Cele News

လွတ်မြောက်နယ်မြေမှာ ဒုက္ခတွေများစွာနဲ့နေထိုင်နေရပေမယ့်လည်း စိတ်ဓာတ်မကျပဲ ဆက်လက်တော်လှန်နေတဲ့ မေဦးတို့ချစ်သူနှစ်ဦး

လွတ်မြောက်နယ်မြေမှာဒုက္ခတွေများစွာနဲ့နေထိုင်နေရပေမယ့်လည်းစိတ်ဓာတ်မကျပဲဆက်လက်တော်လှန်နေတဲ့မေဦးတို့ချစ်သူနှစ်ဦး

မော်ဒယ်ဟန်လင်းကတော့မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသောလူထူလှုပ်ရှားမှုတွေမှာပြည်သူတွေဘက်ကနေရပ်တည်ပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်။လက်ရှိမှာလည်းလွတ်မြောက်နယ်မြေတစ်နေရာသို့ရောက်ရှိနေပြီဖြစ်ပြီးတော်လှန်ရေးအတွက်ကျရာနေရာကနေပါဝင်တိုက်ပွဲဝင်ဖို့အတွက်ကြိုးစားနေတာဖြစ်ပါတယ်။ပြည်သူတွေသွေးမအေးကြစေရန်အတွက်လူမှုကွန်ယက်မှတစ်ဆင့်စိတ်ဓာတ်ခွန်အားများပေးနေကြတာကိုလည်းမြင်တွေ့ရပါတယ်။

မကြာသေးခင်နာရီပိုင်းလောက်ကလည်းဟန်လင်းရဲ့လူမှုကွန်ယက်စာမျက်နှာမှာတောထဲမှာအခက်အခဲဒုက္ခတွေများစွာနဲ့ နေထိုင်ရပေမယ့် စိတ်ဓာတ်မကျဘဲတော်လှန်တိုက်ပွဲဝင်နေဆဲဖြစ်ကြောင်းဓာတ်ပုံနှင့်တကွ သက်သေပြလိုက်ပြန်ပြီပဲဖြစ်ပါတယ်။အနုပညာရှင်တွေဖြစ်ကြပေမယ့်လည်းအာဏာရှင်လူတစ်စုကိုအမြစ်ဖြတ်ချေမှုန်းဖို့လွတ်မြောက်နယ်မြေတွင်ကြိုးစားရုန်းကန် နေထိုင်နေကြတာဖြစ်ပါတယ်။

တော်လှန်ရေးမပြီးသေးဘူးဆိုတဲ့အသိနဲ့သတိအမြဲရှိနေတယ်ဆိုတဲ့အကြောင်းကိုလည်းအခုလိုရေးသားထားတာဖြစ်ပါတယ်အလွမ်းပြေတော်လှန်ရေးမပြီးသေးဘူးဆိုတဲ့အသိနဲ့သတိအမြဲကပ်ထားတယ်ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။ပရိသတ်တွေကလည်းဟန်လင်းတို့အတွဲကိုအမြဲသတိရှိရှိနေထိုင်ကြဖို့မှတ်ချက်များရေးသားထားကြတာကိုလည်းမြင်တွေ့ရပါတယ်။ရောင်နီလာမယ့်နေ့သစ်တွေမကြာခင်မှာရောက်လာတော့မှာဖြစ်တဲ့အတွက်သွေးအေးမသွားကြဘဲတတ်နိုင်တဲ့ဘက်ကနေပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါဦးလို့ပြောကြားရင်းဒီသတင်းကိုတင်ဆက်ပေးလိုက်ရပါတယ်။

Zawgyi Version




Credit