Cele News
တမိသားစုလုံး ကိုဗစ်ကူးစက်ခံရတာကြောင့် အဆုတ်မကောင်းတဲ့ဖခင်ကို ပိုစိတ်ပူတယ်ဆိုတဲ့ သရုပ်ဆောင်လမင်းကဗျာ
တမိသားစုလုံးကိုဗစ်ကူးစက်ခံရတာကြောင့်အဆုတ်မကောင်းတဲ့ဖခင်ကိုပိုစိတ်ပူတယ်ဆိုတဲ့သရုပ်ဆောင်လမင်းကဗျာ
ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့လမင်းကဗျာကတော့ဗီဒိယိုဇာတ်ကားပေါင်းများစွာပါဝင်ရိုတ်ကူးခဲ့ပြီးအောင်မြင်ခဲ့တဲ့ဇာတ်ပို့တစ်ယောက်လည်းဖြစ်ပါတယ်။လမင်းကဗျာကတော့အနုပညာလုပ်ငန်းတွေအပြင်ကိုယ်ပိုင်စီးပွားရေးတွေလုပ်ကိုင်နေသူတစ်ယောက်ပါ။
လတ်တလောဖြစ်ပေါ်နေတဲ့ကူးစက်မြန်ကိုဗစ်ရောဂါကြောင့်မြန်မာနိုင်ငံအနှံ့အပြားမှာအောက်စီဂျင်ပျက်လက်ပြီးသေဆုံးနေကြတာလည်းဖြစ်ပါတယ်။သရုပ်ဆောင်လမင်းကဗျာကလည်းသူမအပါအဝင်မိသားစုဝင်တွေကိုဗစ်ရောဂါကူးစက်ခံထားရလို့မိဘတွေအတွက်စိတ်ပူနေတဲ့အကြောင်းတွေပြောပြလာပါတယ်။မိသားစု(၄)ယောက်မှာသူမနဲ့မိခင်ဖြစ်သူအပါအဝင်(၃)ယောက်ကကူးစက်ခံထားရပြီးအသက်(၇၀)ကျော်ဖခင်ဖြစ်သူမှာကူးစက်မခံရသေးပေမယ့် TBရောဂါဖြစ်ဖူးလို့အဆုတ်မကောင်းတဲ့အတွက်စိတ်ပူနေတာဖြစ်ပါတယ်။
လက်ရှိမှာဖခင်ကြီးကိုကိုဗစ်ကူးစက်ခံထားရသူတွေနဲ့ ခွဲထားဖို့ စီစဉ်ပေမယ့်လည်းမိသားစုတွေနဲ့သာအတူနေချင်တဲ့ဖခင်ရဲ့စိတ်ဆန္ဒကြောင့်ခွဲထားလို့အဆင်မပြေတဲ့အကြောင်းတွေကိုလည်းလမင်းကဗျာကပြောပြထားပါသေးတယ်။မိသားစု၄ယောက်မှာ3ယောက်ဖြစ်သွားပီအသက် ၇၀ကျော်အဖေကိုဘယ်နားသွားထားရမလဲမသိဘူး Hotel နေမလားဆိုတော့လဲမနေဘူးတဲ့ဖေကြီးဖြစ်လို့မရဘူးသူက TBဖြစ်ဖူးတယ်အဆုတ်လုံးဝမကောင်းဘူးငါရူးချင်ပီဆိုပြီးလမင်းကဗျာကရေးသားပြောပြထားတာဖြစ်ပါတယ်။
Zawgyi Version
Credit