Cele News

LOST သီချင်း (2)ရက်စာရောင်းရငွေ(10)သိန်းကို ပြည်သူတွေအတွက်လှူဒါန်းလိုက်တဲ့ ထက်ယံ

LOST သီချင်း (2)ရက်စာရောင်းရငွေ(10)သိန်းကို ပြည်သူတွေအတွက်လှူဒါန်းလိုက်တဲ့ ထက်ယံ

ထက်ယံဆိုတာနဲ့ သိကြမှာပါနော်။သူ့များနဲ့မတူတဲ့အသံရှင်ပေါ့။သူ့အသံရော သူ့သီချင်းတွေရောက ဆွဲဆောင်မှု့ကောင်းလွန်းလို့ မိန်းခလေးတွေသာမက ကျားပရိတ်သတ်တွေရဲ့အားပေးမှု့ကိုပါရရှိထားတဲ့သူတစ်ယောက်ပါ။

သူ့ရဲ့သီချင်းပေါင်းဆက်မှု့တွေကလဲ အသစ်အဆန်းတစ်ခုလို ပရိတ်သတ်တွေကို ညို့ယူနိုင်စွမ်းရှိတယ်လို့ဆိုရပါမယ်။အခုဆိုသူက ပရိတ်သတ်တွေရဲ့အချစ်ကို အခိုင်အမာရရှိထားလဲဖြစ်ပါတယ်။သူ့သီချင်းတော်တော်များများက သူကိုယ်တိုင်ခံစားပြီးရေးဆက်ထားတာတွေဖြစ်ပါတယ်။အ့မို့လဲ လူတိုင်းရဲ့ရင်ကိုထိမိစေတာဖြစ်မှာပါနော်။

ခုသူ့ရဲ့ LOST သီချင်း (2)ရက်တာရောင်းရငွေ(10)သိန်း ကိုပြည်သူတွေအတွက် လူမှူ့ကူညီရေးအသင်းတစ်ခုမှာ လှူဒါန်းခဲ့တာပါနော်။သူ့အလှူအတွက် သူကိုယ်တိုင်လဲ ပီတိဖြစ်ရပါတယ်လို့လဲပြောထားပါတယ်။နောက်တော့ သူချစ်ရတဲ့ပရိတ်သတ်တွေကိုလဲ “အားပေးရကျိုး နပ်ရဲ့လားဗျ”ဆိုပြီးလဲ မေးထားပါသေးတယ်။ပရိတ်သတ်ကြီးလဲဖြေပေးသွားပါဦးနော်။

Zawgyi

 




Credit