Cele News

တော်လှန်ရေးကာလမှာ တစ်သားတည်း ရပ်တည်ခဲ့တာတောင် ရွှေကစ်လေး ကို အထင်လွဲနေကြလို့ ဘာတွေ ထပ်လုပ်ပြစေချင်သေးတာလည်းလို့ မေးလာတဲ့ ကစ်ရဲ့ပရိတ်သတ်တစ်ဦး

တော်လှန်ရေးကာလမှာတစ်သားတည်းရပ်တည်ခဲ့တာတောင်ရွှေကစ်လေးကို အထင်လွဲနေကြလို့ဘာတွေ ထပ်လုပ်ပြစေချင်သေးတာလည်းလို့ မေးလာတဲ့ကစ်ရဲ့ပရိတ်သတ်တစ်ဦး

ဆန္ဒပြဟေ့ပြကြဆိုတော့လည်းတရားစခန်းကထွက်ထွက်ချင်းလမ်းပေါ်တူတူထွက်ခဲ့တယ်။သံပုံတီးတီးဆိုတော့လည်းတူတူတီးတာပဲ နိုင်ငံတကာသိအောင်အတွက်ဆိုလို ig , twitter နဲ့ youtube channel တွေမှာ speak out လုပ်ပေးတယ်၊ဝမ်းသာစရာအနေနဲ့ထိုင်း၊ထိုင်ဝမ်နဲ့ကိုရီးယားမီဒီယာတွေမှာပါလာခဲ့တယ်မှတ်မိအုံးမှာပါရပ်ကွက်အလိုက်ကင်းစောင့်ရတော့ညအဆာပြေစားဖို့ကိုယ်တိုင်မုန့်အစုံလုပ်ပြီးပို့ပေးခဲ့တာ၊

တက်နိုင်တဲ့ဘက်ကပါဝင်ပါဆိုလို့ လှူတဲ့အစီအစဉ်တွေမှာပါခဲ့တယ်(ခုလည်းပါဝင်နေဆဲ) social ပေါ်တက်ဘယ်မှာလှူတာမပြောပေမဲ့ဖေဖော်ဝါရီ ၂၈ နောက်အပစ်ခံရသူတွေများပြီးတကယ်လိုအပ်နေတဲ့အိမ်ထောင်စုတွေကို စာရင်းပြုပြီးလှူခဲ့ပေးတယ်။တခြားCDM တွေအတွက်လည်းပံ့ပိုးမှုတွေလုပ်ခဲ့တယ် Strike တိုင်းမှာတက်နိုင်တဲ့ဆီမှာပါဝင်ခဲ့တယ်။သူမလုပ်ခဲ့တာတွေကနည်းနိုင်လောက်တယ်ဆိုပေမဲ့အားရစရာသိပ်မကောင်းပေမဲ့သူနိုင်သလောက်ပါဝင်ပေးခဲ့တာပဲ။

အာဏာရှင်ကိုတော်လှန်ပေးခဲ့တာပဲ။ကံမကောင်းစွာနဲ့ Page ရဲ့ account တစ်ခုက hack ခံလိုက်ရပါရော၊အရင် personal တွေနဲ့ဒီဟာနဲ့ပေါင်းပြီးစကစအားပေးနေသူလိုလို၊အယောင်ပြသမားလိုလိုနာမည်ဖျက်ခံရတော့တာပဲ။ဘယ်သူကဘယ်လောက်လုပ်နေပြီး ဒီလောက်လုပ်ပြပြီးလုံလောက်နေပြီထင်နေလားဆိုပြီးယောယောင်ပေါချောင်ပြောကြတော့တာပဲ။ဟန်ငြိမ်းဉီးကစဖြန့်ခဲ့တဲ့ personal ကိုဒီကာလကြီးမှာသူ့ကြောင့်နဲ့ အာရုံမများဖို့ gp မှာပဲအသိပေးခဲ့တယ်၊ဒီကိစ္စနဲ့အာရုံမများစေချင်လို့၊ဘုံရန်သူကိုဦးတည်နိုင်ဖို့အတွက်လေ။

အဖမ်းဆီးတွေကြမ်းပြီးလူတွေအလျှိုလျှိုအရင်လောက် active မဖြစ်တော့တဲ့အချိန်၊အပြင်သွားလို့ဖုန်းစစ်ခံနေရတဲ့အချိန်တွေ၊ဝရမ်းပါမပါဖမ်းဆီးနေတဲ့အချိန်တွေ​ကြောင့်သူမကအခြားအနုပညာရှင်တွေနဲ့နည်းတူရှောင်တိမ်းနေရတယ်။လူတွေကသိပ်ရယ်ရတယ်ဆိုတာကိုယ်ကိုယ်တိုင်မှအပြင်သွားရင်မလုံခြုံလို့Account ဖျက်၊ပုံတွေဖျက်ပြီးသွားနေရတဲ့အချိန်၊

အရင်လို ကျယ်ကျယ်လောင်လောင်မလုပ်ရတော့တဲ့အချိန်မှာမှဝတ်မှုံရွှေရည် မပေါ်လာတော့လို့တဲ့လုပ်သင့်တဲ့အချိန်လုပ်နိုင်သလောက်လုပ်ခဲ့ပြီးမှတိတ်နေ သင့်တဲ့အချိန်ခဏတိတ်သွားတာအပြစ်လားဒါမှမဟုတ် speak out မလုပ်နိုင်တော့တာလားနိုင်ငံတာသိအောင်လို့မပြောနဲ့နော်၊သိအောင်လုပ်ပေးခဲ့ပြီးသားမကစ်ကသေနတ်ကြီးထမ်း တောခိုပြီးရှေ့ထွက်တိုက်မှကျေနပ်မှာလား၊ေ ထာင်ထဲအထည့်ခံရပြီးဝမ်းနည်းပါတယ်အမြန်လွတ်ပါစေလို့ရေးရမှကျေနပ်မှာလား။

မကစ်ရဲ့လုပ်ဆောင်မှုတွေကိုသိပ်ပြီအားမလိုအားမရဖြစ်ပေမဲ့၊တို့ကစ်ကရေပေါ်ဆီအယောင်ပြလုပ်ခဲ့တာမဟုတ်ဘူးဆိုတာကိုသိစေချင်ရုံသက်သက်ရေးတာ။ boycott ချင် cott လုပ်ချင်သလိုလုပ်ပြီးရေးကြ၊မန့်ကြတာကြိုက်သလိုသာလုပ်ကြသိစေချင်တာက ကစ်ကအယောင်ပြမဟုတ်ဘူးဆိုတာပဲ၊အသည်းပေါက်ဆုံးကရေပေါ်ဆီမလို့ခေါ်ပြီး profile lock ချထား၊ဟိုဖီးလ်ဒီဖီးလ်ချီးပန်းနေတဲ့ဟာတွေ​ကိုပြောပြတာ။

Credit