Cele News

အခုလိုအချိန်မှာ အားလုံးဘယ်လိုပျော်အောင်နေရမလဲဆိုတာ ပြောပြလာတဲ့ သရုပ်ဆောင်ဖွေးဖွေး

အခုလိုအချိန်မှာအားလုံးဘယ်လိုပျော်အောင်နေရမလဲဆိုတာ ပြောပြလာတဲ့သရုပ်ဆောင်ဖွေးဖွေး

သရုပ်ဆောင်ဖွေးဖွေးလို့အများကချစ်စနိုးခေါ်ကြပြီးချစ်စရာကောင်းလွန်းလှတဲ့အမူအရာတွေရယ်အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့အတူပရိတ်သတ်ကြီးတွေရဲ့အားပေးမှုကိုအခိုက်အမာကြီးရရှိထားတဲ့အကယ်ဒမီမင်းသမီးတစ်လက်ပဲဖြစ်ပါတယ်၊ဖွေးဖွေးဟာပွင့်လင့်ရိုးသားပြီးချစ်စရာကောင်းလွန်းလှတာကြောင့်ပရိတ်သတ်တွေကချစ်ခင်နေကြရပါတယ်၊ဖွေးဖွေးကအလှူအတန်းတွေမှာလဲကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးတာကြောင့်လဲပရိတ်သတ်များကချီးကျူးအားကြနေရပါတယ်။

ဖေဖော်ဝါရီလ၁ရက်နေ့ကစလို့အာဏာသိမ်းလိုက်ပြီးကတည်းကလူထုလှုပ်ရှားမှုတွေဖြေစ်ပေါ်နေတာယနေ့ထက်ထိပါပဲ၊ဖွေးဖွေးကဒီလူထုလှုပ်ရှားမှုတွေမှာပြည်သူတွေနဲ့အတူပါဝင်ပြီးလမ်းထွက်ကာတော်လှန်ရေးကြီးမှာအင်တိုက်အားတိုက်ပါဝင်ခဲ့ပါတယ်၊ဒီလိုပြည်သူတွေနဲ့အတူတစ်သားတည်းပါဝင်လာခဲ့တာကြောင့်ပရိတ်သတ်တွေကလေးစားအားကျနေရပါတယ်၊ဖွေးဖွေးကအခုလိုအချိန်မှာသူရဲ့ခံစားချက်တွေကိုလဲပြည်သူတွေကိုပြောပြလာတတ်သေးပါတယ်၊ဖွေးဖွေးကတော့ဒီလိုအချိန်မှာဘယ်လိုပျော်အောင်နေရမလဲဆိုတာကိုအခုလိုပြောပြလာပါတယ်။

ဖွေးဖွေးကတော့အမှန်ပါပဲဒီအချိန်မှာလူတိုင်းကဖိအားတွေထဲမှာရှင်သန်နေကြရသလိုဖြစ်နေကြတယ်စိတ်ထဲမှာအတွင်းဖိအားတွေရှိတယ်လေးလံနေကြတယ်၊ခဏတစ်ဖြုတ်အပြင်ထွက်မိတာရှိရင်ရှိမယ်၊သူငယ်ချင်းတွေနဲ့တွေ့ချင်တွေ့မိလိမ့်မယ်၊ရယ်ရင်လည်းရယ်မိမှာပဲ၊Facebookမှာပေါတောတောတွေလျှောက်ရေးမိတာလည်းရှိမယ်၊ဒါပေမဲ့အဲဒါတွေအကုန်လုံးဟာပျော်နေလို့တော့မဟုတ်ဘူး၊တကယ်ပျော်နေလျက်နဲ့မပျော်ပါဘူးလို့ဟန်ဆောင်လျှောက်လဲချက်ပေးတာမဟုတ်ပါဘူး၊လူတွေရဲ့စိတ်ထွက်ပေါက်ကလေးတွေကိုအချင်ချင်းနားလည်ပေးနိုင်ဖို့တော့မျှော်လင့်မိတယ်၊စိတ်ဓာတ်ကျတယ်၊ဒါပေမဲ့အကောင်းဆုံးကိုမျှော်လင့်နေတယ်၊မရှိတော့တဲ့သူတွေအတွက်အားနာဝမ်းနည်းမိတယ်၊ဒါပေမဲ့အသက်ရှင်နေသရွေ့တော့လုပ်စရာရှိတာတွေလုပ်ရင်းဆက်လက် MoveOnလုပ်သွားပါမယ်၊အဖြစ်အပျက်တွေအားလုံးကိုမမေ့နိုင်ပါဘူး၊ဒါပေမဲ့ကိုယ့်စိတ်ကိုယ်အမြ​ဲနာကျင်နေရအောင်တော့ နှိပ်စက်မနေတော့ဘူး၊ဖိအားတွေများလာရင်လျှော့ပစ်လိုက်တယ်၊ခုရက်တွေမှာတော့ဒီဖိအားတွေကသက်သာလိုသက်သာငြားဟာသတွေလိုက်ရှာနေမိတယ်ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်ထက်မှာရေးသားဖော်ပြထားပါတယ်။

Zawgyi version




Credit