Cele News

ခြေတုလေးကြောင့် ချိုင်းထောက်နဲ့သွားရတဲ့ဘဝကင်းလွတ်သွားလို့ ပျော်နေတဲ့ ညီမလေးကိုကြည့်ပြီး ဝမ်းသာပီတီဖြစ်နေတဲ့ ခိုင်နှင်းဝေ

ခြေတုလေးကြောင့်ချိုင်းထောက်နဲ့သွားရတဲ့ဘဝကင်းလွတ်သွားလို့ပျော်နေတဲ့ညီမလေးကိုကြည့်ပြီးဝမ်းသာပီတီဖြစ်နေတဲ့ခိုင်နှင်းဝေ

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးခိုင်နှင်းဝေကတော့အနုပညာနယ်ပယ်မှာလည်းထူးချွန်သလိုပရဟိတအလုပ်တွေကိုစိတ်အားထက်သန်စွာပါဝင်လုပ်ကိုင်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒါအပြင်ခိုင်နှင်းဝေကမိဘမဲ့ကလေးတွေကိုလည်းမိဘအရင်းသဖွယ်စောင့်ရှောက်ပေး​နေတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ခိုင်နှင်းဝေကခြေတုလိုအပ်နေတဲ့ညီမလေးတစ်ယောက်ကိုခြေတုလေးကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့တာလည်းဖြစ်ပါတယ်။

ချိုင်းထောက်နဲ့သွားနေရာကနေအခုလိုချိုင်းထောက်မပါဘဲခြေတုလေးနဲ့အဆင်ပြေပြေသွားလာနိုင်သွားတဲ့အတွက်ပျော်ရွှင်နေတဲ့ဒီညီမလေးရဲ့အပျော်တွေကသူ့ဆီကိုပါကူစက်ပြီးပီတိဖြစ်ခဲ့ရကြောင်းလည်းခိုင်နှင်းဝေကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမျှဝေဖော်ပြလာခဲ့ပါတယ်။ဒါ့အပြင်ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်နေတဲ့ဒီကာလမှာသူ့ကိုစိတ်ပူးပေးကြတဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်ပြီးအခုလိုအမှန်တကယ်လိုအပ်နေတဲ့သူတွေအတွက်လှူဒါန်းပေးလိုက်တဲ့အလှူကနေရရှိတဲ့ကုသိုလ်တွေကိုသူနဲ့အတူခုနှစ်ရက်သားသမီးတွေအားလုံးထပ်တူထပ်မျှရရှိကြပါစေလို့လည်းကုသိုလ်မျှဝေထားပါသေးတယ်။

ခိုင်နှင်းဝေကတော့အမှန်တကယ်လိုအပ်နေတဲ့သူတွေကိုကိုယ်တိုင်သွားရောက်လှူဒါန်းတာအားလုံးအတွက်ပီတီဖြစ်စရာလေးမလိုပြန်လည်မျှဝေတင်ဆက်ပေးလိုက်ရပါတယ်နော်။

Zawgyi Version




Credit