Cele News

ပြည်သူနဲ့တစ်သားတည်းရပ်တည်ခဲ့လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သရုပ်ဆောင်ခေးဆက်သွင် ကိုဗစ်ကူးစက်ခံရ

ပြည်သူနဲ့တစ်သားတည်းရပ်တည်ခဲ့လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့သရုပ်ဆောင်ခေးဆက်သွင် ကိုဗစ်ကူးစက်ခံရ

သရုပ်ဆောင်ခေးဆက်သွင်ကတော့ဗွီဒီယိုဇာတ်လမ်းတွဲတွေမှာသရုပ်ဆောင်ရင်းနဲ့ပရိတ်သတ်တွေရဲ့အားပေးမှုကိုအမှန်အကန်ရရှိထားတဲ့မင်းသမီးချောတစ်ယောက်ပဲဖြစ်ပါတယ်၊ခေးဆက်သွင်ကသရုပ်ဆောင်မှုပိုင်းတွေမှာလဲကျရာဇာတ်ကောင်တွေမှာသရုပ်ဆောင်နိုင်တာကြောင့်ပရိတ်သတ်တွေရဲ့အသိအမှတ်ပြုခြင်းကိုလဲခံခဲ့ရပါတယ်၊သူမကအလှူအတန်းတွေမှာပဲရက်ရက်ရောရောရှိတဲ့သူတစ်ယောက်လဲဖြစ်ပါသေးတယ်။

ခေးဆက်သွင်ကတော်လှန်ရေးကြီးမှာလဲအမှန်တရားဘက်ကပါဝင်ပြီးလမ်းပေါ်ထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့ပါတယ်၊လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ကိုဗစ်ရောဂါကပ်ဆိုးကြီးနဲ့ပတ်သတ်ပြီးတော့ကူးစက်ပျံ့ပွားမှုတွေကများပြားလက်ရှိပါတယ်၊အရေးပေါ်လိုအပ်နေတဲ့အောက်ဆီဂျင်များအတွက်လဲခက်ခက်ခဲခဲကြိုးစားနေကြရပါတယ်။

ယခုတစ်ခါမှာလဲသရုပ်ဆောင်ခေးဆက်သွင်နဲ့သူမရဲ့မိသာစုဝင်တွေကကိုဗစ်ရောဂါဝေဒနာခံစားနေရတဲ့အကြောင်းကိုသူမရဲ့လူမှုကွန်ယက်ထက်မှာရေးသားဖော်ပြလာပါတယ်၊ဒီလိုကိုဗစ်ရောဂါကပ်ဆိုးကြီးကနေအမြန်ဆုံးသက်သာပျောက်ကင်းပြီးအားလုံးကျန်းမာပျော်စွာနိုင်ပါစေလို့ဆုတောင်းပေးရင်းဒီသတင်းကိုတင်ဆက်ပေးလိုက်ပါတယ်။

Zawgyi Version




Credit