ကမ္ဘာတစ်ဝန်းသူ့ရဲ့ပရိတ်သတ်တွေဆီက အလှူငွေကောက်ခံပြီးမြန်မာပြည်အတွက် လှူဒ္ဒါန်းမယ့် Sinon Loresca
Sinon Loresca ကတော့ Cat Walk King အဖြစ် ထင်ရှားကျော်ကြားသလို မော်ဒယ်လ်၊ သရုပ်ဆောင်အဖြစ်လည်း အောင်မြင်နေသူတစ်ယောက်ပါ ။သူ့ရဲ့ရိုးသားပွင့်လင်းပြီးကူညီချင်တဲ့စိတ်ကြောင့် လူတွေကသူ့အပေါ်ပိုပြီသတိထားမိလာကြတာပါ။သူကအောင်မြင်တဲ့သူဖြစ်ပေမယ့်လို့ လူတန်းစားမခွဲဲခြားပဲဆက်ဆံသူပါ။
Sinonက မြန်မာပြည်ကိုချစ်သလိုမြန်မာအစားအသောက်တွေကိုကြိုက်နှစ်သက်သူဖြစ်ပါတယ်။မရှိဆင်းရဲသားတွေလမ်းပေါ်ကလူတွေကို တတ်နိုင်သလောက်အမြဲလှူဒ္ဒါန်းနေတာပါ။အခုဆို မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကအများအပြားပျံ့ပွားနေတဲ့အပြင်ကာကွယ်ရေးပစ္စည်းအောက်စီဂျင်စက်တွေပါ ရှားပါးနေတာကိုသိရတော့ သူရဲ့လုပ်ပေးမယ့်ဆန္ဒတစ်ခုကိုပြောပြလာခဲ့ပါတယ်။
“ကျတော်ချစ်သော မြန်မာပြည်သူပြည်သားတွေရေအခုမြန်မာမှာဖြစ်နေတဲ့ COVID -19 THIRD WAVEကြောင့် တော်တော်ဆိုးဆိုးဒုက္ခရောက်နေတယ်လို့ ကျတော်ကြားသိရပါတယ်ဒါကြောင့် ကျတော်နောက်အပတ်ထဲမှာ ကမ္ဘာတစ်၀န်းမှာရှိကြတဲ့ကျတော့် ပရိတ်သတ်တွေ ဆီက ကျတော် အလှူငွေ ကောက်ခံပါ့မယ်ရလာတဲ့ ပိုက်ဆံတွေကို မြန်မာ မှာ အောက်ဆီဂျင်လိုအပ်နေတဲ့သူေတွေကို လှူဒါန်းသွားမှာဖြစ်ပါတယ်အားတင်းထားပါအုံး မြန်မာ ပြည်ကြီးနဲ့ပြည်သူပြည်သားတွေရေခင်ဗျားတို့မှာ ကျတော်ရယ် ကမ္ဘာကြီးရယ် ကျန်ပါသေးတယ်ကျတော်တို့တူတူ အခက်အခဲမှန်သမျှကို ရင်ဆိုင်တိုက်ခိုက်ကြမယ်”လို့ Sinonရဲ့အားပေးစကားကိုမျှဝေလိုက်ရပါတယ်နော်။
Zawgyi
Credit