေါ် ဆေးကုသဖို့လိုအပ်နေတဲ့လူနာရှင်ငါးဦးကိုလည်းတစ်ဦးလျှင်(၅၀၀၀၀)ကျပ်လှူဒါန်းပေးခဲ့ကြောင်းကိုအရှေ့ဒဂုံဘက်သို့ အောက်ဆီဂျင်အိုး(၃)အိုးနှင့်ဒဂုံဆိပ်ကမ်းဘက်မှအရေးပေါ် ဆေးဘိုးလိုအပ်နေသောသူ(၅)ဦးအားတစ်ဦးလျှင်(၅)သောင်းကျပ်တို့ကိုလှူဒါန်းပေးခဲ့ပါတယ်။အလှုရှင်များအားလုံးနှင့်တကွခုနှစ်ရက်သားသမီးများအားလုံးသာဓုခေါ်ဆိုကုသိုလ်ပွားများနိုင်ကြပါစေရှင်ဆိုပြီးရေးသားဖော်ပြထားရာပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးရင်းဒီထက်မကလည်းလှူဒါန်းနိုင်ပါစေဆုတောင်းပေးလိုက်ပါတယ်။

Zawgyi Version




Credit