Cele News

ပရိသတ်အချစ်တော် မင်းသမီးလေးမေတိုးခိုင်ရဲ့ ဘဝအကြောင်း

ပရိသတ်အချစ်တော်မင်းသမီးလေးမေတိုးခိုင်ရဲ့ဘဝအကြောင်း

သရုပ်ဆောင်မေတိုးခိုင်ကတော့မေလ၇ရက်နေ့၁၉၉၅ခုနှစ်မှာဖေဖေဦးတိုးခိုင်နဲ့မေမေဒေါ်အိကျော်ဇင်တို့မှရန်ကုန်ဆေးရုံကြီးမှာမွေးဖွားခဲ့ပါတယ်၊မွေးချင်းညီအစ်မ၃ယောက်ရှိတဲ့အနက်မှာမေတိုးခိုင်ကအကြီးဆုံးသမီးပဲဖြစ်ပါတယ်၊အခုဆိုရင်မေတိုးခိုင်ရရဲ့အသက်က၂၆နှစ်ရှိနေပြီပဲဖြစ်ပါတယ်။

သူမကအကယ်ဒမီများရှင်မင်းသမီးကြီးဖြစ်တဲ့အိန္ဒြာကျော်ဇင်ခေါ် အူဝဲရဲ့တူမအရင်းလည်းဖြစ်ပါတယ်၊သူမရဲ့အန်တီနဲ့တူတဲ့အရည်အချင်းတွေကြောင့်သူမရဲ့သရုပ်ဆောင်အရည်အချင်းပိုင်းကတော့ပြောစရာကိုမလိုဘူးနော်၊အဒေါ်ဖြစ်သူရဲ့ရိုက်ကူးရေးတွေနောက်ကိုငယ်ငယ်ကလိုက်လည်လေ့ရှိတာကြောင့်အနုပညာနဲ့အကင်းသက်သက်ကြီးရှိနေတဲ့သူမဟုတ်ပါဘူး။

နိုင်ငံကျော်အဆိုတော်ဟေမာန်နေဝင်းကသူမရဲ့အဖွားလေးတော်စပ်ပြီးသရုပ်ဆောင်ရာဇာနေဝင်းကတော့သူမရဲ့အဖိုးလေးတော်စပ်ပါတယ်၊အိန္ဒြာကျော်ဇင်ရဲ့ခင်ပွန်းဖြစ်သူသရုပ်ဆောင်ပြေတီဦးနဲ့ဆိုရင်တဲ့ဦးလေးတော်စပ်ပါသေးတယ်။မေလမှာမွေးဖွားခဲ့လို့နာမည်ရဲ့အစမှာမေဆိုပြီးတော့ထည့်မှည့်ထားပါတယ်။

မေတိုးခိုင်ကတော့သရုပ်ဆောင်မှုပိုင်းမှာတင်မကပဲမော်ဒယ်၊ကြော်ငြာ၊သီချင်းတွေမှာပါလက်ခံရိုက်ကူးရတဲ့မင်းသမင်းလဲဖြစ်ပါတယ်၊သူမကနိုင်ငံခြားမှာဖက်ရှက်ဘာသာရပ်ကိုသင်ယူနေတာပဲဖြစ်ပါတယ်၊သူမက၂၀၁၈ခုနှစ်မှာအကယ်ဒမီရွှေကြိုအဖြစ်နဲ့ပါဝင်ခွင့်ရခဲ့သူပါ၊၂၀၁၉ခုနှစ်မှာပြသခဲ့တဲ့ရူးအောင်ချစ်မယ့်လူရုပ်ရှင်ဇာတ်ကားကြီးမှာလဲသရုပ်ဆောင်နေတိုးတီတီအူဝဲတို့နဲ့လဲပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

၂၀၁၈ခုနှစ်မှာလဲသရုပ်ဆောင်နော်ဖောအယ်ထားနဲ့အတူဒဏ္ဍရီမြန်မာပုဂံသို့ဆိုတဲ့ခရီးသွားအစီအစဥ်မှာပါဝင်ရိုက်ကူးထားပြီးတော့ကလေးအသားခါးသည်ပညာပေးဇာတ်လမ်းတိုမှာလဲသတင်းထောက်နေရာကနေပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Credit