Cele News

ဇနီးဖြစ်သူရဲ့မွေးနေ့လေးမှာ အမှတ်တရဖြစ်သွားအောင် အလှူတွေအများကြီးလုပ်ပြီးကုသိုလ်ယူခဲ့တဲ့ နေမျိုးအောင်

ဇနီးဖြစ်သူရဲ့မွေးနေ့လေးမှာအမှတ်တရဖြစ်သွားအောင် အလှူတွေအများကြီးလုပ်ပြီးကုသိုလ်ယူခဲ့တဲ့နေမျိုးအောင်

နေမျိုးအောင်ကတော့လူငယ်အရွယ်ကတည်းကနေမျိုးအောင်ကတော့လူငယ်အရွယ်ကတည်းက အနုပညာလောကမှာအခြေချပြီးအောင်မြင်မှုရရှိအောင်ကြိုးစားခဲ့တာဖြစ်ပါတယ်၊ဇာတ်ရုပ်မျိုးစုံကိုပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်တတ်တဲ့နေမျိုးအောင်ကဇာတ်ကားပေါင်းမြောက်မြားစွာရိုက်ကူးခဲ့ရပြီးပရိသတ်တွေရဲ့အားပေးမှုကိုရယူနိုင်ခဲ့တာပါတယ်၊အခုချိန်အထိလည်းအနုပညာအလုပ်တွေကိုအနည်းငယ်လုပ်ကိုင်နေတဲ့နေမျိုးအောင်ကကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်းဦးစီးနေတာဖြစ်ပါတယ်။

နေမျိုးအောင်ကချစ်ဇနီးနဲ့အတူသူတို့ရဲ့ကိုယ်ပိုင်လုပ်ငန်းလေးကိုလဲကြိုးစားလုပ်ဆောင်နေပါတယ်၊သားလေးနှစ်ယောက်ပိုင်ဆိုင်ထားတဲ့နေမျိုးအောင်တို့မိသားစုလေးကတော့ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးပဲဖြစ်ပါတယ်၊ဒါ့အပြင်အလှူအတန်းတွေဆိုရင်လည်းမိသားစုတက်ညီလက်ညီလှူဒါန်းတတ်သူတွေလည်းဖြစ်ပါတယ်။

အခုလည်းချစ်ဇနီးလေးရဲ့မွေးနေ့လေးမှာအထိမ်းအမှတ်အနေနဲ့ခိုင်နှင်းဝေဂေဟာအတွက်ငွေကျပ်၃သိန်းအပြင်ကိုယ်ဝန်ဆောင်နဲ့ကလေးငယ်များစောင့်ရှောက်ရေးအသင်းအတွက်တစ်သိန်းကျပ်တို့ကာလှူဒါန်းကာကောင်းမှုကုသိုလ်ပြုခဲ့တာကိုတွေ့ရပါတယ်၊အလှူလေးတွေကတကယ်လိုအပ်နေတဲ့နေရာလေးမို့မွန်မြတ်လှပါတယ်၊ပရိသတ်ကြီးအတွက်နေမျိုးအောင်တို့ဇနီးမောင်နှံရဲ့အလှူလေးတွေကိုဝေမျှပေးလိုက်ပါတယ်။

Zawgyi Version




Credit