Cele News

ကိုဗစ်ရောဂါနဲ့ပတ်သတ်ပြီးလုပ်ဆောင်ရမယ့်အချက်တွေကို သူ့အတွေ့အကြုံနဲ့ယှဥ်​​ပြီး ​ပြောပြလာတဲ့ ဘင်ဂျမင်ဆုမ်း

ကိုဗစ်ရောဂါနဲ့ပတ်သတ်ပြီးလုပ်ဆောင်ရမယ့်အချက်တွေကိုသူ့အတွေ့အကြုံနဲ့ယှဥ်​​ပြီး ပြောပြလာတဲ့ဘင်ဂျမင်ဆုမ်း

အဆိုတော်ဘင်ဂျမင်ဆုမ်းကတော့စစ်ဘေးရှောင်ပြည်သူတွေကိုတတ်နိုင်သလောက်ကူညီပေးဖို့လုပ်ဆောင်ရင်းမီဇိုရမ်ပြည်နယ်မှာကိုဗစ်ကူးစက်ခံခဲ့ရတာပဲဖြစ်ပါတယ်၊လက်ရှိမှာတော့ကိုဗစ်ရောဂါပျောက်ကင်းသွားပြီဖြစ်တဲ့သူကတော့ကိုဗစ်ရောဂါကူးစက်ခံရတဲ့ပြည်သူတွေအနေနဲ့စိတ်ဓာတ်မကျဖို့နဲ့မကြောက်ကြဖို့တိုက်တွန်းပြောဆိုလိုက်ပါတယ်၊ယခုမှာတော့ဘင်ဂျမင်ဆုမ်းတစ်ယောက်ကိုဗစ်ရောဂါကူးစက်ခံရရင်လုပ်ဆောင်သင့်တဲ့အရာတွေနဲ့သောက်သင့်တဲ့ဆေးတွေကိုကိုယ်တွေ့အဖြစ်အပျက်တွေကနေပြောပြလာခဲ့ပါတယ်။

ဘင်ဂျမင်ဆုမ်းကကိုဗစ်ဖြစ်ပြီဆိုတော်တော်များများကကြောက်ပြီး စိတ်ဓါတ်ကျလာတာပါ၊ကျွန်တော်ကိုယ်တိုင်လည်းကြောက်ခဲ့ပါတယ်၊စိတ်ကျခြင်းကရောဂါကိုပိုဆိုးစေတာကြောင့်အဓိကစိတ်မကျဖို့လိုပါတယ်၊တစ်ယောက်နဲ့တစ်ယောက်လက္ခဏာပြတာမတူတာရယ် ကျွန်တော်ကိုယ်တိုင်ဆေးလောကနယ်ပယ်ကမဟုတ်တဲ့အတွက်ဆေးတွေကိုတော့ဆရာဝန် ညွှန်ကြားချက်အတိုင်းသောက်သုံးပေးပါဗျာ၊ကျွန်တော်ဖြစ်ခဲ့စဉ်ကလုပ်ခဲ့တာလေးတွေကိုသာကျွန်တော်ပြန်လည်ဝေမျှတာဖြစ်ပါတယ်ခင်ဗျာဆိုပြီးအောက်ပါအတိုင်းပြောပြထားပါတယ်။

ဗီတာမင်စီ၊ဇင့်၊ဒီထရီးတွေကိုဆရာဝန်ညွှန်ကြားချက်အတိုင်းပုံမှန်သောက်ပါတယ်ဗျ၊ကိုယ့်ရဲ့အခြေအနေအရတခြားဆေးတွေလည်းသောက်ပါတယ်ခင်ဗျ၊ကြောက်လန့်ပြီးဆေးကိုလိုတာထက်အလွန်အကျွံမသောက်မိဖို့တော့လိုပါတယ်၊အဖျားတစ်နေ့၃ခါတိုင်းပါတယ်၊အောက်စီဂျင်နဲ့သွေးပေါင်တစ်နေ့ ၂ခါတိုင်းပါတယ်၊ရေနွေးငွေ့ကိုအနည်းဆုံးတစ်နေ့သုံးကြိမ်ရှူပါတယ်၊တကယ်အလုပ်ဖြစ်ပါတယ်ခင်ဗျ၊အိပ်ရာနိုးတိုင်းရေနွေးနဲ့ဆားအရောကိုအာခေါင်ထိရောက်အောင် ပလုတ်ကျင်းပါတယ်၊ဟင်းရည်၊စွတ်ပြုတ်ပူပူတွေသောက်ပါတယ်၊ထမင်းစားခါနီးလည်းအစာကိုပူအောင်ပြန်လုပ်ပြီးမှ စားပါတယ်၊ရေခဲရေကိုလုံးဝရှောင်ထားပြီးပုံမှန်ရေ နဲ့ရေနွေးကိုအမြဲသောက်ပါတယ်ဗျ၊အများကြီးအိပ်ပါ၊ညဘက်တွေကောင်းစွာအိပ်စက်အနားယူဖို့လိုပါတယ်၊စိတ်ဖိစီးမှုများနေတဲ့ကာလဖြစ်ပေမဲ့အတတ်နိုင်ဆုံးစ်ိတ်ကိုလျော့ချပြီးပျော်အောင်နေရင်းကောင်းစွာအိပ်စက်အနားယူပါ၊ကိုယ်ခံအားနဲ့ပဲပြန်တိုက်ရတဲ့ဗိုင်းရက်ဖြစ်တဲ့အတွက်ကြောင့်ကိုယ်ခံအားကောင်းဖို့အားရှိစေတဲ့အစားအသောက်တွေစားဖို့လိုပါတယ်ခင်ဗျ၊မျှော်လင့်ချက်ကိုလက်မလွှတ်ဘဲကိုယ်ယုံကြည်ရာဘာသာရေးကိုအားစိုက်လုပ်ပြီးကိုယ်ခံအားကောင်းအောင်သာအဓိကနေထိုင်စားသောက်ရင်းအားတင်းထားကြမယ် ခင်ဗျာဆိုပြီးတော့သူရဲ့ဖြစ်ပေါ်ခဲ့ပုံနဲ့လုပ်ဆောင်ပုံကိုအခုလိုပြောကြားထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးအတွက်ပြန်လည်ဖော်ပြလိုက်ပါတယ်။

Zawgyi Version

ကိုဗစ်ရောဂါနဲ့ပတ်သတ်ပြီးလုပ်ဆောင်ရမယ့်အချက်တွေကို သူ့အတွေ့အကြုံနဲ့ယှဥ်​​ပြီး ​ပြောပြလာတဲ့ ဘင်ဂျမင်ဆုမ်း

အဆိုတော်ဘင်ဂျမင်ဆုမ်းကတော့စစ်ဘေးရှောင်ပြည်သူတွေကိုတတ်နိုင်သလောက်ကူညီပေးဖို့လုပ်ဆောင်ရင်းမီဇိုရမ်ပြည်နယ်မှာကိုဗစ်ကူးစက်ခံခဲ့ရတာပဲဖြစ်ပါတယ်၊လက်ရှိမှာတော့ကိုဗစ်ရောဂါပျောက်ကင်းသွားပြီဖြစ်တဲ့သူကတော့ကိုဗစ်ရောဂါကူးစက်ခံရတဲ့ပြည်သူတွေအနေနဲ့စိတ်ဓာတ်မကျဖို့နဲ့မကြောက်ကြဖို့တိုက်တွန်းပြောဆိုလိုက်ပါတယ်၊ယခုမှာတော့ဘင်ဂျမင်ဆုမ်းတစ်ယောက်ကိုဗစ်ရောဂါကူးစက်ခံရရင်လုပ်ဆောင်သင့်တဲ့အရာတွေနဲ့သောက်သင့်တဲ့ဆေးတွေကိုကိုယ်တွေ့အဖြစ်အပျက်တွေကနေပြောပြလာခဲ့ပါတယ်။

ဘင်ဂျမင်ဆုမ်းကကိုဗစ်ဖြစ်ပြီဆိုတော်တော်များများကကြောက်ပြီး စိတ်ဓါတ်ကျလာတာပါ၊ကျွန်တော်ကိုယ်တိုင်လည်း ကြောက်ခဲ့ပါတယ်၊စိတ်ကျခြင်းကရောဂါကိုပိုဆိုးစေတာကြောင့်အဓိကစိတ်မကျဖို့လိုပါတယ်၊တစ်ယောက်နဲ့တစ်ယောက်လက္ခဏာပြတာမတူတာရယ် ကျွန်တော်ကိုယ်တိုင်ဆေးလောကနယ်ပယ်ကမဟုတ်တဲ့အတွက်ဆေးတွေကိုတော့ဆရာဝန် ညွှန်ကြားချက်အတိုင်းသောက်သုံးပေးပါဗျာ၊

ဗီတာမင်စီ၊ဇင့်၊ဒီထရီးတွေကိုဆရာဝန်ညွှန်ကြားချက်အတိုင်းပုံမှန်သောက်ပါတယ်ဗျ၊ကိုယ့်ရဲ့အခြေအနေအရတခြားဆေးတွေလည်းသောက်ပါတယ်ခင်ဗျ၊ကြောက်လန့်ပြီးဆေးကိုလိုတာထက်အလွန်အကျွံမသောက်မိဖို့တော့လိုပါတယ်၊အဖျားတစ်နေ့၃ခါတိုင်းပါတယ်၊အောက်စီဂျင်နဲ့သွေးပေါင်တစ်နေ့ ၂ခါတိုင်းပါတယ်၊ရေနွေးငွေ့ကိုအနည်းဆုံး တစ်နေ့သုံးကြိမ်ရှူပါတယ်၊တကယ်အလုပ်ဖြစ်ပါတယ်ခင်ဗျ၊အိပ်ရာနိုးတိုင်းရေနွေးနဲ့ဆားအရောကို အာခေါင်ထိရောက်အောင် ပလုတ်ကျင်းပါတယ်၊ဟင်းရည်၊စွတ်ပြုတ်ပူပူတွေသောက်ပါတယ်၊ထမင်းစားခါနီးလည်းအစာကိုပူအောင်ပြန်လုပ်ပြီးမှ စားပါတယ်၊ရေခဲရေကိုလုံးဝရှောင်ထားပြီးပုံမှန်ရေ နဲ့ရေနွေးကိုအမြဲသောက်ပါတယ်ဗျ၊အများကြီးအိပ်ပါ၊ညဘက်တွေကောင်းစွာအိပ်စက်အနားယူဖို့လိုပါတယ်၊စိတ်ဖိစီးမှုများနေတဲ့ကာလဖြစ်ပေမဲ့အတတ်နိုင်ဆုံးစ်ိတ်ကိုလျော့ချပြီးပျော်အောင်နေရင်းကောင်းစွာအိပ်စက်အနားယူပါ၊

Credit