အောက်စီဂျင်မရှိတော့လို့နှလုံးရပ်ပြီးသေဆုံးခဲ့ရတဲ့ချစ်သူလေးကြောင့်အောက်စီဂျင်ဆိုတဲ့စကားလုံးကိုမကြားချင်တော့ဘူးဆိုတဲ့ညီထွဋ်ခေါင်
လတ်တလောဖြစ်ပေါ်နေတဲ့ကူးစက်မြန်ကိုဗစ်ရောဂါတွေကြောင့်မြန်မာနိုင်ငံအနှံ့အပြားမှာအောက်စီဂျင်မလုံလောက်မှုတွေကြောင့် လူပေါင်းများစွာအသက်ဆုံးရှုံးနေရတာလည်းဖြစ်ပါတယ်။စိတ်မကောင်းစရာ သရုပ်ဆောင်ညီထွဠ်ခေါင်ရဲ့ချစ်သူကောင်မလေးကလည်းကိုဗစ်ရောဂါဖြစ်ကာအောက်စီဂျင်ပြတ်လပ်ပြီးသေဆုံးခဲ့တာလည်းဖြစ်ပါတယ်။
ညီထွဋ်ခေါင်ရဲ့ကောင်မလေးကတော့အနုပညာလောကကမဟုတ်ပေမယ့်လူချစ်လူခင်ပေါများကာညီထွဋ်ခေါင်ရဲ့သူငယ်ချင်းတွေနဲ့ခင်မင်ရင်းနှီးကာကူညီစောင့်ရှောက်ပေးနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ချစ်သူကောင်မလေးကွယ်လွန်သွားတဲ့အတွက် ညီထွဋ်ခေါင်တစ်ယောက်ဖြေမဆည်နိုင်အောင်ဝမ်းနည်းနေပြီး သူ့ရဲ့ ခံစားချက်တွေကိုလည်းလူမှုကွန်ယက်ကနေတစ်ဆင့် ရင်ဖွင့်ရေးသားနေတာ ဖြစ်ပါတယ်။
ညီထွဋ်ခေါင်ကလည်းအောက်ဆီဂျင်ဆိုတဲ့အသံကြားတိုင်းရင်ထဲမှာတစ်ဆို့ဆို့ကြီးဖြစ်လာပြီးမွန်းကြပ်လာတယ်မေရယ်ဆိုပြီးရင်နင့်ဖွယ်ကောင်းလောက်အောင်ရေးသားထားတာဖြစ်ပါတယ်။ကိုယ်ချစ်ရသူနဲ့သေကွဲကွဲရတဲ့အဖြစ်ဟာအတော်လေးကို ဝမ်းနည်းနာကျင်စရာလွန်းလှပါတယ်။
Zawgyi Version
Credit