Cele News

လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကပ်ဆိုးကြီးနဲ့ပတ်သတ်ပြီး အားပေးစကားပြောရင်း အားတင်းပြီး အနိုင်တိုက်ဖို့ပြောလာတဲ့ ထားထက်ထက်

လက်ရှိဖြစ်ပေါ်နေတဲ့ကိုဗစ်ရောဂါကပ်ဆိုးကြီးနဲ့ပတ်သတ်ပြီး အားပေးစကားပြောရင်းအားတင်းပြီးအနိုင်တိုက်ဖို့ပြောလာတဲ့ထားထက်ထက်

ထားထက်ထက်ကတော့တော်လှန်ရေးစတင်ကတည်းကလူထုလှုပ်ရှားမှုတွေမှာလဲပြည်သူတွေနဲ့အတူပါဝင်ပြီးအားတက်သရောပါဝင်ခဲ့ပါတယ်၊ယခုဆိုရင်တော့ထားထက်ထက်ကတော့လွှတ်မြောက်နယ်မြေတစ်ခုမှာစစ်ပညာသင်းကြားဖို့ရောက်ရှိနေခဲ့ပါတယ်၊သူမရောက်ရှိပြီးတဲ့နောက်မှာလဲသူမတတ်နိုင်တဲ့ဘက်ကနေစစ်ဘေးရှောင်ပြည်သူတွေအတွက်သူမကိုယ်တိုင်အလှူခံကာလှူဒါန်းပေးနေတာပဲဖြစ်ပါတယ်။

အလှူငွေကိစ္စနဲ့ပတ်သတ်ပြီးတော့လဲထားထက်ထက်ကပြတ်ပြတ်သားသားပြောဆိုရေးသားထားတာလဲတွေ့ရပါတယ်၊ယခုတစ်ခါမှာလဲလက်ရှိဖြစ်ပေါ်နေတဲ့ကိုဗစ်ကပ်ဆိုးရောဂါကြီးနဲ့ပတ်သတ်ပြီးတော့လဲသူမရဲ့ခံစားချက်တွေကိုပြောပြရင်းအားတင်းထားကြဖို့အနိုင်တိုက်ဖို့ကိုလဲရေးသားဖော်ပြလာပါတယ်။

ထားထက်ထက်ကတစ်နိုင်ငံလုံးအသက်ရှူကြပ်နေကြပေမယ့်အားတင်းထားကြပါ၊အဖေ့အတွက်အမေ့အတွက်ဘယ်သူ့အတွက်အောက်ဆီဂျင်လိုလို့ပါဆိုတဲ့စာလေးတွေကသိပ်မကြာခင်မှာပဲ၊မလိုတော့ပါဘူးဆုံးသွားပါပြီဆိုတာတွေမြင်ရတာတကယ်ခံစားရတယ်၊စိတ်မကောင်းဖြစ်ရတယ်၊

ဆက်စပ်ဖြန့်တွေးမိရင်စိတ်နာစရာဒေါသဖြစ်စရာတွေအပြည့်ပဲ၊အားလုံးကပင်ပန်းနေကြတဲ့အချိန်ရေနစ်နေသူတွေကိုဝါးနဲ့ကူထိုးပြီးနှစ်နေသလိုမွန်းကြပ်နေကြရတယ်၊CDMသမားတွေလဲပင်ပန်းနေကြတယ်၊နေရာစုံကိုပံ့ပိုးကူညီနေရသူတွေလဲပင်ပန်းနေကြတယ်၊အလှူကူပေးကြတဲ့ပြည်တွင်းပြည်ပကသူတွေလဲပင်ပန်းနေကြတယ်၊

အချင်းချင်းစိုးရိမ်ပူပန်ပြီးစိတ်ပူနေရတာဟာလဲပင်ပန်းရခြင်းတမျိုးပါပဲ၊ကိုယ်နဲ့နီးစပ်သူတွေရင်နီးသူတွေလဲကိုဗစ်ရောဂါခံစားနေရပြီး ဆုံးရှုံးရတာတွေကိုမြင်ရတာလဲတကယ်စိတ်မကောင်းဖြစ်ရပါတယ်၊သေနတ်အစစ်နဲ့ပစ်နေတာကိုသေမယ်မှန်းသိလျက်နဲ့မတရားမှုကိုမခံနိုင်လို့ကျည်မကာတဲ့ဒိုင်းနဲ့တော်လှန်တွန်းလှန်နေကြသူတွေကအခုလိုဆိုးရွားတဲ့ကိုဗစ်ကိုလဲအချင်းချင်းဖေးမကူညီရင်းနိုင်အောင်တိုက်ခိုက်တွန်းလှန်နိုင်မယ်ဆိုတာယုံကြည်ပါတယ်၊

စိတ်ကိုတော့ဘယ်တော့မှမလျှော့လိုက်ပါနဲ့၊အရှုံးမပေးလိုက်ပါနဲ့၊နယ်ပယ်ပေါင်းစုံမှာကျွန်မတို့အားလုံးလျှောက်နေကြတဲ့ခရီးလမ်းကကြမ်းတမ်းပေမယ့်ပန်းတိုင်ရောက်တဲ့အထိအရာရာကိုအားတင်းတွန်းလှန်ပြီးကျော်ဖြတ်ကြဖို့အတွက်ကျွန်မတို့တွေအားလုံးအတူတူရှိနေတယ်ဆိုတဲ့စိတ်ကိုမွေးပါ။သင်တစ်ယောက်ထဲမဟုတ်ပါဘူး၊အားတင်းထားကြပါ၊ဘယ်တော့အလျှော့မပေးလိုက်ပါနဲ့၊ကျွန်မတို့တွေကျော်ဖြတ်နိုင်ပါတယ်၊ကျွန်မတို့ပြန်ဆုံကြရဦးမယ်လေဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်ထက်မှာရေးသားထားတာကိုပရိတ်သတ်ကြီးအတွက်ပြမ့လည်ဖော်ပြရင်းဒီသတင်းကိုတင်ဆက်ပေးလိုက်ပါတယ်။

Credit