Cele News

မွေးနေ့အတွက် အောက်စီဂျင်(3)ဗူးလှူဒ္ဒါန်းခဲ့တယ်ဆိုတဲ့ နေဆန်း

မွေးနေ့အတွက် အောက်စီဂျင်(3)ဗူးလှူဒ္ဒါန်းခဲ့တယ်ဆိုတဲ့ နေဆန်း

နေဆန်းဆိုတာကျော်ကြားတဲ့ Celeတစ်ယောက်ဖြစ်ပါတယ်။ခုကယောကျားတစ်ယောက်ဖြစ်ပေမယ့် မိန်းခလေးလိုဝတ်စားဆက်ယဥ်တဲ့နေရာမှာ လိုက်ဖက်လွန်းလို့ ပရိတ်သတ်တွေကသတိထားမိခဲ့ကြတာပါ။

သူကတော်လှန်ရေးကာလတွေမှာ ကြားနေဝါဒပုံစံနဲ့ငြိမ်နေခဲ့လို့ ပြည်သူတွေကသူ့အပေါ် အတော်လေး ပြစ်တင်ဝေဖန်ခဲ့ကြတာပါ။သူနဲ့တွဲလုပ်တဲ့ လုပ်ငန်းတွေကတောင် Boycott လုပ်ခံလိုက်ရတယ်အထိဖြစ်သွားပါတယ်။ဒါပေမဲ့ဟိုတလောက သူ့စာမျက်နှာမှာ သူ့ကိုဝေဖန်ကြတဲ့သူတွေအပေါ် “မြန်မာပြည်ကအလုပ်တွေ Boycott လုပ်လဲ ထိုင်းကသိန်း(100)ပေးတဲ့အလုပ်တွေလာအပ်ကြောင်း” ပြန်လည်ချေပပြောဆိုမှု့တွေရှိခဲ့ပါတယ်။

​ နေ ဆန်း ချေပပြောဆိုပြီးနောက်ရက်မှာ နားလည်မှု့မလွဲအောင်ပြန်လည်ရှင်းပြပေးထားပါတယ်။ခုသူ့လူမှု့စာမျက်နှာမှာ သူ့မွေးနေ့မရောက်ခင်အကြိုအလှူအဖြစ် ပြည်သူတွေအတွက် အောက်စီဂျင်(3)ဗူးလှူခဲ့ကြောင်း Postတင်ခဲ့ပါတယ်။ပရိတ်သတ်တွေအဲအလှူပိုစ်ကိုမြင်ပြီး သူ့အပေါ်နားလည်လားမလား/ပြန်အား​ပေးလာမလား ဆိုတာကတော့ မသိပါဘူးနော်။ဖတ်ရှု့ပေးလို့ကျေးဇူးပါ။

Zawgyi




Credit