Cele News

သရုပ်ဆောင်ပိုင်ဖြိုးသုကို မွတ်စလင်မျိုးရိုးပါလို့ ဆဲဆိုပြီး ဘာသာရေးမှိုင်းတိုက်ကာ သွေးခွဲနေတာကိုမယုံဖို့ သတိပေးလာတဲ့ ပြည်သူတစ်ဦး

သရုပ်ဆောင်ပိုင်ဖြိုးသုကိုမွတ်စလင်မျိုးရိုးပါလို့ဆဲဆိုပြီးဘာသာရေးမှိုင်းတိုက်ကာသွေးခွဲနေတာကိုမယုံဖို့သတိပေးလာတဲ့ပြည်သူတစ်ဦး

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးချောလေးပိုင်ဖြိုးသုကတော့ကျရာဇာတ်ရုပ်မှာပီပြင်စွာသရုပ်ဆောင်နိုင်ပြီးသဘာဝကျတဲ့မင်းသမီးတလက်ဖြစ်ပါတယ်။လတ်တလောဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေမှာပြည်သူနဲ့တသားတည်းရပ်တည်ခဲ့ပြီးတတ်တတ်ကြွကြွပါဝင်ခဲ့တာကြောင့်၅၀၅ကနဲ့ဝရမ်းထုတ်ခံရပြီးထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။

အခုတစ်ခါမှာလဲပိုင်ဖြိုးသုကိုချစ်တဲ့ပရိတ်သတ်တွေကပိုင်ဖြိုးသုတို့မျိုးနွယ်ကမူစလင်မလို့ဆဲဆိုနေကြတဲ့သူကိုအချက်ကျကျအခုလိုမျိုးပြန်ပြောလိုက်တာပဲဖြစ်ပါတယ်။ပိုင်ဖြိုးသုတို့မျိုးနွယ်ကမူစလင်မို့လို့အံ့သြနေတာလား၊အနုပညာလောကမှာတင်မဟုတ်ဘူးအဆိုတော်လောကမှာရော၊ရိုးရာလက်ဝှေ့လောကမှာပါမြန်မာရုပ်ပီပီကြီးတွေနဲ့မြန်မာမူစလင်တွေအများကြီးရှိနေတယ်။အစွန်းရောက်တစ်ချို့ရဲ့ပုတ်ခတ်မှုဒဏ်တွေကြောင့်သူတို့လျှောက်နေတဲ့လမ်းခရီးမှာအနှောင့်အယှက်ဖြစ်မှာမို့ဖွင့်မပြောကြတာပါ၊ရိုးရာလက်ဝှေ့လောကမှာဆိုရင်လည်းမြန်မာမူစလင်တွေအများကြီးရှိနေပါတယ်၊

သူတို့မပြောရင်သူတို့ရုပ်တွေအရမူစလင်မှန်းသိဖို့မလွယ်ပါဘူး၊အချို့ရိုးရာလက်ဝှေ့ကျော်ကြီးတွေကတော့သူတို့နဲ့အင်တာဗျူးချိန်မှာ၊ကိုသားကြီးရပါတယ်ကျွန်တော်အစ္စလာမ်ဘာသာဝင်ဖြစ်ကြောင်းထည့်ရေးနိုင်ပါတယ်၊လို့ခွင့်ပြုပေမဲ့ဒီလောကမှာစာဝင်ရေးနေတဲ့ကျွန်တော့်အနေနဲ့စာရေးသူစည်းအရမဖော်ပြခဲ့ပါဘူး။

စိတ်မကောင်းတာတစ်ခုကစစ်ခေါင်းဆောင်တွေအနေနဲ့1989မတိုင်ခင်ကာလတုန်းကမြန်မာမူစလင်တွေကိုတိုင်းရင်းသားအဖြစ်မပယ်ဖျက်ခင်မှာမြန်မာမူစလင်တွေဟာမိမိတို့ကိုယ်မိမိတို့မြန်မာမူစလင်တွေပါဆိုပြီးနိုင်ငံ့ရဲ့အစိုးရယန္တရား၊အားကစားလောက၊အနုပညာလောက၊နိုင်ငံရေးလောက၊ပညာရေး၊ကျန်းမာရေးအစရှိတဲ့တာဝန်အသီးသီးကဏ္ဍအသီးသီးမှာနိုင်ငံ့အကျိုးကိုထူးချွန်ထက်မြက်စွာဖြင့်ပေါ်ပေါ်ထင်ထင်ထမ်းရွက်နိုင်ခဲ့ကြပါတယ်။

တိုင်းပြည်ကိုလူမျိုးရေး၊ဘာသာရေးမှိုင်းတွေနဲ့နလံမထူနိုင်အောင်၊ခွဲခြားယုတ်မာခဲ့ကြသူတွေရဲ့လက်ထက်မှာတော့မြန်မာမူစလင်တွေဟာမိမိတို့မည်သူမည်ဝါဆိုသည်ကိုအထူးတစ်လည်မပြောကြတော့ပဲမိမိတို့လုပ်စရာရှိတာကိုသာတည်တည်ငြိမ်ငြိမ်နဲ့အောင်မြင်အောင်လုပ်ဆောင်သွားကြတာယနေ့ထက်တိုင်ပါပဲဗျာဆိုပြီးတော့ရေးသားဖော်ပြထားတာကိုစာဖတ်ပရိတ်သတ်ကြီးအတွက်ပြန်လည်ဖော်ပြလိုက်ပါတယ်။

Credit