နွေဦးတော်လှန်ရေးမှာမပါဝင်လို့အပြင်းအထန်ဝေဖန်ခံရပေမယ့်လုံးဝဂရုမစိုက်ဘဲခရီးတွေသွားပြီးချေပြနေတဲ့ယဥ်လတ်
အက်ရှင်မင်းသမီးတလက်ဖြစ်တဲ့သရုပ်ဆောင်ယဥ်လတ်ကတော့မြဝတီကထုတ်လွှင့်တဲ့တပ်မတော်ဂုဏ်ယူဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီးလူသိများလာတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒါအပြင်ယဥ်လတ်ကတော့လတ်တလောဖြစ်ပေါ်နေတဲ့လူထုလှုပ်ရှားမှုတွေမှာလုံးဝပါဝင်ခဲ့ခြင်းမရှိဘဲရေလုံနှုတ်ပိတ်နေနေတာလည်းဖြစ်ပါတယ်။
ဒါကြောင့်ပရိသတ်တွေရဲ့ပြင်းထန်စွာဝေဖန်ခံရပေမယ့်ဂရုမစိုက်ဘဲအလှပုံတွေနဲ့tiktokဗီဒီယိုတွေကိုတင်နေတာလည်းဖြစ်ပါတယ်။ယခုလည်းယဥ်လတ်ကခရီးတွေထွက်ပြီးပျော်ရွှင်နေတဲ့သူတွေကိုမျှဝေလာတာဘဲဖြစ်ပါတယ်။
ရေငုပ်တဲ့အတွေ့ကြုံတွေကျောက်တောင်ပေါ်တွယ်တက်ခဲ့တာတွေသင်ယူရရှိခဲ့တဲ့ဗဟုသုတတွေဟာအဖိုးမဖြတ်နိုင်တဲ့ဘဝအတွေ့ကြုံတွေပါပဲခရီးစဉ်တစ်လျှောက်အခက်ခဲတွေအကောင်းအဆိုးတွေတစ်ဖွဲ့လုံးနဲ့အတူတူဖြတ်ကျော်ခဲ့တဲ့အမှတ်တရတွေဟာလည်းတစ်သက်လုံးသတိရစရာတွေဖြစ်နေမှာပါလို့သူ့ရဲ့ဆိုရှယ်မီဒီယာတွင်တင်ထားပါတယ်ပရိသတ်ကြီးရေ။
Zawgyi Version
Credit