အရေပြားရောဂါကြောင့်လူတစ်ချို့ရဲ့ဝေဖန်မှု့တွေခံခဲ့ရသော်လည်းယနေ့ချိန်ထိပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေတဲ့ သက်မွန်မြင့်
သရုပ်ဆောင်သက်မွန်မြင့်က ကျော်ကြားတဲ့အနုပညာရှင်တစ်ဦးဖြစ်သလို ရိုးသားပြီးချစ်ဖို့ကောင်းတဲ့ပုံစံလေးတွေကြောင့် ပရိတ်သတ်တွေရဲ့အချစ်ပိုခြင်းခံရတဲ့သူဆိုလဲဟုတ်ပါတယ်နော်။ယခုဆိုသက်မွန်က ချစ်ခင်ရတဲ့သူမအမျိုးသားနဲ့သမီးတစ်ယောက်သားတစ်ယောက်လဲရှိနေပါပြီ။သရုပ်ဆောင်ကောင်းတစ်ယောက်အနေနဲ့ပရိတ်သတ်တွေအပေါ်တာဝန်ကျေသလို မိသားစုပေါ်မှာလဲ မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာသက်မွန်ကသူမရဲ့နေထိမခံတဲ့အရေပြားရောဂါတောင်မမှု့ပဲ ပြည်သူတွေနဲ့အတူတစ်သားတည်းဆန္ဒပြခဲ့ပါတယ်။ဒါကို တစ်ချို့လူတွေက သူမရဲအရေပြားယောင်ပြီးဝလာတဲ့ခန္ဓာကိုယ်အပေါ်မှာပြစ်တင်ဝေဖန်ခဲ့ကြပါသေးတယ်။သရုပ်ဆောင်မင်းသမီးတစ်ယောက်က အဲလောက်ဝနေရလားဆိုတဲ့ လူတစ်ချို့ရဲ့ဝေဖန်မှု့တွေပါရခဲ့တာပါ။သက်မွန်ကတော့ သူမပရိတ်သတ်တွေအပေါ် နည်းနည်းမှစိတ်မကွက်ဘဲ နားလည်ပေးခဲ့ပါတယ်။
ဒါ့အပြင် ယခုဖြစ်နေတဲ့ကူးဆက်ရောဂါခံစားနေသူအတွက်လဲ အတော်လေးစိတ်မကောင်းဖြစ်နေရှာပါတယ်။လက်တလောကပဲသူမရဲ့Social Media ပေါ်မှာသူမရဲ့ချွေးနှဲစာဝင်ငွေထဲကတတ်နိုင်သလောက်လှူဒါန်းသွားမယ်ဆိုတဲ့အကြောင်းတွေ့ရှိရပါတယ်။လူတိုင်းအခက်ခဲရှိပေမယ့်လို့ခုလို့ပြည်သူတွေအတွက် တစ်ထောင့်တစ်နေရာမှာ ပါဝင်ကူညီပေးတာ တကယ်လေးစားမိပါတယ်။ဖတ်ရှု့ပေးခဲ့တဲ့ပရိတ်သတ်ကြီးလဲကျေးဇူးတင်ပါတယ်။
Zawgyi
Credit